ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၉/၁၅ စာ. ၃
  • ‘နောက်ဆုံး ကာလ’ကား အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘နောက်ဆုံး ကာလ’ကား အဘယ်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြပါသလား
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • နောက်ဆုံးကာလဟူသည် မည်သည့်အချိန်ကို ဆိုလိုသနည်း
    နိုးလော့!—၂၀၀၈
  • ဘုရားသခင့်နိုင်ငံတော် ဖွားမြင်ပြီ
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • နာမ်ဝိညာဉ်ဘုံရှိ ကျွန်ုပ်တို့၏ အကောင်းဆုံးမိတ်ဆွေ
    နိုးလော့!—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၉/၁၅ စာ. ၃

‘နောက်ဆုံး ကာလ’ကား အဘယ်နည်း

သင်နှင့် သင်ချစ်ရသူများအတွက် အဘယ်အနာဂတ်ရှိမည်ကို စဉ်းစားနေသလော။ လူများစွာသည် ကမ္ဘာ့ဖြစ်ရပ်များက ၎င်းတို့၏အသက်တာအပေါ် မည်သို့သက်ရောက်မှုရှိကြောင်းသိနိုင်ရန် သတင်းမီဒီယာများကို အာရုံစိုက်လာကြသည်။ သို့သော် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အာရုံစိုက်ခြင်းကသာ စစ်မှန်သောထိုးထွင်းသိမြင်မှု ရရှိစေပါသည်။ အကြောင်းမှာ သမ္မာကျမ်းစာသည် လက်ရှိဖြစ်ရပ်များကိုသာမက အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကိုပါ ရှေးအချိန်ကတည်းက ကြိုဟောထားသောကြောင့်ဖြစ်၏။

သာဓကအနေနှင့် ယေရှုခရစ် မြေကြီးပေါ်ရှိစဉ်က ဘုရားသခင့်နိုင်ငံတော်အကြောင်း အကျယ်တဝင့်ဖော်ပြခဲ့သည်။ (လုကာ ၄:၄၃) ကိုယ်တော့်စကားကို နားထောင်သူများသည် ထိုနိုင်ငံတော်တည်ထောင်မည့်အချိန်ကို အမှန်ပင် သိလိုခဲ့ကြသည်။ ယေရှု မတရားသဖြင့် သေဒဏ်စီရင်မခံရမီ သုံးရက်အလိုတွင် နောက်လိုက်များက ဤသို့မေးကြ၏– ‘ကိုယ်တော်သည် [ဘုရားသခင့်နိုင်ငံတော်အာဏာဖြင့်] ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို အမိန့်ရှိတော်မူပါ။’ (မဿဲ ၂၄:၃) ဘုရားသခင့်နိုင်ငံတော်က မြေကြီးကို အပြည့်အဝထိန်းချုပ်မည့် အချိန်အတိအကျကို ယေဟောဝါဘုရားသခင်တစ်ပါးတည်းသာ သိတော်မူသည်ဟု ယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၃၆; မာကု ၁၃:၃၂) သို့သော် ခရစ်တော်သည် ဘုရားသခင့်နိုင်ငံတော်အာဏာဖြင့် အုပ်ချုပ်နေပြီဖြစ်ကြောင်း အထောက်အထားအဖြစ် မြေကြီးပေါ်တွင် ဖြစ်ပျက်လာမည့် ဖြစ်ရပ်အချို့ကို ယေရှုနှင့် အခြားသူများ ကြိုဟောခဲ့ကြသည်။

ကျွန်ုပ်တို့သည် လက်ရှိအစီအစဉ်စနစ်၏ ‘နောက်ဆုံးကာလ’ တွင် အသက်ရှင်နေကြောင်း ဖော်ပြသည့် မျက်မြင်ရအထောက်အထားများကို မဆန်းစစ်မီ ကောင်းကင်တွင်ဖြစ်ပျက်ခဲ့သည့် အရေးကြီးဖြစ်ရပ်များကို အကျဉ်းချုပ်သုံးသပ်ကြည့်ကြစို့။ (၂ တိမောသေ ၃:၁) ၁၉၁၄ ခုနှစ်တွင် ကောင်းကင်၌ ယေရှုခရစ် ဘုရင်ဖြစ်လာသည်။a (ဒံယေလ ၇:၁၃၊ ၁၄) ယေရှုသည် ဘုရားသခင့်နိုင်ငံတော်အာဏာရရှိပြီးသည်နှင့်တစ်ပြိုင်နက် အရေးယူလုပ်ဆောင်မှုတစ်ရပ် ပြုလုပ်ခဲ့၏။ ထိုအကြောင်းကို သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “ကောင်းကင်၌စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။” (ဗျာ. ၁၂:၇) “မိက္ခေလ” ဟူသည် ယေရှုခရစ်၏ ကောင်းကင်ရာထူးဖြစ်သည်။b (ယုဒ ၉; ၁ သက်သာလောနိတ် ၄:၁၆) နဂါးသည် စာတန်ဖြစ်သည်။ စစ်ပွဲတွင် စာတန်နှင့် ၎င်း၏နောက်လိုက် နတ်ဆိုးများ အဘယ်အခြေအနေရှိသနည်း။ သူတို့စစ်ရှုံးပြီး ကောင်းကင်မှ မြေကြီးသို့ ‘ချပစ်’ ခံရသည် သို့မဟုတ် နှင်ချခံရသည်။ (ဗျာ. ၁၂:၉) ယင်းကြောင့် “ကောင်းကင်နှင့် ကောင်းကင်သားတို့၊” တစ်နည်းအားဖြင့် ဘုရားသခင်၏ သစ္စာရှိဝိညာဉ်သားတို့ ရွှင်လန်းခဲ့ကြလေသည်။ လူသားများမူ ထိုရွှင်လန်းမှုမျိုး မခံစားရချေ။ ယင်းအစား သမ္မာကျမ်းစာက ဤသို့ကြိုဟောသည်– ‘မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ စာတန်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။’—ဗျာ. ၁၂:၁၂။

ဒေါသူပုန်ထနေသော စာတန်သည် မြေကြီးသားတို့အပေါ် အမင်္ဂလာများဖြစ်သော ဆင်းရဲခက်ခဲမှုများနှင့် ဘေးဆိုးများ ကျရောက်စေခဲ့သည်။ သို့သော် ထိုအမင်္ဂလာများသည် “ကာလတစ်ခဏသာ” ဖြစ်လိမ့်မည်။ သမ္မာကျမ်းစာက ထိုအချိန်ကာလကို ‘နောက်ဆုံးကာလ’ ဟုဖော်ပြ၏။ မကြာမီ စာတန်၏စိုးမိုးခြယ်လှယ်မှုကို မြေကြီးပေါ်မှ လုံးဝဖယ်ရှားမည်ဖြစ်ရာ ကျွန်ုပ်တို့ ရွှင်လန်းနိုင်ကြပါသည်။ သို့ရာတွင် နောက်ဆုံးကာလ၌ ကျွန်ုပ်တို့အသက်ရှင်နေကြောင်း အဘယ်အထောက်အထားများရှိသနည်း။

[အောက်ခြေမှတ်ချက်များ]

a ၂၀၀၆၊ ဇူလိုင် ၁၅ ရက်၊ ကင်းမျှော်စင် စာမျက်နှာ ၆-၇ ကိုရှု။

b ထပ်ဆင့်အချက်အလက်များကို ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၊ စာမျက်နှာ ၂၁၈-၁၉ တွင်ရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ