ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၇/၁ စာ. ၁၅-၁၇
  • မှတ်သားလောက်ဖွယ် ပုံနှိပ်တိုက်သို့ အလည်တစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မှတ်သားလောက်ဖွယ် ပုံနှိပ်တိုက်သို့ အလည်တစ်ခေါက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေတ္တာ၊ ယုံကြည်မှုနှင့် နာခံမှုတို့၏သက်သေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ပိတ်ပင်မှုအတွင်း သမ္မာကျမ်းစာ စာပေများကို ပုံနှိပ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဌာနခွဲစာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • တာရှည်အသုံးခံတဲ့ကျမ်းစာ
    ၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၇/၁ စာ. ၁၅-၁၇

မှတ်သားလောက်ဖွယ် ပုံနှိပ်တိုက်သို့ အလည်တစ်ခေါက်

သင်ယခုဖတ်ရှုနေသောမဂ္ဂဇင်းကို ယခင်ကလည်း တွေ့ဖူးပေမည်။ ယေဟောဝါသက်သေများသည် သင့်အိမ်သို့ရောက်လာပြီး ကျမ်းစာကိုပိုနားလည်နိုင်ရန် အထောက်အကူပြုသည့် ကင်းမျှော်စင်နှင့် နိုးလော့!စာစောင်များ ဝေငှခဲ့ပေမည်။ သို့မဟုတ် လမ်းပေါ်တွင်၊ ဈေးတွင် ထိုကျမ်းစာစာပေများကို သက်သေခံများ ဝေငှနေသည်ကို သင်မြင်ဖူးပေမည်။ အမှန်မှာ ဤလစဉ်ထုတ်စာစောင်သည် ကမ္ဘာတွင် အထုတ်ဝေရဆုံးမဂ္ဂဇင်းဖြစ်ပြီး တစ်လလျှင် ၃၅ သန်း ကျော်ထုတ်ဝေလျက်ရှိသည်။

ထိုစာပေအားလုံးကို မည်သည့်နေရာတွင် မည်သို့ထုတ်လုပ်လျက်ရှိကြောင်း သင်တွေးကြည့်ဖူးသလော။ ထိုမေးခွန်းကိုဖြေဆိုနိုင်ရန် နိုင်ငံများစွာတွင် ယေဟောဝါသက်သေများ အသုံးပြုနေသည့် ပုံနှိပ်စက်များစွာထဲမှ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဝေါလ်ကီးလ်ရှိ ပုံနှိပ်စက်တစ်ခုကိုသာ သုံးသပ်ကြည့်ကြစို့။ ကမ္ဘာတစ်ဝန်းရှိ ကျွန်ုပ်တို့၏စာရှုသူများစွာသည် အမေရိကန်ပြည်ထောင်စုတွင် ယေဟောဝါသက်သေများ အသုံးပြုနေသော ပုံနှိပ်စက်ကို ကိုယ်တိုင်သွားရောက်ကြည့်ရှုနိုင်ကြမည်မဟုတ်ပေ။ ထို့ကြောင့် ဤဆောင်းပါးတွင်ပါသော စကားလုံးများ၊ ရုပ်ပုံများမှတစ်ဆင့် လည်ပတ်ကြည့်ရှုခြင်းက အကောင်းဆုံးဖြစ်ပေမည်။

ပုံနှိပ်ခြင်းဟူသည် ရေးသားထားသောစကားလုံးများမှ အစပြုခြင်းဖြစ်သည်။ ကွန်ပျူတာဂရပ်ဖစ်ဌာနသည် နယူးယောက်ပြည်နယ်၊ ဘရွတ်ကလင်မြို့ရှိ စာပေပြုစုရေးဌာနမှ အီလက်ထရောနစ်နည်းစနစ်ဖြင့် ပို့လိုက်သောဖိုင်များကို ရရှိသည်။ ထိုဖိုင်များဖြင့် ပုံနှိပ်ပြားများကို ပြုလုပ်သည်။ ဝေါလ်ကီးလ်ရှိ ပုံနှိပ်စက်သို့ တစ်လလျှင် စက္ကူလိပ် ၁,၄၀၀ ခန့်ရောက်ရှိပြီး တစ်ရက်လျှင် စက္ကူ တန် ၈၀ မှ ၁၀၀ ခန့်အသုံးပြုသည်။ ပေါင် ၃,၀၀၀ ကျော်လေးသော စက္ကူလိပ်များကို ပတ်လည်အော့ဖ်ဆက်ပုံနှိပ်စက်ကြီးငါးလုံးတွင် တပ်ဆင်သည်။ စက္ကူကို ပုံနှိပ်၊ ဖြတ်တောက်ပြီးနောက် ၃၂ မျက်နှာလျှင် တစ်စောင်စီအဖြစ် ခေါက်သည်။ သင်ဖတ်ရှုနေသောမဂ္ဂဇင်းသည် တစ်စောင်ဖြစ်သည်။ စာအုပ်များကော မည်သို့နည်း။ စာအုပ်ချုပ်ဌာနတွင် စာစောင်များကို စာအုပ်များအဖြစ် တွဲချုပ်သည်။ စာအုပ်ချုပ်လိုင်းနှစ်ခုအနက် တစ်ခုသည် တစ်ရက်လျှင် အဖုံးထူစာအုပ် ၅၀,၀၀၀ သို့မဟုတ် အဖုံးပျော့စာအုပ် ၇၅,၀၀၀ ကိုထုတ်လုပ်နိုင်သည်။ စာအုပ်ချုပ်လိုင်းနောက်တစ်ခုသည် တစ်ရက်လျှင် အဖုံးပျော့စာအုပ် ၁၀၀,၀၀၀ ခန့်ကိုထုတ်လုပ်နိုင်သည်။

၂၀၀၈ ခုနှစ်အတွင်း ဤပုံနှိပ်စက်သည် စာအုပ်ပေါင်း ၂၈,၀၀၀,၀၀၀ ကျော်ကိုထုတ်လုပ်နိုင်ခဲ့ပြီး ယင်းတို့မှ ၂.၆ သန်းကျော်မှာ ကျမ်းစာအုပ်များဖြစ်သည်။ ထိုနှစ်အတွင်း၌ပင် မဂ္ဂဇင်းစောင်ရေ ၂၄၃,၃၁၇,၅၆၄ ကိုထုတ်လုပ်ခဲ့သည်။ ပုံနှိပ်တိုက်တွင် ထိုသို့သောကျမ်းစာစာပေများကို ဘာသာစကားပေါင်း ၃၈၀ ခန့်ဖြင့် သိုလှောင်ထားသည်။ စာပေများကို ထုတ်လုပ်ပြီးသည်နှင့် အဘယ်အရာဆက်ဖြစ်သနည်း။

ပုံနှိပ်တိုက်သည် အမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ အသင်းတော် ၁၂,၇၅၄ ခု၊ ကရစ်ဘီယံနှင့်ဟာဝိုင်ယီရှိ အသင်းတော် ၁,၃၆၉ ခုမှ အမှာစာများရရှိသည်။ ထုပ်ပို့ရေးဌာနသည် ထိုမှာယူပစ္စည်းအားလုံးကို ထုပ်ပိုးပြီး သင့်လျော်ရာလိပ်စာများသို့ ပို့ပေးရန် စီစဉ်သည်။ နှစ်စဉ် စာပေ အလေးချိန်ပေါင် သန်း ၃၀ ခန့်ကို အမေရိကန်ပြည်ထောင်စုရှိအသင်းတော်များထံ ပို့ပေးလျက်ရှိသည်။

ပုံနှိပ်စက်၏အရေးကြီးဆုံးအပိုင်းမှာ စက်များမဟုတ်ဘဲ လူများဖြစ်သည်။ ဂရပ်ဖစ်ဌာန၊ အစီအစဉ်ရေးဆွဲသည့်ဌာန၊ ပုံနှိပ်စက်ခန်းဌာန၊ စာအုပ်ချုပ်ဌာန၊ ထုပ်ပို့ရေးဌာနတို့ဖြင့် ဖွဲ့စည်းထားသည့် ပုံနှိပ်ဌာနများတွင် လုပ်သား ၃၀၀ ကျော်အလုပ်လုပ်သည်။ လုပ်ခမယူသော စေတနာ့ဝန်ထမ်းများဖြစ်သည့် ထိုလုပ်သားအားလုံးသည် အသက် ၁၉ မှ ၉၂ နှစ်အထိ အသီးသီးရှိသည်။

သူတို့သည် ဤစာပေစာတမ်းများကို မက်မောစွာရရှိပြီး သင်ကြားခံရမည့်၊ အားပေးခံရမည့်၊ ထိုထဲတွင်ဆွေးနွေးထားသော ကျမ်းစာမူများဖြင့်လမ်းညွှန်ခံရမည့် လူတို့ကို အလွန်စိတ်ဝင်စားသည်။ သင်သည် ထိုသို့သောစာရှုသူတစ်ဦးဖြစ်သည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ ဤတွင်ပုံနှိပ်ထုတ်ဝေသည့် စာပေများက ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်နှင့်ဆိုင်သော ထာဝရအသက်ရရှိစေသည့်အသိပညာကို ဆက်ဆည်းပူးနိုင်ရန် သင့်အား ကူညီပေးသည်ဟုလည်း မျှော်လင့်ပါသည်။—ယောဟန် ၁၇:၃။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

[Full-page picture on page 17]

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ