ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၁၁/၁၅ စာ. ၃
  • စာတန် တကယ်ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာတန် တကယ်ရှိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • နတ်ဆိုးဆိုတာ ဘာလဲ၊ ဘယ်သူလဲ။
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ဘယ်သူက ဒီလောကကို အမှန်တကယ် အုပ်ချုပ်နေသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ထာဝရအသက်၏ ရန်သူတစ်ပါး
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၁၁/၁၅ စာ. ၃

စာတန် တကယ်ရှိသလော

စာတန်နှင့်ပတ်သက်သည့် သင့်အယူအဆကားအဘယ်နည်း။ လူတို့ကို မကောင်းမှုများပြုစေရန် လှည့်ဖြားသည့် တကယ့်ပုဂ္ဂိုလ်တစ်ဦးဟု ယူဆသလော သို့မဟုတ် မကောင်းသောစိတ်တစ်ခုမျှသာလော။ စာတန်သည် ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ဦးလော။ အယူသီးသောစိတ်ကူးစိတ်သန်း သို့မဟုတ် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးဟုသာယူမှတ်ပြီး ပေါ့ပေါ့တန်တန် သဘောထားသင့်သလော။ “စာတန်” ဟူသောစကားလုံးသည် စကြဝဠာတွင်ရှိသော အကောင်အထည်မဲ့အဖျက်စွမ်းအားစုကို ဆိုလိုသလော။ မျက်မှောက်ခေတ် ကျမ်းပညာရှင်များဆိုသကဲ့သို့ ဤဝေါဟာရသည် လူတို့တွင်ကိန်းအောင်းနေသည့် ဉာဉ်ဆိုး၏ အမှတ်လက္ခဏာတစ်ခုလော။

စာတန်မည်သူဖြစ်သည်နှင့်ပတ်သက်၍ လူတို့၏ အမြင်သဘောထား အမျိုးမျိုးကွဲလွဲနေကြသည်မှာ အဆန်းမဟုတ်ပေ။ ရုပ်ပြောင်းရုပ်လွှဲဝိဇ္ဇာတစ်ဦး၏ ဥပဓိရုပ်မှန်ကို ဖော်ထုတ်ရန် မည်မျှခက်ခဲသည်ကို စဉ်းစားကြည့်ပါ။ အထူးသဖြင့် သူ၏ဥပဓိရုပ်မှန်ကို ဖုံးကွယ်ထားဖို့ စိတ်ပိုင်းဖြတ်ထားသောအခါတွင်ဖြစ်သည်။ သမ္မာကျမ်းစာက စာတန်ကို ထိုသို့သောပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုသည်။ သူ့ကို ရည်ညွှန်း၍ “စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏” ဟုပြောသည်။ (၂ ကောရိန္သု ၁၁:၁၄) စာတန်သည် ဆိုးညစ်ယုတ်မာသော်လည်း အခြားသူများကို လှည့်စားရန် သူတော်ကောင်းယောင်ဆောင်တတ်သည်။ မိမိ တကယ်မရှိကြောင်း လူများကို အယုံသွင်းနိုင်ပါက မိမိ၏ရည်ရွယ်ချက်များကို စိတ်တိုင်းကျ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

ထိုသို့ဆိုလျှင် စာတန် အမှန်တကယ် မည်သူနည်း။ အဘယ်အချိန်တွင် အဘယ်နည်းဖြင့် စာတန်ဖြစ်ပေါ်လာသနည်း။ ယနေ့ လူများကို သူမည်သို့ ဩဇာလွှမ်းမိုးနေသနည်း။ ထိုသြဇာလွှမ်းမိုးမှုကို တွန်းလှန်ဖို့ ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။ သမ္မာကျမ်းစာတွင် စာတန်နှင့်ပတ်သက်သော တိကျမှန်ကန်သည့် သမိုင်းကြောင်းပါဝင်ပြီး ထိုမေးခွန်းများ၏ အဖြေမှန်ကိုပေးထားသည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

မျက်နှာဖုံးနောက်ကွယ်ရှိလူတစ်ဦး၏ ဥပဓိရုပ်မှန်ကို ဖော်ထုတ်ရန် ခက်ခဲလှသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ