ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၁၁/၁ စာ. ၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်ကျိုးစွန့်ခြင်းနှင့် သစ္စာစောင့်သိခြင်း ပုံသက်သေတစ်ရပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဧလိရှဲဟာ မီးမြင်းရထားတွေကို မြင်တွေ့ခဲ့—သင်ကော မြင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • အဆုံးထိ ခံနိုင်ရည် ရှိခဲ့သူ
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • သက်ကြီးရွယ်အို ယုံကြည်သူချင်းများကို သင်တန်ဖိုးထားသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၁၁/၁ စာ. ၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ဧလိရှဲသည် ဧလိယ၏ဝိညာဉ် “နှစ်ဆသောအဖို့” ကိုအဘယ်ကြောင့် တောင်းခဲ့သနည်း။

ဣသရေလပြည်တွင် ပရောဖက်တစ်ပါးအဖြစ် ဧလိယ၏တာဝန် မပြီးဆုံးမီ ပို၍ငယ်ရွယ်သော ပရောဖက်ဧလိရှဲက “ကိုယ်တော်ဝိညာဉ်နှစ်ဆသောအဖို့ကို အကျွန်ုပ်အပေါ်မှာရှိပါစေသော” ဟုတောင်းခဲ့သည်။ (၄ ဓမ္မရာဇဝင် ၂:၉) ဝိညာဉ်ရေးအရပြောလျှင် ဧလိရှဲသည် သားဦးကိုပေးရသည့် နှစ်ဆသောအဖို့ကို တောင်းဆိုနေကြောင်း ထင်ရှား၏။ (တရားဟောရာ ၂၁:၁၇) ဤမှတ်တမ်းကို အကျဉ်းချုပ်သုံးသပ်ကြည့်ခြင်းဖြင့် ယင်းကို ပေါ်လွင်ထင်ရှားစေပြီး ဤအဖြစ်အပျက်မှ သင်ခန်းစာယူနိုင်သည်။

ယေဟောဝါညွှန်ကြားသည့်အတိုင်း ပရောဖက်ဧလိယက မိမိ၏အရိုက်အရာဆက်ခံမည့်သူအဖြစ် ဧလိရှဲကို ဘိသိက်ပေးခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၉:၁၉-၂၁) ဧလိရှဲသည် ဧလိယ၏နောက်လိုက်အဖြစ် ခြောက်နှစ်ခန့် တည်ကြည်စွာ အမှုထမ်းဆောင်ခဲ့ပြီး သေသည့်တိုင် ထိုသို့လုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချထား၏။ ဣသရေလလူမျိုး၏ ပရောဖက်အဖြစ် ဧလိယ၏နောက်ဆုံးနေ့ရက်အထိပင် ဧလိရှဲသည် သူ၏ဆရာနောက် လိုက်ခဲ့သည်။ ဧလိယက မိမိနောက်မလိုက်ရန် ဧလိရှဲကို တားခဲ့သော်လည်း ပိုမိုငယ်ရွယ်သူပရောဖက်က “ကိုယ်တော်နှင့်အကျွန်ုပ် မကွာရပါ” ဟုသုံးကြိမ်တိုင် ငြင်းဆိုခဲ့သည်။ (၄ ဓမ္မရာဇဝင် ၂:၂၊ ၄၊ ၆; ၃:၁၁) ပိုမိုအသက်ကြီးသူပရောဖက်ကို မိမိ၏ဝိညာဉ်ရေးဖခင်သဖွယ် ဧလိရှဲရှုမြင်ခဲ့၏။—၄ ဓမ္မရာဇဝင် ၂:၁၂။

သို့ရာတွင် ဧလိရှဲသည် ဧလိယ၏ တစ်ဦးတည်းသော ဝိညာဉ်ရေးသားမဟုတ်ချေ။ ဧလိယနှင့် ဧလိရှဲတို့သည် “ပရောဖက်အမျိုးသား” များအဖြစ် နာမည်ရထားသောအုပ်စုတစ်စုနှင့် ပေါင်းသင်းခဲ့ကြ၏။ (၄ ဓမ္မရာဇဝင် ၂:၃) အဆိုပါ “အမျိုးသား” များသည်လည်း သူတို့၏ဝိညာဉ်ရေးဖခင် ဧလိယနှင့် ရင်းနှီးမှုရှိခဲ့ကြကြောင်း ဓမ္မရာဇဝင်စတုတ္ထစောင်ပါ မှတ်တမ်းက ဖော်ပြသည်။ (၄ ဓမ္မရာဇဝင် ၂:၃၊ ၅၊ ၇၊ ၁၅-၁၇) သို့တိုင် ဘိသိက်ခံအရိုက်အရာဆက်ခံသူအဖြစ် ဧလိရှဲသည် ဧလိယ၏ဝိညာဉ်ရေးသားများတွင် သားဦးသဖွယ် အဦးအကျဆုံးသူဖြစ်၏။ ရှေးဣသရေလပြည်တွင် ပကတိသားဦးသည် ဖခင်၏အမွေ နှစ်ဆရရှိပြီး အခြားသားအငယ်များမှာမူ အမွေတစ်ဆသာရရှိကြသည်။ သို့ဖြစ်၍ ဧလိယ၏ဝိညာဉ်ရေးအမွေ နှစ်ဆသောအဖို့ကို ဧလိရှဲတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဧလိရှဲသည် ထိုအချိန်တွင် အဘယ်ကြောင့် ဤသို့တောင်းဆိုခဲ့သနည်း။ အကြောင်းမှာ ဧလိရှဲသည် ဣသရေလပရောဖက်တစ်ပါးအဖြစ် ဧလိယအရိုက်အရာကို ဆက်ခံရမည့် ကြီးလေးသောတာဝန်ကို ထမ်းဆောင်ရတော့မည်ဖြစ်သည်။ ဧလိရှဲသည် အဆိုပါထိတ်လန့်ဖွယ်အလုပ်နှင့် ဆက်နွှယ်နေသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် မိမိ၏စွမ်းပကားထက်မကသော ယေဟောဝါသာ ပေးနိုင်သည့်ဝိညာဉ်ခွန်အား ရှိဖို့လိုအပ်ကြောင်း သဘောပေါက်ခဲ့သည်။ သူသည် ဧလိယကဲ့သို့ ရဲစွမ်းသတ္တိရှိဖို့လိုသည်။ (၄ ဓမ္မရာဇဝင် ၁:၃၊ ၄၊ ၁၅၊ ၁၆) ထို့ကြောင့် သူသည် ဧလိယဝိညာဉ်၏ နှစ်ဆသောအဖို့ကို တောင်းခဲ့ခြင်းဖြစ်သည်၊ ယင်းတို့မှာ ဘုရားသခင်၏ဝိညာဉ်တော် ဖြစ်ပေါ်စေသော နှစ်သက်ဖွယ်အရည်အသွေးများဖြစ်သည့် ရဲစွမ်းသတ္တိနှင့် ‘ထာဝရဘုရားသခင်ဘက်၌ စိတ်အားကြီး’ ခြင်းတို့ဖြစ်၏။ (၃ ဓမ္မရာဇဝင် ၁၉:၁၀၊ ၁၄) ဧလိယသည် မည်သို့တုံ့ပြန်ခဲ့သနည်း။

ဧလိရှဲသည် ဧလိယပေးနိုင်ရာကိုမဟုတ်ဘဲ ဘုရားသခင်ပေးနိုင်ရာကို တောင်းဆိုခဲ့ကြောင်း ဧလိယသိခဲ့သည်။ သို့ဖြစ်၍ ဧလိယက “သင်သည် ရခဲသောဆုကိုတောင်း၏။ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည်” ဟုကျိုးနွံစွာပြောခဲ့၏။ (၄ ဓမ္မရာဇဝင် ၂:၁၀) လေပွေဖြင့် ဧလိယတက်သွားသည်ကို ဧလိရှဲအား ယေဟောဝါ အမှန်ပင်မြင်တွေ့ ခွင့်ပြုခဲ့၏။ (၄ ဓမ္မရာဇဝင် ၂:၁၁၊ ၁၂) ဧလိရှဲတောင်းဆိုသည့်အတိုင်း ရခဲ့သည်။ သူ၏တာဝန်အသစ်ကို လက်ခံယူနိုင်ရန်နှင့် တွေ့ ကြုံရတော့မည့် စုံစမ်းခြင်းများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဧလိရှဲလိုအပ်သည့်ဝိညာဉ်ကို ယေဟောဝါပေးသနားခဲ့သည်။

ယနေ့ ဝိညာဉ်တော်ဖွားခရစ်ယာန်များ (တစ်ခါတစ်ရံ ဧလိရှဲအတန်းအစားဟုလည်းခေါ်) နှင့်ဘုရားသခင်၏ကျေးကျွန်အများစုသည် ဤကျမ်းစာမှတ်တမ်းမှ များစွာအားယူနိုင်ပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် တာဝန်သစ်တစ်ခု ပေးအပ်ခံရသည့်အခါ ဝန်ပိပြီး အရည်အချင်းမရှိဟု ခံစားရပေမည်၊ သို့မဟုတ် အမှုဆောင်ရပ်ကွက်တွင် စိတ်ဝင်စားမှုမရှိခြင်း၊ အတိုက်အခံရင်ဆိုင်ရခြင်းကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်ရန် ရဲစွမ်းသတ္တိပျောက်သွားပေမည်။ သို့တိုင် ယေဟောဝါ၏အကူအညီကို ကျွန်ုပ်တို့အသနားခံ တောင်းဆိုမည်ဆိုလျှင် စိန်ခေါ်ချက်များနှင့် ပြောင်းလဲလာသောအခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်သည်နှင့်အမျှ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းတော်ဝိညာဉ်တော် ပေးသနားပါလိမ့်မည်။ (လုကာ ၁၁:၁၃; ၂ ကောရိန္သု ၄:၇; ဖိလိပ္ပိ ၄:၁၃) ယေဟောဝါသည် သာ၍ကြီးလေးသောတာဝန်များကို ဧလိရှဲထမ်းဆောင်နိုင်ရန် ခွန်အားပေးသကဲ့သို့ ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် လူကြီးလူငယ်မရွေး ကျွန်ုပ်တို့အားလုံးကို ကိုယ်တော်ထောက်ပံ့ကူညီပေးပါလိမ့်မည်။—၂ တိမောသေ ၄:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ