ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၁၂/၁ စာ. ၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာဂဒလမာရိဆိုတာ ဘယ်သူလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • “သခင့်ကို ကျွန်မ တွေ့လိုက်တယ်”
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • သော့ခတ်ထားတဲ့အခန်းထဲကို ဝင်သွားတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေရှု ရှင်ပြန်ထမြောက်ပြီ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၁၂/၁ စာ. ၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ရှင်ပြန်ထမြောက်ခဲ့သော ယေရှုသည် သောမကို မိမိအား ထိကိုင်စေခဲ့သော်လည်း အစောပိုင်းတွင် မာဂဒလမာရိကို အဘယ်ကြောင့် မထိကိုင်စေခဲ့သနည်း။

ယေရှုသည် မာဂဒလမာရိကို မိမိအား မကိုင်နှင့်ဟု မိန့်ဆိုခဲ့ကြောင်း ရှေးဘာသာပြန်ကျမ်းအချို့က ဖော်ပြကြသည်။ ဥပမာ၊ သမ္မာကျမ်းစာတော်က ယေရှု၏စကားများကို ဤသို့ပြန်ဆိုသည်– “ငါ့ကို မကိုင်နှင့်ဦး။ ငါသည် ခမည်းတော့်ထံသို့ မတက်ရသေး။” (ယောဟန် ၂၀:၁၇) သို့သော် “ကိုင်” သည်ဟူ၍ ပြန်ဆိုလေ့ရှိသော မူရင်းဂရိကြိယာမှာ “ဖက်တွယ်၊” “ဆုပ်ကိုင်၊” “ကိုင်ဖမ်း၊” “ဖမ်းဆုပ်၊” “ကိုင်တွယ်” သည်ဟုလည်း အဓိပ္ပာယ်ရ၏။ ယေရှုသည် မိမိအား မာဂဒလမာရိ ကိုင်ရုံကိုင်ခြင်းကို တားဆီးနေခြင်းမဟုတ်၊ အကြောင်းမှာ သင်္ချိုင်းဂူတွင်ရှိနေကြသော အခြားအမျိုးသမီးများအား မိမိ၏ ‘ခြေကို ဖက်ယမ်း’ ခွင့်ပြုခဲ့သောကြောင့်ဖြစ်သည်။—မဿဲ ၂၈:၉။

သန့်ရှင်းသောကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်း၊ ယေရုရှလင်ကျမ်းစာသစ် နှင့် အင်္ဂလိပ်ကျမ်းစာသစ်အစရှိသော ခေတ်သစ်စကားဖြင့် ဘာသာပြန်ကျမ်းများစွာက “ငါ့ကို မဖက်တွယ်ထားနှင့်” ဟူ၍ ပြန်ဆိုခြင်းအားဖြင့် ယေရှုစကား၏အဓိပ္ပာယ်မှန်ကို နားလည်စေသည်။ ယေရှုသည် မိမိ၏ရင်းနှီးသောမိတ်ဆွေဖြစ်သူ မာဂဒလမာရိအား အဘယ်ကြောင့် ထိုသို့ပြောဆိုခဲ့ရသနည်း။—လုကာ ၈: ၁-၃။

ကောင်းကင်သို့ ယေရှုတက်ကြွသွားမည်ကို မာဂဒလမာရိ စိုးရိမ်နေပုံရ၏။ သူ၏သခင် ယေရှုကို သံယောဇဉ်ကြီးမားသောကြောင့် ထွက်ခွာခွင့်မပြုဘဲ ဖက်တွယ်ထားခြင်းဖြစ်မည်။ ယေရှုသည် ချက်ချင်းမထွက်ခွာသွားသေးကြောင်း မာရိကို စိတ်ချစေရန် မိမိကိုမဖက်တွယ်ထားဘဲ မိမိ၏ရှင်ပြန်ထမြောက်ခြင်းသတင်းကို တပည့်များအား သွား၍ပြောကြားရန် မိန့်မှာခဲ့သည်။—ယောဟန် ၂၀:၁၇။

သောမကို ယေရှုပြောခဲ့သောစကားနှင့် အဓိပ္ပာယ်မတူချေ။ တပည့်အချို့ကို ယေရှု ကိုယ်ယောင်ပြစဉ်အခါ ထိုတွင် သောမ,မရှိခဲ့ချေ။ နောက်ပိုင်းတွင် သောမသည် ယေရှု၏ရှင်ပြန်ထမြောက်ခြင်းကို သံသယဖြစ်ကာ ယေရှု၏သံရိုက်ရာများကို မမြင်ရလျှင်၊ လှံထိုးထားခံရသော ယေရှု၏နံဘေးကို မစမ်းကြည့်ရလျှင် မယုံဟုဆိုလေ၏။ ထို့နောက် ရှစ်ရက်ကြာသော် တပည့်များရှေ့ ယေရှု တစ်ဖန် ကိုယ်ယောင်ပြခဲ့သည်။ ဤအချိန်တွင် သောမရှိနေပြီး ယေရှုက မိမိ၏သံရိုက်ရာများကို ထိကိုင်စေခဲ့သည်။—ယောဟန် ၂၀:၂၄-၂၇။

ထို့ကြောင့် မာဂဒလမာရိ၏အဖြစ်အပျက်တွင် မိမိအား ထွက်ခွာခွင့်မပြုလိုသည့် သဘောထားမှားကို ဖြေရှင်းနေခြင်းဖြစ်ပြီး၊ သောမအဖြစ်တွင်မူ သံသယဝင်နေသူတစ်ဦးအား ကူညီပေးနေခြင်းဖြစ်သည်။ ၎င်းဖြစ်ရပ်နှစ်ခုစလုံးတွင် ယေရှု၏ပြုမူလုပ်ဆောင်မှုသည် အကြောင်းကောင်းရှိခဲ့၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ