ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၅/၁ စာ. ၂၂-၂၅
  • ဘရွတ်ကလင် ဗေသလ၏ နှစ် ၁၀၀ ပြည့်သမိုင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘရွတ်ကလင် ဗေသလ၏ နှစ် ၁၀၀ ပြည့်သမိုင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘရွတ်ကလင်သို့ အဘယ်ကြောင့်ပြောင်းရွှေ့ခဲ့သနည်း
  • ဗေသလဟု အဘယ်ကြောင့်ခေါ်ရသနည်း
  • ဧည့်သည်များကို လှိုက်လှဲစွာကြိုဆို
  • သင့်အတွက် ယင်းသည် အကောင်းဆုံးဘဝလုပ်ငန်း ဖြစ်နိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “ဘုရားသခင်၏အိမ်တော်” ကို တန်ဖိုးထား လေးစားစွာ ရှုမြင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • လုပ်ငန်းအတွက်မိမိလူမျိုးတော်ကို ယေဟောဝါစုစည်း၍တန်ဆာဆင်
    ယေဟောဝါ၏သက်သေများ ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံးဘုရားသခင့်အလိုတော် ထမ်းရွက်ခြင်း
  • အားလုံးကို ဖိတ်ခေါ်ပါသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၅/၁ စာ. ၂၂-၂၅

ဘရွတ်ကလင်ဗေသလ၏ နှစ် ၁၀၀ ပြည့်သမိုင်း

ခရစ်နှစ် ၁၉၀၉ သည် နယူးယောက်မြို့အတွက် အလွန်အရေးပါသောနှစ်ဖြစ်သည်။ ကွင်းစ်မြို့နှင့်မန်ဟက်တန်မြို့ကို ဆက်သွယ်ပေးသော ကွင်းစ်ဘာရိုတံတား၊ မန်ဟက်တန်မြို့နှင့် ဘရွတ်ကလင်မြို့ကို ဆက်သွယ်ပေးသော မန်ဟက်တန်တံတားတို့ကို ထိုနှစ်တွင်ဖွင့်လှစ်ခဲ့သည်။

ယင်းသည် ယေဟောဝါသက်သေများအတွက်လည်း အလွန်အရေးပါသောနှစ်ဖြစ်သည်။ အစောပိုင်းတွင် ယေဟောဝါသက်သေများ၏ တရားဝင်အဖွဲ့အစည်းဖြစ်သည့် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ချားလ်စ်တေ့ဇ်ရပ်စယ်လ်သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်း ကျယ်ပြန့်လာမည့်အလားအလာကို ကြိုမြင်ခဲ့သည်။ (မဿဲ ၂၄:၁၄) အသင်းဌာနချုပ်ကို ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့မှ နယူးယောက်ပြည်နယ်၊ ဘရွတ်ကလင်သို့ပြောင်းရွှေ့ခြင်းသည် ယင်းသို့ကျယ်ပြန့်စေရာတွင် အလွန်အရေးပါမည်ကို သူသိသည်။ ပြောင်းရွှေ့ရန် ၁၉၀၈ ခုနှစ်တွင် စတင်ပြင်ဆင်ပြီး နောက်နှစ်,နှစ်ဦးပိုင်းတွင် ပြောင်းရွှေ့ခဲ့သည်။

ဘရွတ်ကလင်သို့ အဘယ်ကြောင့်ပြောင်းရွှေ့ခဲ့သနည်း

ထိုအချိန်က ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်နေသူများသည် ဟောပြောချက်များကို သတင်းစာများတွင် ပုံနှိပ်ထည့်သွင်းခြင်းမှာ ကျမ်းစာအမှန်တရား ပျံ့နှံ့စေရာတွင် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်ကြောင်း သိမြင်သည်။ ၁၉၀၈ ခုနှစ်တွင် ရပ်စယ်လ်၏ကျမ်းစာဟောပြောချက်များသည် သတင်းစာ ၁၁ ခုတွင် အပတ်စဉ်ပါပြီး စောင်ရေပေါင်း ၄၀၂,၀၀၀ ကိုပတ်စဉ်ပုံနှိပ်ခဲ့သည်။

သို့သော် ရပ်စယ်လ် ဤသို့ရေး၏– “ပတ်စဉ်ဟောပြောချက်များသည် မြို့ကြီး၏ သတင်းစာများတွင်သာ ပါလာပါက အမေရိကန်ပြည်ထောင်စုတစ်ခုလုံးသို့ ရောက်နိုင်မည်ဖြစ်ပြီး တစ်နှစ်အတွင်းတွင် ရာနှင့်ချီသောစောင်ရေများကို ပုံမှန်ဖြန့်ချိနိုင်မည်ဟု သတင်းစာလုပ်ငန်း . . . နှင့် အကျွမ်းတဝင်ရှိသောညီအစ်ကိုများက အကြံပေးကြသည်။” ထို့ကြောင့် ဟောပြောခြင်းလုပ်ငန်း ပျံ့နှံ့စေရန် အကောင်းဆုံးနေရာကို စရှာကြလေသည်။

ဘရွတ်ကလင်ကို အဘယ်ကြောင့် ရွေးချယ်ရသနည်း။ ရပ်စယ်လ် ဤသို့ပြောပြ၏– “နယူးယောက်ပြည်နယ်၊ ဘရွတ်ကလင်မြို့သည် လူဦးရေများပြီး . . . ‘ချာ့ချ်မြို့တော်’ အဖြစ် လူသိများသောကြောင့် ရိတ်သိမ်းခြင်းလုပ်ငန်းအတွက် အသင့်တော်ဆုံးနေရာဖြစ်သည်ဟု ဆုတောင်းသုံးသပ်ပြီးနောက် ကျွန်ုပ်တို့အားလုံး ကောက်ချက်ချခဲ့သည်။” ယင်းသည် ပညာရှိသောဆုံးဖြတ်ချက်ဖြစ်ကြောင်း ရလဒ်များက သက်သေထူသည်။ အချိန်တိုအတွင်းတွင် သတင်းစာပေါင်း ၂,၀၀၀ က ရပ်စယ်လ်၏ဟောပြောချက်များကို ပုံနှိပ်ထုတ်ဝေခဲ့သည်။

နယူးယောက်ကိုရွေးချယ်ခြင်းသည် အခြားအကြောင်းကြောင့်လည်း မှန်ကန်သောရွေးချယ်မှုဖြစ်သည်။ ၁၉၀၉ ခုနှစ်တွင် ဂရိတ်ဗြိတိန်၊ ဂျာမနီနှင့် ဩစတြေးလျတွင် ဌာနခွဲရုံးများကို တည်ထောင်ခဲ့ပြီး နောက်ထပ်များစွာကို မကြာမီတွင် ဆက်လက်တည်ထောင်ခဲ့သည်။ ထို့ကြောင့် အခြားဒေသများနှင့် ဆက်သွယ်ပေးသည့် ကားလမ်း၊ ရထားလမ်းများစွာရှိသော ပင်လယ်ဆိပ်ကမ်းမြို့တွင် ကမ္ဘာ့ဌာနချုပ်တည်ရှိခြင်းက အလွန်သင့်လျော်သည်။

ဗေသလဟု အဘယ်ကြောင့်ခေါ်ရသနည်း

ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ မူလဌာနချုပ်ကို ၁၈၈၀ ပြည့်လွန်နှစ်များတွင် ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ အလက်ဂ်ဂနီမြို့ (ယခု ပစ္စဘတ်မြို့) ၌ တည်ထောင်ခဲ့သည်။ ထိုအချိန်က ယင်းကို သမ္မာကျမ်းစာအိမ်တော်ဟုခေါ်သည်။ ၁၈၉၆ ခုနှစ်၌ ထိုအဆောက်အဦတွင် အဖွဲ့ဝင် ၁၂ ဦး အလုပ်လုပ်သည်။

၁၉၀၉ တွင် ဘရွတ်ကလင်သို့ ပြောင်းရွှေ့ပြီးနောက် အဖွဲ့ဝင်လုပ်သားများနေမည့် အဆောက်အဦအသစ်၏အမည်ကို ဗေသလဟု ခေါ်ဝေါ်လိုက်သည်။a ဗေသလဟု အဘယ်ကြောင့်ခေါ်ရသနည်း။ ကင်းမျှော်စင်အသင်းဝယ်လိုက်သည့် ၁၃-၁၇၊ ဟစ္စလမ်းပေါ်ရှိမြေယာအဆောက်အဦကို အထင်ကရတရားဟောဆရာ ဟင်နရီဝေါဒ်ဘီချာက ပိုင်ဆိုင်ပြီး ဘီချာဗေသလဟု လူသိများကြသည်။ အမှတ် ၁၂၄၊ ကိုလံဘီယာဟိုက်စ်တွင်ရှိသော ဘီချာ၏ ယခင်အဆောက်အဦကိုလည်း ဝယ်လိုက်သည်။ ၁၉၀၉၊ မတ် ၁ ကင်းမျှော်စင်တွင် ဤသို့ဖော်ပြ၏– “ဘီချာဗေသလကို ဝယ်လိုက်ခြင်းနှင့် သူ၏ယခင်အဆောက်အဦကို မရည်ရွယ်ဘဲ ဝယ်လိုက်ခြင်းမှာ အလွန်ထူးခြားသည်။ . . . ကျွန်ုပ်တို့သည် အိမ်အသစ်ကို ‘ဗေသလ’ ဟုခေါ်ပြီး ရုံးခန်းနှင့်ခန်းမအသစ်ကို ‘ဘရွတ်ကလင်တဲတော်’ ဟုခေါ်ကြမည်။ ထိုအမည်များသည် ‘သမ္မာကျမ်းစာအိမ်တော်’ ဟူသောအမည်ကို အစားထိုးပါလိမ့်မည်။”

ယနေ့၊ လူနေအဆောက်အအုံများ၊ ပုံနှိပ်တိုက်နှင့် ရုံးခန်းများအပါအဝင် ဘရွတ်ကလင်တွင် ထပ်ချဲ့လိုက်သည့် အဆောက်အဦများ၊ အခြားနှစ်နေရာဖြစ်သည့် နယူးယောက်ပြည်နယ်၊ ဝေါလ်ကီးလ်နှင့်ပက်တာစင်ရှိ အဆောက်အဦများကိုလည်း ဗေသလဟုခေါ်ဝေါ်လိုက်သည်။ ယခု၊ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၁၃ နိုင်ငံတွင် ဗေသလအိမ်များရှိနေသည်။ ကျမ်းစာသတင်းတရားများ ဖြန့်ဝေနိုင်ရန် ကူညီပေးနေသော အမှုဆောင် ၁၉,၀၀၀ ကျော်တို့သည် ထိုတွင်အမှုဆောင်နေကြသည်။

ဧည့်သည်များကို လှိုက်လှဲစွာကြိုဆို

အဆောက်အဦများကို ၁၉၀၉၊ ဇန်နဝါရီ ၃၁ ရက်တွင် ဘုရားသခင်ထံ အပ်နှံခဲ့သည်။ ၁၉၀၉၊ စက်တင်ဘာ ၆ ရက်၊ တနင်္လာနေ့တွင် ဗေသလသို့ ဧည့်သည်များကို ဖိတ်ခေါ်ခဲ့သည်။ ယေဟောဝါသက်သေများဟု ယခုသိထားသည့် ရာနှင့်ချီသောကျမ်းစာကျောင်းသားများသည် ထိုအဆောက်အဦကို လှည့်လည်ကြည့်ရှုကြသည်။ များစွာမှာ နယူးယောက်မြို့၏မြောက်ဘက် မိုင် ၂၀၀ အကွာရှိ ဆာရာတိုဂါစပရင်းမြို့တွင် ကျင်းပသော ခရစ်ယာန်စည်းဝေးကြီးမှ တန်းလာခြင်းဖြစ်သည်။ ချားလ်စ်တေ့ဇ်ရပ်စယ်လ်ကိုယ်တိုင် ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်သည်။b

ဧည့်သည်များကို ဗေသလမှ ဖိတ်ခေါ်ဆဲဖြစ်သည်။ နှစ်စဉ် လူပေါင်း ၄၀,၀၀၀ ကျော်သည် ဘရွတ်ကလင်အဆောက်အဦများသို့ လာရောက်လည်ပတ်ကြသည်။ ဘရွတ်ကလင်ဗေသလသည် ယေဟောဝါ၏နိုင်ငံတော်အကျိုးစီးပွား ကျယ်ပြန့်စေရာတွင်၊ မရေတွက်နိုင်သော လူသန်းပေါင်းများစွာအတွက် ကောင်းချီးများဆောင်ကြဉ်းပေးရာတွင် အရေးပါသောကဏ္ဍမှ ပါဝင်ဆဲဖြစ်သည်။

a “ဗေသလ” ဟုပြန်ဆိုသော ဟေဗြဲစကားလုံးမှာ “ဘုရားသခင်၏အိမ်တော်” ဖြစ်သည်။ ကျမ်းစာတွင် ဗေသလသည် အစ္စရေးနိုင်ငံမှ အထင်ကရမြို့တစ်မြို့ဖြစ်သည်။ သို့သော် ဂျေရုဆလင်မြို့ကိုသာ မကြာခဏဖော်ပြလေ့ရှိသည်။

b ထပ်ဆင့်သမိုင်းဝင်အချက်အလက်များအတွက် ယေဟောဝါသက်သေများထုတ်ဝေသည့် ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများစာအုပ်[အင်္ဂလိပ်]၊ စာမျက်နှာ ၇၁၈-၇၂၃ တွင်ကြည့်ပါ။

ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းအကြောင်း သင်အဘယ်အရာသိရှိထားသနည်း

ပဲင်စီလ်ဘေးနီးယားပြည်နယ်ရှိ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းဟု ယခုသိထားကြသောအသင်းအဖွဲ့ကို ၁၈၈၄ ခုနှစ်တွင် ဇိအုန်ကင်းမျှော်စင်ဝေစာအသင်းအဖြစ် တရားဝင်စတင်တည်ထောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ ကျမ်းစာအမှန်တရားကို အထူးသဖြင့် ပုံနှိပ်စာအုပ်များဖြင့် ကမ္ဘာတစ်ဝန်း ပျံ့နှံ့စေရန်ဖြစ်သည်။ ယနေ့တိုင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းသည် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ တရားဝင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။c—ဖိလိပ္ပိ ၁:၇။

ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းသည် ကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများကို ဘာသာစကားပေါင်း ၄၇၃ ဘာသာဖြင့် ထုတ်ဝေနေသည်။ ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာ၏ တစ်အုပ်လုံးကိုဖြစ်စေ၊ အပိုင်းလိုက်ကိုဖြစ်စေ ဘာသာစကားပေါင်း ၇၂ မျိုးဖြင့် သန်း ၁၅၀ ကျော် ဖြန့်ချိခဲ့ပြီ။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းအပြင် အမေရိကန်စံတင်ဘာသာပြန်ကျမ်း၊ အင်္ဂလိပ်သက်ဝင်ကျမ်း၊ သည်အဲန်းဖက်တစ် ဒိုင်ဂလော့ထ်ကျမ်း၊ ဟော်လ်မန်၏ လီနီယားပယ်ရယ်လယ်ကျမ်း၊ ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်း (ကျမ်းစာကျောင်းသားများ ပြန်လည်တည်းဖြတ်ထားသည့်ကျမ်း အပါအဝင်)၊ ဒုတိယအကြိမ်ထုတ် အထူးဝေဖန်အရေးပေးထားသော အသစ်ပြန်ဆိုဓမ္မသစ်ကျမ်းများကိုလည်း ကိုယ်ပိုင်ပုံနှိပ်စက်များတွင် ပုံနှိပ်ခဲ့ သို့မဟုတ် ပုံနှိပ်ထုတ်ဝေရန် ညွှန်ကြားခဲ့သည်။

ယေဟောဝါသက်သေများသည် လွန်ခဲ့သောဆယ်နှစ်အတွင်း ကျမ်းစာများ ပုံနှိပ်ထုတ်ဝေခြင်းအပြင် စာအုပ်များ၊ မဂ္ဂဇင်းများ၊ ဝေစာများ၊ စီဒီချပ်များ၊ ဒီဗီဒီချပ်များနှင့် အလားတူကျမ်းစာအခြေပြုကိရိယာများကို ဘီလီယံ ၂၀ ကျော်ထုတ်လုပ်ခဲ့သည်။d ထိုအမျိုးအစားအများစုကို ကနေဒါ၊ ကိုလံဘီယာ၊ ကိုးရီးယား၊ ဂျပန်၊ ဂျာမနီ၊ စပိန်၊ တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ ဖင်လန်၊ ဗြိတိန်၊ ဘရာဇီး၊ မက္ကဆီကို၊ မြန်မာ၊ အမေရိကန်ပြည်ထောင်စု၊ အာဂျင်တီးနား၊ အီတလီ၊ အိန္ဒိယ၊ ဩစတြေးလျစသောနိုင်ငံများရှိ ဗေသလအိမ်များတွင် ပုံနှိပ်၊ ထုပ်ပိုးကာ ပို့ပေးကြသည်။

၁၉၉၈-၂၀၀၈ ထုတ်လုပ်မှု

[Caption on page 25]

စာအုပ်များ

၄၅၈,၂၃၀,၇၀၈

မဂ္ဂဇင်းများ

၁၁,၂၉၂,၄၁၃,၁၉၉

ဝေစာများ

၇,၉၉၆,၉၀၆,၃၇၆

ဘရိုရှာများ

၈၆၂,၀၅၀,၂၃၃

စီဒီချပ်/MP3

၃၄,၆၂၁,၁၃၀

ဒီဗီဒီချပ်များ

၁၃,၅၀၀,၁၂၅

အခြား

၁၂၉,၀၈၃,၀၃၁

စုစုပေါင်း

၂၀,၇၈၆,၈၀၄,၈၀၂

c ၂၀၀၈ ခုနှစ်တွင် ယေဟောဝါသက်သေများသည် ၂၃၆ နိုင်ငံတွင် ၇,၁၂၄,၄၄၃ ဦးခန့်ရှိသည်။ သူတို့ကို အသင်းတော်ပေါင်း ၁၀၃,၂၆၇ ခုဖြင့်ဖွဲ့စည်းထားသည်။

d ယင်းတို့ကို ရောင်းချခြင်းမဟုတ်ပါ။ ယေဟောဝါသက်သေများ၏ ကျမ်းစာပညာပေးလုပ်ငန်းကို စေတနာအလျောက်ထည့်ဝင်သည့် အလှူငွေများဖြင့် ထောက်ပံ့ထားခြင်းဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ