ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၆/၁၅ စာ. ၂၈
  • ‘သူ၏ဘာသာတရားကို လေးစားရန် သင်ပေးခဲ့’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘သူ၏ဘာသာတရားကို လေးစားရန် သင်ပေးခဲ့’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာပါ အကြံပြုချက်များကို သင် အားထားနိုင်သလော
    နိုးလော့!—၂၀၀၇
  • သူနာပြုများ၏ အရေးပါသောအခန်းကဏ္ဍ
    နိုးလော့!—၂၀၀၁
  • သူနာပြုများ—သူတို့ကို အဘယ်ကြောင့် ကျွန်ုပ်တို့လိုအပ်ရသနည်း
    နိုးလော့!—၂၀၀၁
  • “ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၆/၁၅ စာ. ၂၈

‘သူ၏ဘာသာတရားကို လေးစားရန် သင်ပေးခဲ့’

အီတလီနိုင်ငံ၊ ရိုဗီဂိုပြည်နယ်မှ ယေဟောဝါသက်သေတစ်ဦးသည် မိမိတွင် အကျိတ်တစ်လုံးရှိပြီး အခြေအနေစိုးရိမ်ရကြောင်း သိရှိခဲ့သည်။ သူသည် အတန်ကြာ ဆေးရုံတက်နေစဉ် သွေးမသွင်းဘဲ ကုသပေးပါရန် တောင်းဆိုခဲ့၏၊ အိမ်ပြန်ရောက်သည့်အခါ ဒေသန္တရကင်ဆာရောဂါ သူနာပြုဌာနမှ သူနာပြုများက သူ့ကိုကူညီပေးခဲ့ကြသည်။

၃၆ နှစ်အရွယ် ဤလူနာ၏ ခိုင်ခံ့သောယုံကြည်ခြင်းနှင့် တလိုတလားပူးပေါင်းဆောင်ရွက်လိုစိတ်ကို ဆေးဝန်ထမ်းများ အလွန်သဘောကျခဲ့ကြသည်။ အဲန်ဂျဲလာဟုခေါ်သော ဤလူနာသည် ကင်ဆာရောဂါဖြင့် မကွယ်လွန်မီ သူ့ကိုကူညီပေးခဲ့သော သူနာပြုတစ်ဦးက သူနာပြုမဂ္ဂဇင်းတစ်စောင်တွင် ဤသို့ရေးသားခဲ့၏။

“အဲန်ဂျဲလာသည် သွက်လက်ချက်ချာပြီး အသက်ရှင်လို၏။ သူ၏အခြေအနေသည် စိုးရိမ်စရာရှိကြောင်း သိရှိသောအခါ အခြားသူများကဲ့သို့ပင် သူသည် သက်သာရာသက်သာကြောင်း ဆေးဝါးတစ်မျိုးမျိုးကို လိုက်လံရှာဖွေခဲ့သည်။ . . . ကျွန်တော်တို့သူနာပြုများသည် သူ့ကို တဖြည်းဖြည်းသိကျွမ်းလာကြ၏။ ကျွန်တော်တို့၏ကူညီမှုကို သူမဆန့်ကျင်ခဲ့ပါ။ သို့ပြုမည့်အစား၊ အဲန်ဂျဲလာ၏ပွင့်လင်းမှုကြောင့် အစစအရာရာ လွယ်ကူစေခဲ့သည်။ စိတ်ရင်းမှန်သောသူနှင့် တွေ့ဆုံရပြီး အပြန်အလှန်အကျိုးပြုမည့်အချိန်ဖြစ်မည်ကို ကျွန်တော်တို့သိခဲ့သောကြောင့် သူ့ကို ပြုစုပေးခဲ့ရခြင်းသည် ပျော်ရွှင်စရာဖြစ်၏။ . . . သူ၏ဘာသာတရားသည် သူ့ရောဂါကို ကုသပေးဖို့ အတားအဆီးဖြစ်လာနိုင်ကြောင်း ကျွန်တော်တို့ ချက်ချင်းသဘောပေါက်ခဲ့ကြသည်။” ၎င်းသည် သူ၏ထင်မြင်ချက်ဖြစ်သည်၊ အကြောင်းမှာ အဲန်ဂျဲလာအား သွေးသွင်းပေးသင့်သည်ဟု သူယူဆခဲ့သော်လည်း အဲန်ဂျဲလာသည် သွေးသွင်းမခံခဲ့ပါ။—တမန်တော် ၁၅:၂၈၊ ၂၉။

“ကျန်းမာရေးပညာရှင်များအနေဖြင့် ကျွန်တော်တို့သည် အဲန်ဂျဲလာ၏ဆုံးဖြတ်ချက်ကို သဘောမတူနိုင်ကြောင်း ပြောပြခဲ့သည်၊ သို့သော် သူ၏အကူအညီဖြင့် အသက်ကို သူမည်မျှတန်ဖိုးထားကြောင်း သိရှိလာရသည်။ ထို့ပြင် သူ၏ဘာသာတရားသည် သူနှင့် သူ၏မိသားစုအတွက် အရေးပါကြောင်းကိုလည်း ကျွန်တော်တို့နားလည်လာ၏။ အဲန်ဂျဲလာသည် လက်မလျှော့ပါ။ ရောဂါကို အရှုံးမပေးပါ။ ခိုင်မာပြတ်သား၏။ အသက်ဆက်ရှင်လိုသဖြင့် ကြိုးစားတိုက်လှန်ခဲ့၏။ သူ၏သန္နိဋ္ဌာန်၊ သူ၏ယုံကြည်ချက်ကို လူအပေါင်းအား သိရှိစေခဲ့သည်။ များသောအားဖြင့် ကျွန်တော်တို့တွင်မရှိသည့်ဇွဲ သူ၌ရှိသည်၊ သူ၏ခိုင်မာသောယုံကြည်ခြင်းမျိုး ကျွန်တော်တို့တွင် မရှိပါ။ . . . အဲန်ဂျဲလာသည် ကျွန်တော်တို့၏ဆေးလောကနှင့် တခြားစီဖြစ်သည့် သူ၏ဘာသာတရားကို အရေးပေးရန် ကျွန်တော်တို့ကို သင်ပေးခဲ့သည်။ . . . လူအမျိုးမျိုး၊ အခြေအနေအမျိုးမျိုး၊ ဘာသာတရားအမျိုးမျိုးနှင့် ကျွန်တော်တို့ ကြုံတွေ့ဆက်ဆံရသည့်အတွက် အဲန်ဂျဲလာသင်ပေးခဲ့သောအရာသည် အလွန်အရေးကြီးသည်ဟု ကျွန်တော်တို့ ယုံကြည်ကြသည်၊ ကျွန်တော်တို့ တွေ့ဆုံဆက်ဆံရသူတိုင်းထံမှ သင်ယူစရာ၊ ပြန်ပေးစရာရှိ၏။”

၎င်းနောက် ၁၉၉၉ ခုနှစ်တွင် အတည်ပြုခဲ့သော အီတလီ သူနာပြုများနှင့်ဆိုင်သည့် အတတ်ပညာကျင့်ဝတ်ဥပဒေကို ဤမဂ္ဂဇင်းဆောင်းပါးက ဤသို့အာရုံစိုက်စေခဲ့သည်– “သူနာပြုသည် လူတစ်ဦးချင်းစီ၏ ဘာသာတရား၊ ကျင့်ဝတ်၊ ယဉ်ကျေးမှုစံနှုန်းများသာမက လူမျိုးနှင့်လိင်တို့ကိုပါ ထည့်တွက်စဉ်းစား၍ မိမိ၏တာဝန်ကို ထမ်းဆောင်ပေးရ၏။” တစ်ခါတစ်ရံ ဆရာဝန်များနှင့် သူနာပြုများသည် လူနာတစ်ဦး၏ဘာသာရေးခံယူချက်များကို လေးစားရန် အခက်တွေ့ပေမည်၊ ထိုသို့ပြုရန် တလိုတလားရှိသူများကို ကျေးဇူးတင်လေးစားနိုင်သည်။

ယေဟောဝါသက်သေများသည် မိမိတို့၏ကျန်းမာရေး၊ ဆေးကုသနည်းတို့ကို အသေအချာကြိုတင်စဉ်းစားဆင်ခြင်ပြီးသားဖြစ်သည်။ သူတို့သည် သမ္မာကျမ်းစာဆိုထားရာကို အလေးအနက်ဆင်ခြင်သုံးသပ်ကြသည်၊ အဲန်ဂျဲလာ၏အဖြစ်အပျက်က ဖော်ပြသည့်အတိုင်း သူတို့သည် တစ်ယူသန်သူများမဟုတ်ကြချေ။ (ဖိလိပ္ပိ ၄:၅) ကမ္ဘာတစ်ဝန်းတွင် သက်သေခံလူနာများ၏သိစိတ်ကို တလိုတလားလေးစားလာကြသူ ကျန်းမာရေးပညာရှင်များ၏ အရေအတွက် တိုးများလာပေပြီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ