ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၂/၁ စာ. ၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါက ယောသပ်ကို မေ့မထား
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • “ဘုရားသခင်ကပဲ အပြစ်ပေးနိုင်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယောသပ် သူ့အစ်ကိုတွေကို စမ်းသပ်တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သူ ကာကွယ်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ လက်မလျှော့ဘဲ ဆက်လုပ်ဆောင်ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၂/၁ စာ. ၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ကမ္ဘာဦး ၄၄:၅ တွင် ရည်ညွှန်းထားပုံရသည့်အတိုင်း ဘုရားသခင်၏သစ္စာရှိကျေးကျွန် ယောသပ်သည် ရှေ့ဖြစ်ဟောရန် ငွေဖလားကို အသုံးပြုခဲ့သလော။

ယောသပ်သည် ရှေ့ဖြစ်ဟောနည်းတစ်မျိုးမျိုးကို လိုက်စားခဲ့သည်ဟု ယူဆစရာအကြောင်းမရှိပေ။

အနာဂတ်ကိုသိနိုင်ရန် နတ်ဝိဇ္ဇာအတတ်အသုံးပြုခြင်းအကြောင်း ယောသပ် မှန်ကန်စွာနားလည်ထားသည်ကို သမ္မာကျမ်းစာက ဖော်ပြသည်။ အစောပိုင်းက ဖာရော၏အိပ်မက်ကို ယောသပ်အနက်ဖွင့်ပေးသည့်အခါ ယေဟောဝါတစ်ပါးတည်းသာ ရှေ့ဖြစ်ရပ်များကို ကြားသိစေနိုင်ကြောင်း သူထပ်ခါတလဲပြောဆိုခဲ့သည်။ ထို့ကြောင့်ပင် ရှေ့ဖြစ်ဟောနည်းဖြင့်မဟုတ်ဘဲ ယောသပ်ကိုးကွယ်သည့် စစ်မှန်သောဘုရားသခင်ကသာ သူ့အား အနာဂတ်အကြောင်း အသေးစိတ်သိရှိစေကြောင်း ဖာရောကိုယ်တိုင်ယုံကြည်ခဲ့သည်။ (ကမ္ဘာဦး ၄၁:၁၆၊ ၂၅၊ ၂၈၊ ၃၂၊ ၃၉) နောက်ပိုင်း မောရှေကိုပေးသောပညတ်တွင် နတ်ဝိဇ္ဇာအတတ် သို့ မဟုတ် ရှေ့ဖြစ်ဟောခြင်းကို ယေဟောဝါတားမြစ်ထားခြင်းက ကိုယ်တော်တစ်ပါးတည်းသာ အနာဂတ်ကိုကြိုဟောနိုင်ကြောင်း အတည်ပြုသည်။—တရားဟောရာ ၁၈:၁၀-၁၂။

သို့ဆိုလျှင် ယောသပ်သည် ‘အနာဂတ်ကိုဟော’ ရန် ငွေဖလားကိုအသုံးပြုသည်ဟု မိမိ၏ကျွန်မှတစ်ဆင့် အဘယ်ကြောင့်ပြောရသနည်း။a (ကမ္ဘာဦး ၄၄:၅) ယင်းသို့ပြောဆိုရသည့် အခြေအနေကိုဆန်းစစ်ရန် လိုသည်။

အလွန်အစာခေါင်းပါးသောကြောင့် ယောသပ်၏အစ်ကိုများသည် အစားအစာဝယ်ရန် အီဂျစ်ပြည်သို့ ခရီးနှင်ခဲ့ကြသည်။ လွန်ခဲ့သောနှစ်များက ဤသူတို့ပင် ယောသပ်အား ကျွန်အဖြစ်ရောင်းစားခဲ့ကြသည်။ ယခုမူ ၎င်းတို့အကူအညီတောင်းခံသော အီဂျစ်ပြည်၏ရိက္ခာဝန်သည် မိမိတို့၏ညီရင်းဖြစ်နေမှန်း မသိကြပေ။ ယောသပ်လည်း အဖြစ်မှန်ကိုဖွင့်ပြောမည့်အစား သူတို့ အမှန်တကယ်နောင်တရ၊ မရ သိလိုကာ သွေးတိုးစမ်းရန် ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် ညီငယ်ဗင်ယာမိန်နှင့် ဗင်ယာမိန်ကိုအလွန်ချစ်သော ဖခင်ယာကုပ်တို့အား သူတို့ မည်မျှချစ်ကြောင်းကိုလည်းသိလို၍ ယောသပ် ပရိယာယ်သုံးခဲ့ခြင်းဖြစ်သည်။—ကမ္ဘာဦး ၄၁:၅၅–၄၄:၃။

သို့ ဖြစ်၍ ယောသပ်သည် အစ်ကိုတို့ ၏အိတ်ထဲ ရိက္ခာအပြည့်ဖြည့်ပေးရန်၊ သူတို့ငွေကို အိတ်အသီးသီးတွင် ပြန်ထည့်ပေးရန်နှင့် မိမိ၏ငွေဖလားကို ဗင်ယာမိန်၏အိတ်ဝတွင် ထည့်ထားရန် မိမိ၏ဝန်စာရေးတစ်ဦးအား စေခိုင်းလေသည်။ ဤသို့စေခိုင်းရာတွင် ယောသပ်သည် အီဂျစ်ပြည်၏ရိက္ခာဝန်တစ်ဦးအဖြစ် လုပ်ဆောင်နေခြင်းဖြစ်၏။ ဘာမျှမသိရှာသော အစ်ကိုများရှေ့တွင် ရိက္ခာဝန်တစ်ဦးကဲ့သို့ သူပြောဆိုပြုမူခဲ့သည်။

အစ်ကိုများနှင့် ထိပ်တိုက်တွေ့သည့်အခါ ဆက်၍ပရိယာယ်ဆင်ပြီး “ငါကဲ့သို့သောယောက်ျားသည် ထူးဆန်းသောဉာဏ်ရှိကြောင်းကို သင်တို့မသိကြသလောဟုဆို၏။” (ကမ္ဘာဦး ၄၄:၁၅) သို့ဖြစ်၍ ယင်းဖလားသည် သူ၏ပရိယာယ်ဆင်မှုတွင် အသုံးပြုသည့်အရာတစ်ခုမျှ ဖြစ်ပုံရှိသည်။ အမှန်မှာ ဗင်ယာမိန်သည် ထိုဖလားကို မခိုးသကဲ့သို့ ယောသပ်လည်း ရှေ့ဖြစ်ဟောရန် ထိုဖလားကို အသုံးမပြုပါ။

[အောက်ခြေမှတ်ချက်]

a ရှေးခေတ်က ယင်းလုပ်ရပ်အကြောင်းရေးသားရာတွင် အဖ်.စီ.ကွက်ခ်တည်းဖြတ်သည့် အဓိပ္ပာယ်ရှင်းလင်းဖွင့်ပြချက်ပါသော သမ္မာကျမ်းစာ (The  Holy Bible, With an Explanatory and Critical Commentary) က ဤသို့ရှင်းပြ၏– “ဖလားကိုသုံး၍ ရှေ့ဖြစ်ဟောနည်းသည် ရွှေငွေရတနာများကို ဖလားရှိရေထဲချကာ ၎င်းတို့၏ပုံပန်းကို ဆန်းစစ်ခြင်း သို့မဟုတ် မှန်ကြည့်သကဲ့သို့ ရေထဲကြည့်ခြင်းဖြစ်သည်။” ကျမ်းဋီကာဆရာ ခရစ္စတိုဖာ ဝေါဒ်ဝါ့သ်က ဤသို့ဆိုသည်– “တစ်ခါတစ်ရံ ခွက်ထဲရေဖြည့်ပြီး ထိုရေထဲ နေထိုးသည့်အခါ စိတ်ထဲပေါ်လာသည့်ပုံအားဖြင့် အဖြေပေးသည်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ