ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၄/၁ စာ. ၂၉
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်မှတ်မိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • အာဖရိကနဲ့ပတ်သက်ပြီး သတိပြုမိရာ
    နိုးလော့!—၂၀၁၅
  • အကောင်းဆုံးလက်ဆောင် ရှာပုံတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ပေးကမ်းခြင်း စိတ်ဓာတ် အသင်၌ရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၄/၁ စာ. ၂၉

စာရှုသူများထံမှ မေးခွန်းလွှာ

ခရစ်ယာန်တစ်ဦးသည် အစိုးရအမှုထမ်းတစ်ဦး၏ဝန်ဆောင်မှုအတွက် ဘောက်ဆူးဖြစ်စေ၊ လက်ဆောင်ဖြစ်စေ ပေးသင့်သလော၊ သို့မဟုတ် ယင်းကို လာဘ်ထိုးသည်ဟု ရှုမြင်ရမည်လော။

ခရစ်ယာန်များသည် မည်သည့်နိုင်ငံတွင်နေထိုင်ပါစေ နိုင်ငံတစ်နိုင်ငံအတွက် လက်သင့်ခံနိုင်၊ တရားဝင်ဖြစ်သောအရာသည် အခြားနိုင်ငံအတွက် လုံးဝလက်သင့်မခံနိုင်၊ တရားဝင်မဖြစ်နိုင်ကြောင်း သတိချပ်ကာ ဒေသန္တရအခြေအနေများနှင့်အညီ ပညာရှိရှိကျင့်ကြံနေထိုင်ကြသည်။ (သု. ၂:၆-၉) ‘ယေဟောဝါ၏ တဲတော်၌နေ’ လိုသူ မည်သူမဆို လာဘ်ထိုးခြင်းကို ရှောင်ရမည်ကိုတော့ ခရစ်ယာန်တစ်ဦး အမြဲစိတ်စွဲမှတ်သင့်သည်။—ဆာလံ ၁၅:၁၊ ၅; သု. ၁၇:၂၃။

လာဘ်ထိုးခြင်းဟူသည် အဘယ်နည်း။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းအရ “လာဘ်ထိုးခြင်းဟူသည် ပေးကမ်းသူ၏အကျိုးအလို့ငှာ မိမိ၏တာဝန် သို့မဟုတ် ဥပဒေကိုချိုးဖောက်စေသည့် အာဏာပိုင်တစ်ဦးအား အဖိုးတန်ရာတစ်ခုခု ပေးကမ်းခြင်းဖြစ်သည်။” ထို့ကြောင့် လူတစ်ဦးသည် မည်သည့်နိုင်ငံတွင်နေထိုင်စေကာမူ တရားသူကြီး၊ ရဲအရာရှိအား သိမ်းသွင်းနိုင်ရန်၊ စစ်ဆေးသူအရာရှိအား အပြစ် သို့မဟုတ် ကျူးလွန်မှုကိုလျစ်လျူရှုစေရန် ငွေဖြစ်စေ၊ လက်ဆောင်ဖြစ်စေ ပေးခြင်းသည် လာဘ်ထိုးခြင်းဖြစ်၏။ စောင့်ဆိုင်းနေသူများ သို့မဟုတ် အလှည့်ကျဝင်ရန် တန်းစီနေသူများ၏ အရှေ့၊ အလှည့်ကျော်တက်နိုင်ရန် ဦးစားပေးခံရဖို့ လက်ဆောင်ပေးခြင်းသည်လည်း လာဘ်ထိုးခြင်းပင်ဖြစ်၏။ ယင်းလုပ်ရပ်သည် မေတ္တာမဲ့ရာလည်းကျသည်။—မဿဲ ၇:၁၂; ၂၂:၃၉။

သို့သော် တရားဝင်ဝန်ဆောင်မှုရရှိရန် သို့မဟုတ် မတရားသဖြင့်ဆက်ဆံမခံရရန် ဝန်ထမ်းတစ်ဦးအား လက်ဆောင် သို့မဟုတ် ဘောက်ဆူးပေးခြင်းသည် လာဘ်ထိုးခြင်းလော။ နိုင်ငံအချို့တွင် အစိုးရအမှုထမ်းတို့သည် ဘောက်ဆူးမရမချင်း ကလေးများကိုကျောင်းအပ်မပေး၊ လူနာကိုဆေးရုံမတင်ပေး၊ လူဝင်မှုစာရွက်စာတမ်းများ ထုတ်မပေးကြချေ။ သို့မဟုတ် သူတို့သည် လိုင်စင်အသစ်လဲပေးရန် လျှောက်လွှာများတင်ထားသည်ကို ရက်ရွှေ့ဆိုင်းနေပေမည်။

ဘောက်ဆူးပေးခြင်းနှင့် ၎င်းတို့အပေါ် လူအများ၏သဘောထားမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တူမည်မဟုတ်ပေ။ ထိုသို့ ငွေပေးသည့်ထုံးစံဖြစ်နေသော သို့မဟုတ် ထိုသို့ပေးရန်မျှော်လင့်နေသော ဒေသများတွင် အမှုထမ်းများအား ၎င်းတို့၏တာဝန်ကိုထမ်းဆောင်ရန် ဘောက်ဆူးပေးခြင်းသည် ဥပဒေဘောင်အတွင်းဖြစ်လျှင် ကျမ်းစာမူကို မချိုးဖောက်ပါဟု ခရစ်ယာန်အချို့ ယူဆပေမည်။ နိုင်ငံအချို့တွင် ထိုသို့ပေးကမ်းမှုမျိုးကို လုပ်ခနည်းသောလုပ်သားတစ်ဦးအား လက်ဆောင်ပေးခြင်းဟုပင် ယူမှတ်ပေမည်။ တရားဝင်ဝန်ဆောင်မှုတစ်ခု အတွက် လက်ဆောင်ပေးခြင်းနှင့် တရားမဝင် မျက်နှာရလို၍ လာဘ်ထိုးခြင်းတို့သည် ကွဲပြားကြောင်း သတိချပ်ရမည်။

အခြားတစ်ဖက်တွင်မူ တရားဝင်တောင်းဆိုချက်များ ပြုသည့်အခါ စစ်ဆေးရေးအရာရှိများ၊ အကောက်ခွန်အရာရှိများနှင့် အခြားသူများအား လက်ဆောင်ပေးခြင်းသည် ထုံးစံဖြစ်နေလျက်နှင့် ယေဟောဝါသက်သေအချို့သည် ဘောက်ဆူးမပေးကြချေ။ ယေဟောဝါသက်သေများသည် မိမိတို့နေထိုင်ရာဒေသတို့တွင် အသိစိတ်ရှိရှိ လုပ်ဆောင်သူများ၊ ရိုးသားသူများဖြစ်ကြောင်း နာမည်ကောင်းရထားကြရာ လူအများစုအနေနှင့် ငွေပေးမှရရှိနိုင်သည့် ဆက်ဆံမှုမျိုးကို သူတို့ရရှိတတ်ကြသည်။—သု. ၁၀:၉; မဿဲ ၅:၁၆။

အချုပ်ဆိုရသော် တရားဝင်ဝန်ဆောင်မှုရရှိရန် သို့မဟုတ် ကောင်းစွာဆက်ဆံခံရရန် ငွေပေးမပေး ယေဟောဝါ၏ကျေးကျွန်တစ်ဦးစီ ကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်သည်။ အရေးကြီးဆုံးမှာ သိစိတ်အနှောင့်အယှက်မဖြစ်စေသော၊ ယေဟောဝါ၏နာမတော်ကို ရှုတ်ချစရာမဖြစ်စေသော၊ အခြားသူများအတွက် ထိမိလဲစရာမဖြစ်စေသော လမ်းစဉ်ကို ရွေးချယ်လုပ်ဆောင်သင့်သည်။—မဿဲ ၆:၉; ၁ ကောရိန္သု ၁၀:၃၁-၃၃; ၂ ကောရိန္သု ၆:၃; ၁ တိမောသေ ၁:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ