ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁/၁ စာ. ၃၀
  • နှိမ့်ချမှုနဲ့ ရဲစွမ်းသတ္တိရှိသူ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှိမ့်ချမှုနဲ့ ရဲစွမ်းသတ္တိရှိသူ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်၏သနားကြင်နာမှုဆိုင်ရာ သင်ခန်းစာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှု၏ အံ့ဖွယ်ကုသမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သွေးဆောင်မှုကို ယေရှုတွန်းလှန်ခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁/၁ စာ. ၃၀

လူငယ်စာရှုသူများအတွက်

နှိမ့်ချမှုနဲ့ ရဲစွမ်းသတ္တိရှိသူ

ယောန—အပိုင်း ၁

ညွှန်ကြားချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကိုဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာမြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။

၁ အဖြစ်အပျက်ကို ဆန်းစစ်ပါ။—ယောန ၁:၁-၁၇; ၂:၁၀–၃:၅ ကိုဖတ်ပါ။

မိုးသက်မုန်တိုင်းရဲ့အသံကို သင် ဘယ်လိုကြားယောင်မိသလဲ၊ မြင်ကွင်းကိုကော သင့်စိတ်ထဲ ဘယ်လိုမြင်ယောင်မိသလဲ။

․․․․․

ယောနနဲ့ သင်္ဘောသားတွေရဲ့အသံကို ကြားယောင်တဲ့အခါ သင် ဘယ်လိုခံစားရသလဲ။

․․․․․

ပင်လယ်ထဲ ယောန နစ်မြုပ်သွားပြီးတဲ့နောက် ငါးကြီးက မျိုချလိုက်တဲ့အခါ သူ ဘာအကြောင်းတွေ တွေးနေမလဲဆိုတာ ချရေးကြည့်ပါ။ (ယောန ၂:၁-၉ ကိုဖတ်ပါ။)

․․․․․

၂ ထပ်လေ့လာကြည့်ပါဦး။

နိနေဝေမြို့သားတွေက ဘယ်လိုလူစားမျိုးတွေလဲ၊ ယောနက အစပိုင်းမှာ အဲဒီလူတွေဆီသွားဖို့ တွန့်ဆုတ်ခဲ့တာ ဘာကြောင့်လဲ။ (နာဟုံ ၃:၁)

․․․․․

နိနေဝေမြို့က ဘုရားသခင်အတွက် ဘယ်လိုသဘောနဲ့ “အလွန်ကြီးသောမြို့” ဖြစ်နေတာလဲ။ (ယောန ၃:၃; ၂ ပေတရု ၃:၉)

․․․․․

ယောနက (ကိုယ့်အမှားအကြောင်း၊ ဘုရားသခင်အကြောင်း) ပွင့်ပွင့်လင်းလင်းပြောခဲ့တာကို ကြည့်ခြင်းအားဖြင့် သူ့စိတ်ဓာတ်အကြောင်း ဘာသိနိုင်သလဲ။ (ယောန ၁:၉၊ ၁၀ ကိုပြန်ဖတ်ပါ။)

․․․․․

ပင်လယ်ထဲ ပစ်ချခံရပြီးတဲ့နောက် သင်္ဘောပေါ်မှာ ဖြစ်ပျက်ခဲ့ရာတွေကို ယောန ဘယ်လိုသိခဲ့တာ ဖြစ်မလဲ။ (ယောန ၁:၁၅၊ ၁၆ ကိုပြန်ဖတ်ပါ။)

․․․․․

၃ သင်ယူသိရှိခဲ့တာကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာကို ချရေးကြည့်ပါ . . .

ကြောက်ရွံ့မှု။

․․․․․

နှိမ့်ချမှု။

․․․․․

ရဲစွမ်းသတ္တိ။

․․․․․

ဆိုးသွမ်းတယ်လို့ တို့တွေထင်ရတဲ့လူတွေအပေါ် ယေဟောဝါဘုရားသခင်ရဲ့ ရှုမြင်ပုံ။

․․․․․

၄ ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ၊ ဘာကြောင့်လဲ။

․․․․․

ဒီအကြောင်း ပိုသိနိုင်ဖို့ ၂၀၀၉၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၅-၂၈ ကိုကြည့်ပါ။

သင်၌ သမ္မာကျမ်းစာ မရှိပါက ဝက်ဘ်ဆိုက်တွင် သမ္မာကျမ်းစာ အခြေပြုစာပေများကို ဖတ်ရှုနိုင်ပါသည် www.pr2711.com

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ