ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၅/၁ စာ. ၃
  • ကြေကွဲဖွယ်အဖြစ်ဆိုး ကျရောက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေကွဲဖွယ်အဖြစ်ဆိုး ကျရောက်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဖြစ်ဆိုး ကြုံရတဲ့အခါ
    နိုးလော့!—၂၀၁၄
  • ရှင်ပြန်ထမြောက်ခြင်း ကြည်နူးအားရဖွယ်မျှော်လင့်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • နိဒါန်း
    နိုးလော့!—၂၀၂၀
  • အဖြစ်ဆိုးကြုံရတာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၅/၁ စာ. ၃

ကြေကွဲဖွယ်အဖြစ်ဆိုး ကျရောက်ခြင်း

ရေချိုးခန်းထဲတွင် နှစ်နှစ်ခွဲအရွယ် အိုဝင်လေးသည် ဆော့ကစားနေ၏။ ကလေး လက်လှမ်းမမီနိုင်ဟု မိဘများယူဆထားသော ဆေးဗီရိုကို သူတက်ဖွင့်ပြီး သူ့အာရုံကိုဆွဲဆောင်သည့် ပုလင်းတစ်လုံးထဲမှ အရည်ကိုမော့ချလိုက်သည်။ ဝမ်းနည်းကြေကွဲစရာဖြစ်လေ၏။

ထိုပုလင်းထဲတွင် အက်ဆစ်ထည့်ထားရာ အိုဝင်လေး သေဆုံးသွားလေတော့သည်။ မိဘများ ရင်ကွဲပက်လက်ဖြစ်ရကြ၏။ ဖခင်ဖြစ်သူ ပါစီသည် ခရစ်ယာန်ဘုန်းကြီးထံမှ နှစ်သိမ့်မှုရှာယူခဲ့သည်။ “ဘာကြောင့် ဒီလိုဖြစ်ရတာလဲ” ဟုသူမေးကြည့်ရာ ခရစ်ယာန်ဘုန်းကြီးက “ဘုရားသခင်က ကောင်းကင်တမန်လေးတစ်ပါး ထပ်လိုချင်လို့ပါ” ဟုဖြေဆိုသည်။ ယူကျုံးမရဖြစ်ကျန်ရစ်သောမိဘများက သို့ပြုခြင်းသည် လုံးလုံးမတရားဟု ယူဆကြသည်။ ထိုအဖြစ်ဆိုး ဖြစ်ပျက်ရန် ဘုရားသခင်အမှန်ရည်ရွယ်ထားပါသလော။ ပါစီသည် အလွန်စိတ်ပျက်သွားသဖြင့် သူ၏ချာ့ချ်နှင့် လုံးဝအဆက်ဖြတ်လိုက်လေသည်။

ထိုအဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်သည့်အခါ ပါစီက ‘ငါ့သားလေး ဝေဒနာခံစားနေရတုန်းပဲလား။ သူ့ကို ငါပြန်တွေ့နိုင်ပါဦးမလား’ ဟုတွေးမိသည်။

သေသောအခါ အဘယ်အရာဖြစ်သွားသနည်း၊ အနာဂတ်တွင် ကိုယ်ချစ်မြတ်နိုးရသော သေလွန်သူများနှင့် ပြန်လည်ဆုံစည်းနိုင်ဦးမည်လောဆိုသည်ကို အသင်လည်းသိလိုပေမည်။ ဤမေးခွန်းများကို ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာက ဖြေဆိုပေးပါသည်။ အလားတူအဖြစ်ဆိုးမျိုး ကြုံတွေ့ခဲ့ကြရသူအားလုံးအတွက် ရှင်းလင်း၍ နှစ်သိမ့်မှုပေးသောအဖြေများကို ကျမ်းစာတွင် တွေ့ရှိရသည်။ ထို့ထက်ကား၊ ဘုရားသခင်ကတိပြုထားသော ကြည်နူးအားရဖွယ် မျှော်လင့်ချက်တစ်ခုဖြစ်သည့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုလည်း ကျမ်းစာက ဖော်ပြပါသည်။

အလွန်ကောင်းသော ဤမျှော်လင့်ချက်အကြောင်း ပိုမိုသိရှိရန် ကျေးဇူးပြု၍ နောက်ဆောင်းပါးကို ဖတ်ရှုကြည့်ပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ