ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၃/၁ စာ. ၃၀
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသည် ငါပိုင်သောအဖို့၊ အမွေဥစ္စာဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • “ခြေကုန်လက်ပန်းကျနေသူကို ငါ လန်းဆန်းစေမယ်”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ဘယ်လိုမိတ်ဆွေတွေကို သင် ရွေးချယ်မလဲ
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၃/၁ စာ. ၃၀

စာရှုသူများထံမှ မေးခွန်းလွှာ

ရှေးဣသရေလနိုင်ငံတွင် လေဝိသားတို့သည် အမွေခံရာမြေ မရကြရကား ယေရမိ ၃၂:၇ တွင် တွေ့ရသည့်အတိုင်း လေဝိသား ဟာနမေလသည် လယ်ကွက်ကို သူ၏ဝမ်းကွဲဖြစ်သူ လေဝိသားယေရမိထံ မည်သို့ရောင်းနိုင်ပါမည်နည်း။

လေဝိသားတို့နှင့်စပ်လျဉ်း၍ အာရုန်အား ယေဟောဝါက “ဣသရေလအမျိုးသားတို့နေရာပြည်၌ သင့်အမွေခံရာမြေ၊ သူတို့နှင့်ရော၍ပိုင်သောအဖို့မရှိရ” ဟု မိန့်တော်မူခဲ့၏။ (တောလည်ရာ ၁၈:၂၀) သို့သော်ငြားလည်း၊ ကတိထားရာပြည် အနှံ့အပြားတွင်တည်ရှိသော မြို့ပေါင်း ၄၈ မြို့နှင့် မြို့၏စားကျက်များကိုပါ လေဝိသားများအား ပေးထားသည်။ ယေရမိ၏ဇာတိမြို့မှာ “ယဇ်ပုရောဟိတ်အာရုန်၏သားမြေးတို့အား” ပေးခဲ့သည့် မြို့တစ်မြို့ဖြစ်သော အာနသုတ်မြို့ဖြစ်သည်။—ယောရှု ၂၁:၁၃-၁၉; တောလည်ရာ ၃၅:၁-၈; ၁ ရာဇဝင်ချုပ် ၆:၅၄၊ ၆၀။

ဝတ်ပြုရာကျမ်း ၂၅:၃၂-၃၄ [သမ္မာ]တွင် လေဝိသားများပိုင်ဆိုင်ရာကို “ရွေးခွင့်” နှင့်စပ်လျဉ်းသည့် သီးသန့်ညွှန်ကြားချက်များကို ယေဟောဝါပေးထားကြောင်း ကျွန်ုပ်တို့တွေ့ရှိရသည်။ လေဝိမိသားစုတိုင်းတွင် ပိုင်ဆိုင်ခွင့်၊ အသုံးပြုခွင့်နှင့် ရောင်းချပိုင်ခွင့်တို့ရှိသည့် မြေကွက်များကို အမွေဆက်ခံပိုင်ခွင့်များရှိမည်။ ယင်းတို့ထဲတွင် မိမိပိုင်ဆိုင်ရာကို ရောင်းပိုင်ခွင့်နှင့် ရွေးပိုင်ခွင့်များ အလိုအလျောက်ပါရှိပေမည်။a လေဝိသားများ ပိုင်ဆိုင်ပုံနှင့် ပိုင်ဆိုင်ရာကိုအသုံးပြုပုံများသည် ဣသရေလအခြားအနွယ်များနှင့် ကဏ္ဍအတော်များများတွင် ဆင်တူပါသည်။

လေဝိသား၏ ဤသို့သောပစ္စည်းပိုင်ဆိုင်မှုကို မိသားစုအစဉ်အဆက် အမွေဆက်ခံခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့ရာတွင်၊ “ရွေးခွင့်” နှင့်ပတ်သက်သည့် အရောင်းအဝယ်ကိစ္စများကို လေဝိသားအချင်းချင်းတွင်သာ ခွင့်ပြုထားသည်။ ထို့ပြင် မြေကွက်ရောင်းချခြင်း၊ ပြန်ရွေးယူခြင်းတို့သည် မြို့တွင်းရှိ မြေကွက်နှင့်သာသက်ဆိုင်ပုံရ၏၊ အကြောင်းမှာ “[သူ]တို့မြို့ရှိ စားကျက်တွင်ရှိသော လယ်ယာများ” သည် “အမြဲပိုင်မြေဖြစ်” သောကြောင့် ရောင်းခွင့်မရှိပေ။—ဝတ်ပြုရာ ၂၅:၃၂၊ ၃၄၊ သမ္မာ။

ထို့ကြောင့် ဟာနမေလထံမှ ယေရမိဝယ်ယူခဲ့သည့် လယ်ကွက်မှာ ပြန်ရွေးပိုင်ခွင့်ပါသည့် မြေအမျိုးအစားဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းလယ်ကွက်သည် မြို့နယ်နမိတ်အတွင်းတွင် ရှိခဲ့မည်။ ယခုဆွေးနွေးနေသော ဟာနမေလပိုင် “လယ်” ကို ယေရမိ ‘ရွေးခွင့်’ ရှိကြောင်း ယေဟောဝါကိုယ်တော်တိုင် အတည်ပြုပေးတော်မူခဲ့သည်။ (ယေရမိ ၃၂:၆၊ ၇) ဣသရေလအမျိုးသားတို့သည် ဗာဗုလုန်နိုင်ငံတွင် အချိန်အတန်ကြာ ပြည်နှင်ခံရသည့်နောက်ပိုင်း မိမိတို့၏အမွေခံရာပြည်တော်ကို ပြန်လည်ရယူကြမည်ဟူသော မိမိ၏ကတိတော်ကိုခိုင်မြဲစေရန် ဤအရောင်းအဝယ်ကိစ္စကို ပုံဆောင်အားဖြင့် ယေဟောဝါအသုံးပြုခဲ့၏။—ယေရမိ ၃၂:၁၃-၁၅။

ဟာနမေလသည် အာနသုတ်မြို့ရှိပိုင်ဆိုင်ရာကို မလျော်မကန် ရယူခဲ့သည့် အထောက်အထားမရှိပေ။ အာနသုတ်မြို့ရှိလယ်ကွက်ကိုဝယ်ယူရန် ယေရမိအား ကမ်းလှမ်းရာတွင် ယေဟောဝါ၏ပညတ်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း သို့မဟုတ် ယေရမိသည် အဆိုပါလယ်ကွက်ကိုဝယ်ယူရန် မိမိ၏ရွေးခွင့်ကို မလျော်မကန် အသုံးချခဲ့ကြောင်း အဘယ်အရာကမျှ မဖော်ပြချေ။—ယေရမိ ၃၂:၈-၁၅။

[အောက်ခြေမှတ်ချက်]

a စီ.အီး. ပထမရာစုတွင် လေဝိလူ ဗာနဗသည် ယေရုရှလင်မြို့ရှိ လိုအပ်နေသူ ခရစ်တော်၏နောက်လိုက်များကို ကူညီပေးရန် သူပိုင်သည့်မြေကွက်ကိုရောင်းပြီး ရန်ပုံငွေအဖြစ် လှူဒါန်းခဲ့သည်။ သူပိုင်ဆိုင်သည့်မြေကွက်သည် ပါလက်စတိုင်း၊ သို့မဟုတ် ကုပရုကျွန်းတွင် ရှိခဲ့ရပေမည်။ သို့မဟုတ် ယင်းသည် ယေရုရှလင်ဒေသတွင် ဗာနဗဝယ်ယူထားသော သင်္ချိုင်းမြေသာ ဖြစ်နိုင်ပေသည်။—တမန်တော် ၄:၃၄-၃၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ