ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၁၂/၁ စာ. ၃
  • ခရစ္စမတ်ပွဲရဲ့ အနှစ်သာရကို ဆန်းစစ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ္စမတ်ပွဲရဲ့ အနှစ်သာရကို ဆန်းစစ်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေတွေ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခရစ္စမတ်သည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • မျက်မှောက်ခေတ် ခရစ္စမတ်ပွဲ၏အရင်းအမြစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခရစ္စမတ်အချိန်အခါ အဓိကအလေးထားရာကား အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၁၂/၁ စာ. ၃

ခရစ္စမတ်ပွဲရဲ့ အနှစ်သာရကို ဆန်းစစ်ခြင်း

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

“ယောက်ယက်ခတ်အောင် အလုပ်ရှုပ်တဲ့ ခရစ္စမတ်ရာသီမှာ ပါဝင်ပတ်သက်ဖို့ဆိုတာ အလွယ်လေးပဲ။ ခရစ္စမတ် ဓလေ့ထုံးတမ်းတွေဟာ မဖြစ်မနေလုပ်ရမယ့် တာဝန်မျိုးလိုပဲ ဖြစ်နေတယ်။ အလုပ်အရမ်းများတဲ့အတွက်ကြောင့် မိသားစုနဲ့ မိတ်ဆွေတွေကို အချိန်မပေးနိုင်တော့ဘူး။ ပျော်ရွှင်ရမယ့်အချိန်မှာ တစ်ခါတလေ စိတ်ဖိစီးမှုတွေဝင်လာတော့ မပျော်ရတော့ဘူး။”—အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘရတ် ဟင်နရီ၊ ၂၀၀၈၊ ဒီဇင်ဘာ ၂၃။

ခရစ္စမတ်ရာသီ နီးလာတဲ့အခါ လူတွေဟာ ခရစ္စမတ်တေးသီချင်းတွေ၊ ရုပ်ရှင်တွေ၊ တီဗွီအစီအစဉ်တွေကြောင့် ပျော်ရွှင်မြူးထူးချင်တဲ့စိတ်တွေ ပေါ်ပေါက်လာကြတယ်။ ခရစ္စမတ်ရဲ့အရေးကြီးဆုံး အနှစ်သာရက ဘာဖြစ်မယ်လို့ သင်ထင်သလဲ–

  • ယေရှုခရစ်ကို အမှတ်ရဖို့လား။

  • ပေးကမ်းခြင်းကနေ ပျော်ရွှင်မှု ခံစားချင်လို့လား။

  • ဆင်းရဲသားတွေကို ကူညီပေးဖို့လား။

  • မိသားစုနဲ့အတူ ပျော်ရွှင်စွာ ပေါင်းသင်းဖို့လား။

  • ငြိမ်သက်မှုရှိအောင် ကြိုးစားဖို့လား။

ဘေးမှာ ဖော်ပြထားတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဟင်နရီရဲ့ စကားအရ ခရစ္စမတ်ပွဲကျင်းပတဲ့သူ တော်တော်များများဟာ ခရစ္စမတ်ရာသီမှာ အထက်ပါအချက်တွေကို လုပ်ဆောင်ဖို့ အခက်တွေ့ခဲ့ကြတယ်။ ခရစ္စမတ်ရာသီရောက်ရင် လူတွေဟာ ဗျာများပြီး စိတ်ဖိစီးလာတတ်ကြတယ်။ အများအားဖြင့် အဲဒီအချိန်မှာ စီးပွားရေးသမားတွေက အခွင့်ကောင်းယူတတ်ကြတယ်။ ဒါကြောင့် ခရစ္စမတ်ရာသီမှာ လူအများ ယူဆတဲ့အတိုင်း ပျော်ရွှင်မှုခံစားရဖို့ဆိုတာ သိပ်မသေချာဘူး။

ယေရှုခရစ်ကို အမှတ်ရဖို့၊ ရက်ရက်ရောရော ပေးကမ်းဖို့၊ ဆင်းရဲသားတွေကို ကူညီပေးဖို့၊ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ပေါင်းသင်းဖို့ ကျမ်းစာက တိုက်တွန်းပါတယ်။ ဒါ့အပြင် ငြိမ်သက်မှုရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း သွန်သင်ပေးတယ်။ ဒါကြောင့် ဒီမျက်နှာဖုံး ဆောင်းပါးတွဲတွေမှာ လူတချို့ ခရစ္စမတ်a မကျင်းပရတဲ့ အကြောင်းရင်းကို မဆွေးနွေးဘဲ အောက်ပါမေးခွန်းတွေကိုပဲ သုံးသပ်သွားပါမယ်–

  • ခရစ္စမတ်ပွဲကျင်းပရတဲ့ အကြောင်းရင်းက ဘာဖြစ်သင့်တယ်လို့ လူတချို့ ယူဆကြသလဲ။

  • ခရစ္စမတ်ရာသီမှာ လူတွေမျှော်လင့်တဲ့အတိုင်း ဘာကြောင့် ပျော်ရွှင်မှု မခံစားရသလဲ။

  • ခရစ္စမတ်ပွဲထက် ပိုကောင်းတဲ့အရာကို တွေ့ရှိဖို့ သန်းနဲ့ချီတဲ့သူတွေကို ဘယ်ကျမ်းစာမူတွေက ကူညီပေးသလဲ။

a လူတချို့ ခရစ္စမတ်ပွဲမကျင်းပဖို့ ဆုံးဖြတ်ရတဲ့ ကျမ်းစာဆိုင်ရာ အကြောင်းရင်းတွေကို ထပ်သိချင်တယ်ဆိုရင် “စာရှုသူများအမေး—လူတချို့ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြတာလဲ” ဆိုတဲ့ဆောင်းပါးကို ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ