ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၅/၁၅ စာ. ၃
  • စိတ်ဝင်စားဖွယ်မှတ်တမ်းတစ်ခု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ဝင်စားဖွယ်မှတ်တမ်းတစ်ခု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • နောဧ၏မှတ်တမ်း—ကျွန်ုပ်တို့အတွက် အဓိပ္ပာယ်ရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • နောဧနဲ့ ရေလွှမ်းမိုးဘေးကြီးအကြောင်း—ဒဏ္ဍာရီသက်သက်ပဲလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • နောဧ၏ယုံကြည်ခြင်းသည် လောကကို ပြစ်တင်ရှုတ်ချ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • နောဧသင်္ဘော
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၅/၁၅ စာ. ၃

စိတ်ဝင်စားဖွယ်မှတ်တမ်းတစ်ခု

နယ်သစ်ရှာဖွေသူ ရစ်ချတ် အီး. ဘတ်သည် ၁၉၂၈ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ အန္တာတိတ်ဒေသသို့ ငါးကြိမ်တိုင် စူးစမ်းလေ့လာရေးခရီးထွက်ခဲ့သည်။ နေ့စဉ်မှတ်တမ်းရေးပြီး တိကျသော သင်္ဘောသုံးမှတ်တမ်းစာအုပ်များ ပြုစုခြင်းဖြင့် သူနှင့် သူ၏အဖွဲ့သားများသည် လေစီးကြောင်းကို သတ်မှတ်ဆုံးဖြတ်နိုင်၏၊ မြေပုံများရေးဆွဲနိုင်၏၊ အန္တာတိကတိုက်အကြောင်း သတင်းအချက်အလက်များစွာ စုဆောင်းနိုင်ခဲ့ကြ၏။

ဘတ်၏စူးစမ်းလေ့လာမှုများက မှတ်တမ်းရေးခြင်း၏တန်ဖိုးကို သိနားလည်စေသည်။ ထိုမှတ်တမ်းမျိုးတွင် ပင်လယ်ရေကြောင်း သို့မဟုတ် လေကြောင်း၏ အသေးစိတ်အချက်အလက်များပါဝင်သည်။ နောက်ပိုင်းတွင် ဤသတင်းအချက်အလက်ကို ပြန်လေ့လာသည့်အခါ ဖြစ်ပျက်ခဲ့သမျှကိုလည်းကောင်း၊ နောက်နောင်ပြုမည့် ခရီးစဉ်များအတွက် အသုံးဝင်သည့်အချက်များကိုလည်းကောင်း သိရှိနိုင်သည်။

သမ္မာကျမ်းစာတွင် နောဧခေတ်ရေလွှမ်းမိုးဘေးအကြောင်း စိတ်ဝင်စားဖွယ်မှတ်တမ်းပါရှိသည်။ ထိုကမ္ဘာချီရေလွှမ်းမိုးဘေးသည် တစ်နှစ်ကျော်ကျော် ကြာ၏။ ရေလွှမ်းမိုးဘေးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ နောဧ၊ သူ၏ဇနီး၊ သားသုံးယောက်နှင့် သူတို့၏ဇနီးများသည် ထုထည် ၁,၄၀၀,၀၀၀ ကုဗပေရှိ သင်္ဘောကြီးတစ်စီးကို အနှစ် ၅၀၊ ၆၀ ကြာတည်ဆောက်ခဲ့သည်။ ၎င်း၏ရည်ရွယ်ချက်ကား အဘယ်နည်း။ ရေလွှမ်းမိုးဘေးတွင် လူနှင့်တိရစ္ဆာန်တချို့ မပျက်စီးစေဖို့ဖြစ်သည်။—ကမ္ဘာဦး ၇:၁-၃။

တစ်နည်းအားဖြင့်ဆိုလျှင် ရေလွှမ်းမိုးချိန်မှစ၍ နောဧနှင့်သူ၏မိသားစု သင်္ဘောထဲမှထွက်ချိန်အထိ ဖြစ်ပျက်ခဲ့သမျှကို ပြုစုရေးမှတ်ထားသည့် နောဧ၏မှတ်တမ်းကို ကမ္ဘာဦးကျမ်းတွင်ဖတ်ရသည်။ ၎င်းတွင် ယနေ့ ကျွန်ုပ်တို့အတွက် အထူးအဓိပ္ပာယ်ရှိသည့် တစ်စုံတစ်ရာသောအကြောင်း ပါရှိသလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ