ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၁၂/၁၅ စာ. ၂၈
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • နာမ်ဝိညာဉ်ဘုံရှိ ကျွန်ုပ်တို့၏ အကောင်းဆုံးမိတ်ဆွေ
    နိုးလော့!—၁၉၉၇
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • နာမ်ဝိညာဉ်ဘုံက ပုန်ကန်မှု
    လူသေတွေရဲ့ဝိညာဉ်—ကောင်းကျိုးပြုနိုင်သလား၊ အန္တရာယ်ပေးနိုင်သလား။ တကယ်ကော တည်ရှိရဲ့လား။
  • ကောင်းကင်ဘုံမှ ပုဂ္ဂိုလ်တွေအကြောင်း စိတ်အာရုံများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၁၂/၁၅ စာ. ၂၈

စာရှုသူများထံမှမေးခွန်းလွှာ

ယေရှု၏စံပြဆုတောင်းချက်တွင် နတ်ဆိုးများကို မနှင်ချရသေးဘဲနှင့် ကောင်းကင်တွင် ဘုရားသခင်၏အလိုတော်ပြည့်စုံပြီဟု ကိုယ်တော်ဆိုလိုသလော။

မဿဲ ၆:၁၀ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ယေရှုက “အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော” ဟုတောင်းလျှောက်ခဲ့သည်။ ဤတောင်းလျှောက်ချက်ကို အဓိပ္ပာယ်နှစ်မျိုးဖြင့် နားလည်နိုင်ပါသည်။ ပထမအဓိပ္ပာယ်မှာ ဘုရားသခင်၏အလိုတော်သည် ကောင်းကင်တွင် ပြည့်စုံပြီးသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံရန် အသနားခံခြင်းဖြစ်သည်၊ ဒုတိယအဓိပ္ပာယ်မှာ ကောင်းကင်နှင့် မြေကြီးနှစ်ခုစလုံးတွင် အပြည့်အဝပြည့်စုံရန် တောင်းလျှောက်ခြင်းဖြစ်၏။ ‘ဘုရားသခင့်နိုင်ငံတော်တည်ထောင်ပါစေသော’ ဟူသည့် ယေရှုဦးစွာဆိုသော စကားများ၏နောက်ကွယ်ရှိ အဓိပ္ပာယ်က အထက်ဖော်ပြပါဒုတိယအဓိပ္ပာယ်သည် ကျမ်းစာနှင့် ပိုမိုကိုက်ညီမှုရှိကြောင်း ထင်ရှားသည်။ ထို့ပြင် ယေရှုကမ္ဘာပေါ်ရှိခဲ့စဉ်နှင့် ၎င်းနောက်ပိုင်း ရှည်လျားသောကာလတွင်ရှိ အခြေအနေကို ထင်ဟပ်ဖော်ပြသည်။ မည်သို့အားဖြင့်နည်း။

ကောင်းကင်တွင် ဘုရားသခင့်နိုင်ငံတော်တည်ထောင်ခြင်းကြောင့် ဖြစ်ပေါ်လာသော မတူညီသည့်ရလဒ်နှစ်ခုကို ဗျာ.ကျမ်းက ဖော်ပြ၏။ ပထမရလဒ်က ကောင်းကင်နှင့်သက်ဆိုင်ပြီး ဒုတိယရလဒ်သည် မြေကြီးနှင့်သက်ဆိုင်သည်။ ဗျာ. ၁၂:၇-၉၊ ၁၂ တွင်ဤသို့ဆိုသည်– “ကောင်းကင်၌စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့်သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ . . . စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း မြေကြီးသို့ ချလိုက်ကြ၏။ ထိုကြောင့် ကောင်းကင်နှင့်ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ [စာတန်]သည် မိမိကာလ တစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီ။”

၁၉၁၄ ခုနှစ်နောက်ပိုင်း စာတန်နှင့် နတ်ဆိုးများကို ကောင်းကင်မှ နှင်ချခြင်းဖြင့် ဝိညာဉ်သတ္တဝါပုန်ကန်သူရှိသမျှကို ဖယ်ရှင်းလိုက်ရာ ယေဟောဝါ၏ဝိညာဉ်သတ္တဝါအများစုကို ကိုယ်စားပြုသည့် တည်ကြည်သောကောင်းကင်သားများ ပျော်ရွှင်ကြည်နူးခဲ့ကြသည်။ (ယောဘ ၁:၆-၁၂; ၂:၁-၇; ဗျာ. ၁၂:၁၀) သို့ဖြစ်၍ ယေရှု၏စံပြဆုတောင်းချက်ပါ ကောင်းကင်နှင့်သက်ဆိုင်သော တောင်းလျှောက်ချက်သည် ပြီးပြည့်စုံခဲ့၏။ ကောင်းကင်ဘုံတွင် ကျန်ရစ်ခဲ့သူအားလုံးသည် ယေဟောဝါအား တည်ကြည်ကြပြီး ကိုယ်တော်၏ပိုင်သအုပ်စိုးမှုကို အကြွင်းမဲ့လက်အောက်ခံကြသည်။

ထိုအချိန်မတိုင်မီ နတ်ဆိုးများ ကောင်းကင်သို့ တက်ခွင့်ရခဲ့စဉ်အချိန်ကပင် သူတို့ကို ဘုရားသခင်၏မိသားစုမှ ဖယ်ကြဉ်ထားပြီး ကန့်သတ်ချုပ်ချယ်ထားသည်ကို အလေးပေးဖော်ပြရမည်။ ဥပမာ၊ စီ.အီး. ပထမရာစုတွင် နတ်ဆိုးများကို “ကြီးစွာနေ့၌ စစ်ကြောစီရင်ခြင်းအလို့ငှာ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထား” ပြီးဖြစ်ကြောင်း ယုဒ ၆ ကဖော်ပြသည်။ ထိုနည်းတူ၊ ၂ ပေတရု ၂:၄ ကဤသို့ဆို၏– “ပြစ်မှားသောကောင်းကင်တမန်တို့ကို ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲ [ယုတ်ညံ့သောအခြေအနေ၌ရှိခြင်း] ထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလို့ငှာ ချုပ်ထား၍ [ဝိညာဉ်ရေး] မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။”a

နတ်ဆိုးများသည် ကောင်းကင်၌ရှိစဉ် ဖယ်ကြဉ်ခံထားရသည့်အခြေအနေနှင့် လားလားကြီးဆန့်ကျင်လျက် မြေကြီးအပေါ်တွင် ကြီးစွာသောအခွင့်အာဏာရှိခဲ့ကြ၏။ မှန်ပါသည်၊ သမ္မာကျမ်းစာက စာတန်ကို “ဤလောကကိုအစိုးရသောမင်း” ဟူ၍၊ နတ်ဆိုးများကို ‘လောကမှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်းတို့’ ဟူ၍ ခေါ်ဆိုထားသည်။ (ယောဟန် ၁၂:၃၁; ဧဖက် ၆:၁၁၊ ၁၂; ၁ ယောဟန် ၅:၁၉) စာတန်သည် သူရရှိထားသောအခွင့်အာဏာကြောင့် ယေရှုတစ်ကြိမ်သာ ဝတ်ပြုဦးချမည်ဆိုလျှင် “ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း” ကိုယ်တော်အား ပေးမည်ဟု ကမ်းလှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ (မဿဲ ၄:၈၊ ၉) သို့ဖြင့် မြေကြီးနှင့်ပတ်သက်၍ ဘုရားသခင့်နိုင်ငံတော် “တည်ထောင်” သည့်အခါ အကြီးအကျယ်ပြောင်းလဲမှုများ ဖြစ်လာပါလိမ့်မည်။

ဤမြေကြီးပေါ်တွင် ဘုရားသခင့်နိုင်ငံတော် “တည်ထောင်” ခြင်းက ပြီးပြည့်စုံသည့် အစီအစဉ်စနစ်သစ် ဖြစ်ပေါ်စေပါလိမ့်မည်။ ဘုရားသခင့်နိုင်ငံတော်သည် လူဖန်တီးခဲ့သော အုပ်ချုပ်မှုမှန်သမျှကို ဖျက်ဆီးပစ်ပြီး ကမ္ဘာမြေ၏တစ်ခုတည်းသောအစိုးရ ဖြစ်လာလိမ့်မည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကိုကြောက်ရွံ့သည့် လက်အောက်ခံလူသားများသည် “မြေကြီးသစ်” ဖြစ်ပေလိမ့်မည်။ (၂ ပေတရု ၃:၁၃; ဒံယေလ ၂:၄၄၊ ၄၅) ဘုရားသခင့်နိုင်ငံတော်သည် နာခံမှုရှိသူတို့၏ အပြစ်ကိုပါ ဖယ်ရှားပေးပြီး နောက်ဆုံးတွင် ကမ္ဘာချီပရဒိသု ပြုလုပ်ပေးလိမ့်မည်၊ ထိုသို့အားဖြင့် စာတန့်အုပ်ချုပ်မှု အစအနတစ်ခုမကျန် ရှင်းပစ်လိမ့်မည်။—ရောမ ၈:၂၀၊ ၂၁; ဗျာ. ၁၉:၁၇-၂၁။

အနှစ်တစ်ထောင်ကုန်ဆုံးချိန်တွင် မေရှိယနိုင်ငံတော်သည် ဘုရားသခင်၏အလိုတော်ကို ပြီးမြောက်အောင်ဆောင်ရွက်ပြီးသည့်အခါ “ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ချထားတော်မူသောသူ၏ အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံဖြစ်တော်မူမည်အကြောင်းတည်း။” (၁ ကောရိန္သု ၁၅:၂၈) ထိုအခါ နောက်ဆုံးစမ်းသပ်မှုရှိလိမ့်မည်၊ ထိုနောက်မှ စာတန်နှင့်အတူ သူ၏နတ်ဆိုးများသာမက လမ်းလွဲနေသော မည်သည့်ပုန်ကန်သူ လူသားမဆိုသည် “ဒုတိယသေခြင်း” တွင်အပြီးသတ် ရှင်းပစ်ခံရလိမ့်မည်။ (ဗျာ. ၂၀:၇-၁၅) ၎င်းနောက် ကောင်းကင်နှင့် မြေကြီးပေါ်မှ အသိဉာဏ်ရှိသတ္တဝါအပေါင်းတို့သည် ယေဟောဝါ၏မေတ္တာပါ ပိုင်သအုပ်စိုးမှုအောက်တွင် ထာဝစဉ် အားရရွှင်လန်းစွာ လက်အောက်ခံနေထိုင်ကြလိမ့်မည်။ ကဏ္ဍရပ်တိုင်းတွင် ယေရှု၏စံပြဆုတောင်းချက်ပါ စကားများ လုံးလုံးလျားလျားပြည့်စုံလာလိမ့်မည်။—၁ ယောဟန် ၄:၈။

[အောက်ခြေမှတ်ချက်]

a တမန်တော်ပေတရုက အဆိုပါဝိညာဉ်ရေးအရ ဖယ်ကြဉ်ခံရသူအခြေအနေကို “ထောင်” ကျခြင်းကဲ့သို့ ဆက်စပ်ဖော်ပြခဲ့သည်။ သို့သော် နတ်ဆိုးများကို အနှစ်တစ်ထောင်အတွင်း ချုပ်နှောင်ထားမည့် နောင်အနာဂတ် “အနက်ဆုံးတွင်း” ကိုပေတရုဆိုလိုခဲ့ခြင်းမဟုတ်ချေ။—၁ ပေတရု ၃:၁၉၊ ၂၀; လုကာ ၈:၃၀၊ ၃၁; ဗျာ. ၂၀:၁-၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ