ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၁၂/၁ စာ. ၃
  • သူတို့ချာ့ချ်သွားရသည့် အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့ချာ့ချ်သွားရသည့် အကြောင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုရီးယားနိုင်ငံ၏ ထူးခြားသောအပြောင်းအလဲများကြားတွင် အသက်ရှင်ခြင်း
    နိုးလော့!—၂၀၀၈
  • ကိုရီးယားတွင် တိုးပွားမှုမြင်တွေ့ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သောကရောက်နေသော လက်တင်အမေရိကန်ချာ့ချ်—သန်းပေါင်းများစွာ အဘယ်ကြောင့်စွန့်ခွာနေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ချာ့ချ်များ မည်သို့ဖြစ်သွားပြီနည်း
    နိုးလော့!—၂၀၀၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၁၂/၁ စာ. ၃

သူတို့ချာ့ချ်သွားရသည့် အကြောင်း

“ယခုအခါ ကိုရီးယားသမ္မတနိုင်ငံရှိ ပရက်စ်ဘီတေးရီးယန်းဘာသာဝင်များသည် အမေရိကန်နိုင်ငံရှိဘာသာဝင်များထက် လေးဆနီးပါး ပိုများနေပြီ။” နယူးစ်ဝိခ်မဂ္ဂဇင်းမှ အဆိုပါဖော်ပြချက်သည် စာရှုသူများစွာကို အံ့အားသင့်စေပေမည်၊ အကြောင်းမှာ လူအများစုက ကိုရီးယားနိုင်ငံကို ကွန်ဖြူးရှပ် သို့မဟုတ် . . . ကြီးစိုးသောနိုင်ငံတစ်ခုအဖြစ် ယူမှတ်ထားကြ၏။ ယနေ့ ထိုနိုင်ငံသို့သွားရောက်လည်ပတ်သူတစ်ဦးသည် ထွန်းထားသော အနီရောင်နီယွန်မီး . . . များဖြင့် မှတ်သားဖော်ပြလေ့ရှိသော “ခရစ်ယာန်” ချာ့ချ် အတော်များများကို တွေ့ရပါလိမ့်မည်။ တနင်္ဂနွေနေ့တွင် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ကျမ်းစာအုပ်များကိုင်ပြီး ချာ့ချ်သွားနေကြသည်ကို မြင်တွေ့ရစမြဲဖြစ်သည်။ ၁၉၉၈ ခုနှစ် စာရင်းကောက်ယူချက်တစ်ခုအရ ကက်သလစ် သို့မဟုတ် ပရိုတက်စတင့်ချာ့ချ်သို့သွားသူ ကိုရီးယားလူမျိုး ၃၀ ရာခိုင်နှုန်းနီးပါးသည် . . . များထက် ပို၍များသည်။

ယခုအချိန်တွင်၊ မည်သည့်နေရာတွင်မဆို ချာ့ချ်မှန်မှန်သွားသူဦးရေ ဤမျှရာနှုန်းများသည်ကို တွေ့မြင်ရခြင်းသည် တစ်မူထူးခြား၏။ ကိုရီးယားနိုင်ငံ၌သာ ဤသို့ဖြစ်သည်မဟုတ်ဘဲ အခြားသောအာရှနိုင်ငံများအပြင် အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများ၌လည်း ထိုသို့ဖြစ်ပျက်နေပါသည်။ ဘာသာရေးကို လျစ်လျူရှုမှုနှင့် စိတ်မဝင်စားမှု ကမ္ဘာချီပျံ့နှံ့နေပုံရှိချိန်တွင် ဘုရားသခင်ကို ယုံကြည်ပါသည်ဟုဆိုသူ အဘယ်ကြောင့်ဤမျှများနေဆဲဖြစ်သနည်း။ သူတို့ ချာ့ချ်ကို အဘယ်ကြောင့် သွားကြသနည်း။

ကိုရီးယားနိုင်ငံတွင် ချာ့ချ်တက်သူ ထက်ဝက်ကျော်မှာ စိတ်ငြိမ်သက်မှုရရန်; သုံးပုံတစ်ပုံမှာ သေပြီးနောက် ထာဝစဉ်အသက်ရှင်ရန်နှင့် ၁၀ ပုံ ၁ ပုံမှာ ကျန်းမာရေး၊ စည်းစိမ်ဥစ္စာနှင့် အောင်မြင်မှုတို့ရရန် မျှော်လင့်ကြကြောင်း လူထုဆန္ဒကောက်ယူဆန်းစစ်ချက်တစ်ခုက ဖော်ပြသည်။

ကွန်မြူနစ်အတွေးအမြင်စနစ်ကို တဖြည်းဖြည်းအစားထိုး နေရာယူခဲ့သော အရင်းရှင်စနစ်နှင့်ဆိုင်သည့် ရည်မှန်းချက်များကြောင့်ပေါ်လာသော ဝိညာဉ်ရေးဟာကွက်ကို ဖြည့်စွက်နိုင်မည်မျှော်လင့်ချက်ဖြင့် တရုတ်နိုင်ငံသားများစွာတို့သည် ချာ့ချ်သို့ စုပြုံသွားကြသည်။ တရုတ်နိုင်ငံတွင် ကျမ်းစာစောင်ရေ သန်းပေါင်းများစွာကို နှစ်စဉ်ပုံနှိပ်ထုတ်ဝေရသည်ဖြစ်ရာ လူတို့သည် . . . ကျမ်းစာကို ထက်သန်စွာ ဖတ်ရှုနေကြပုံရသည်။

ဘရာဇီးနိုင်ငံမှ ကက်သလစ်များ၊ အထူးသဖြင့် လူငယ်မျိုးဆက်သစ်များသည် နောင်ဘဝတွင် ပျော်ရွှင်မှုခံစားရမည်ဟူသောကတိနှင့် မကျေနပ်ကြချေ၊ ယခုပင် ထိုကတိကို ပြည့်စုံစေလိုကြသည်။ တူဒူသတင်းမဂ္ဂဇင်းက ဤသို့ဖော်ပြသည်– “၁၉၇၀ ပြည့်လွန်နှစ်များတွင် လွတ်မြောက်ရေးဘာသာဝါဒလှုပ်ရှားမှုသည် လူတို့၏စိတ်နှလုံးကို ထိမိစေခဲ့သည်ဆိုလျှင် ယခုအချိန်တွင်မူ ကြီးပွားချမ်းသာခြင်းဘာသာဝါဒဖြစ်၏။” ဗြိတိန်နိုင်ငံမှ ဆန်းစစ်လေ့လာချက်တစ်ခုက သူတို့တက်ရောက်သောချာ့ချ်ကို ကြိုက်နှစ်သက်ရသည့်အကြောင်းတစ်ခု ပြောပြပါဟု ချာ့ချ်တက်သူများအား မေးမြန်းခဲ့သည်။ အများစု၏အဖြေမှာ ပေါင်းသင်းဆက်ဆံခြင်းဖြစ်၏။

ယင်းတို့အားလုံးဖော်ပြသည်ကား ဘုရားသခင်ကိုယုံကြည်နေဆဲရှိသူ အတော်များများရှိသေးသော်လည်း အများစုမှာ အနာဂတ်ကို သို့မဟုတ် ဘုရားသခင်ကိုစိတ်ဝင်စားသည်ထက် လောလောဆယ် မိမိတို့ ရရှိနိုင်မည့်အရာကို ပို၍စိတ်ဝင်စားကြောင်းဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ရသော အကြောင်းမှန်ကား အဘယ်အရာဖြစ်မည်ဟု သင်ထင်သနည်း။ ထိုကိစ္စကို သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။ နောက်ဆောင်းပါးတွင် အဖြေတွေ့ရလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ