ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁၂/၁၅ စာ. ၃
  • ခရစ္စမတ် စိတ်ဓာတ် တစ်နှစ်ပတ်လုံးရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ္စမတ် စိတ်ဓာတ် တစ်နှစ်ပတ်လုံးရှိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • မျက်မှောက်ခေတ် ခရစ္စမတ်ပွဲ၏အရင်းအမြစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခရစ္စမတ်သည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခရစ္စမတ်ပွဲရဲ့ အနှစ်သာရကို ဆန်းစစ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ခရစ္စမတ်အချိန်အခါ အဓိကအလေးထားရာကား အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁၂/၁၅ စာ. ၃

ခရစ္စမတ် စိတ်ဓာတ် တစ်နှစ်ပတ်လုံးရှိသလော

“ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း [“စေတနာစိတ်ရှိသူတို့တွင်၊” ကဘ] ငြိမ်သက်ခြင်းရှိစေသတည်း။”—လုကာ ၂:၁၄။

ညချမ်းတွင် သိုးကျောင်းနေသော သိုးထိန်းများအား ဘုရားသခင့်ကောင်းကင်တမန်များက ယေရှုဖွားမြင်ကြောင်း ကြွေးကြော်သည့် ထိုစကားများကို လူသန်းပေါင်းများစွာ အကျွမ်းဝင်ကြသည်။ ယေရှုဖွားမြင်သည်ဟု ချာ့ချ်များသတ်မှတ်ထားသောနေ့တွင် အမည်ခံခရစ်ယာန်များသည် မိမိတို့၏အပြုအမူ ကောင်းမွန်ရန် အထူးကြိုးစားကြသည်။ ကောင်းကင်တမန်၏ ကြွေးကြော်ချက်ပါ ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းနှင့် စေတနာစိတ်ရှိခြင်းဟူသော အရည်အသွေးတို့ကို ခရစ္စမတ်ရာသီတွင် အထူးအရေးပေးကြပြီး ယင်းတို့ကို ခရစ္စမတ်စိတ်ဓာတ်ဟု ရည်ညွှန်းလေ့ရှိသည်။

ထိုအရည်အသွေးကောင်းများကို ခရစ္စမတ်မကျင်းပသူများပင် သတိပြုမိကြ၏။ ခရစ္စမတ်ပွဲတော်က လှုံ့ဆော်ပေးပုံရသော လှိုက်လှဲပျူငှာသည့် သဘောထားကိုလည်း သူတို့လေးမြတ်ကြ၏။ ခရစ္စမတ်ရာသီတွင် အလုပ်ပိတ်၊ ကျောင်းပိတ်သောကြောင့် လူတို့သည် အပန်းဖြေရန်၊ မိသားစု၊ မိတ်ဆွေများနှင့် ပေါင်းသင်းပျော်ပါးရန် အခွင့်အရေးရရှိကြသည်။ မှန်ပါသည်၊ ခရစ္စမတ်သည် အထူးသဖြင့် ယေရှုခရစ်ကိုဂုဏ်ပြုသော အခါသမယဖြစ်သည်ဟု စိတ်ရင်းမှန်သူများရှုမြင်ကြသည်။

ခရစ္စမတ်နှင့်ပတ်သက်၍ မည်သည့်ထူးခြားမှုကိုမဆို သတိပြုမိပါစေ ထိုပွဲတော်တွင်တွေ့ရသော စိတ်ထားကောင်းများသည် ခေတ္တသာဖြစ်ကြောင်း အများက သဘောတူကြ၏။ လူတို့သည် မိမိတို့ နဂိုပြုမူနေကျပုံစံအတိုင်း ချက်ချင်းပြန်ပြုမူကြသည်။ ကနေဒါတော်ဝင်ဘဏ်ဟူသော စာစောင်၌ “ခရစ္စမတ်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့်ရေးသားသည့် ဆောင်းပါးတွင် ဤသို့ဖော်ပြ၏– “‘ခရစ်ယာန်’ အမည်ခံသူများစွာသည် တစ်နှစ်တွင် အပတ်အနည်းငယ်သာ ထိုနာမည်နှင့်ကိုက်ညီအောင် ကြိုးစားကြသည်။ နှစ်သစ်ကူးပွဲပြီးသည်အထိ လူလူချင်းအပေါ် စေတနာထားကြသည်။ ထို့နောက် အတ္တဆန်သော၊ အခြားသူများ၏အကျိုးကို လျစ်လျူရှုသော ဘဝပုံစံသို့ ပြန်ရောက်သွားကြ၏။” လူတို့တွင် ခရစ္စမတ်စိတ်ဓာတ် “တစ်နှစ်ပတ်လုံး” မရှိခြင်းက “အမှန်ပင်စိတ်ပျက်ဖွယ်” ဖြစ်သည်ဟု ယင်းကဆက်ဆိုသည်။

ယင်းကို သင်သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အရေးကြီးသောမေးခွန်းများ ပေါ်ပေါက်လာပါသည်။ လူတို့သည် တစ်ဦးကိုတစ်ဦး ရက်ရောမှုနှင့်ကိုယ်ချင်းစာနာမှု အစဉ်တင်ပြနိုင်စွမ်းရှိသလော။ ယေရှုဖွားမြင်သောညတွင် ကောင်းကင်တမန်ကြွေးကြော်သည့်အတိုင်း ပြည့်စုံလာမည်ဟု အမှန်ပင်မျှော်လင့်နိုင်သလော။ သို့မဟုတ် စစ်မှန်သောငြိမ်သက်ခြင်း မျှော်လင့်ချက်သည် အိပ်မက်မျှသာလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ