ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၃/၁ စာ. ၂၄
  • ဘုရားသခင်၏သနားကြင်နာမှုဆိုင်ရာ သင်ခန်းစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်၏သနားကြင်နာမှုဆိုင်ရာ သင်ခန်းစာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှိမ့်ချမှုနဲ့ ရဲစွမ်းသတ္တိရှိသူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှု၏ အံ့ဖွယ်ကုသမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှုက နားထောင်နေသူတွေကို အံ့အားသင့်စေခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၃/၁ စာ. ၂၄

လူငယ်စာရှုသူများအတွက်

ဘုရားသခင်၏သနားကြင်နာမှုဆိုင်ရာ သင်ခန်းစာ

ယောန—အပိုင်း ၂

ညွှန်ကြားချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာမြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။

၁ အဖြစ်အပျက်ကို ဆန်းစစ်ပါ။—ယောန ၃:၁–၄:၁၁။

နိနေဝေမြို့ထဲ ယောနဝင်သွားတဲ့အချိန်မှာ သူဘယ်လိုခံစားရမယ်လို့ သင် ထင်သလဲ။

․․․․․

ယေဟောဝါဘုရားသခင်ရဲ့ တရားစီရင်ချက်ကို ယောနကြေညာတဲ့အခါ သူ့အသံက ဘယ်လိုဖြစ်နေမလဲ။

․․․․․

မြို့ပြင်မှာ ယောနထိုင်နေတဲ့အခါ ဘာကြောင့် သူစိတ်မချမ်းမသာဖြစ်နေရတာလဲ။ (ယောန ၄:၅-၈ ကိုဖတ်ပါ။)

․․․․․

၂ ထပ်လေ့လာကြည့်ပါဦး။

ယောနက ယေဟောဝါဘုရားသခင် ကြိုဟောတဲ့အတိုင်း နိနေဝေမြို့ကို ဘာဖြစ်လို့ ပျက်စီးစေချင်ခဲ့ရတာလဲ။

․․․․․

သင်လက်လှမ်းမီသလောက် သုတေသနပြုပြီး (၁) နိနေဝေမြို့ကြီးရဲ့ပုံစံနဲ့ အရွယ်အစားအကြောင်း (၂) နိနေဝေမင်းကြီးက လျှော်တေအဝတ်ကိုဝတ်ပြီး ပြာပေါ်မှာ ဘာကြောင့် ထိုင်နေရတယ်ဆိုတဲ့အကြောင်း ကိုယ်တိုင်လေ့လာပါ။

․․․․․

ယောနက နိနေဝေမြို့ ပျက်စီးခြင်းအကြောင်း ကြိုဟောဖို့ အစပိုင်းမှာ အင်တင်တင်ဖြစ်နေပေမဲ့ သူ့ကို သစ္စာရှိပြီး ရဲရင့်တဲ့ ပရောဖက်ဆိုပြီး ဘာဖြစ်လို့ခေါ်တာလဲ။ (မဿဲ ၂၁:၂၈-၃၁)

․․․․․

၃ သင်ယူသိရှိခဲ့တာကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာကို ချရေးကြည့်ပါ . . .

ဆိုးညစ်တဲ့ဘဝလမ်းစဉ်ကို လူတွေ စွန့်လွှတ်နိုင်စွမ်းရှိပုံ။

․․․․․

ယေဟောဝါဘုရားသခင်ရဲ့ သနားကြင်နာမှု။

․․․․․

ကျွန်ုပ်တို့ သနားကြင်နာမှုပြဖို့လိုအပ်ပုံ။

․․․․․

၄ ဒီမှတ်တမ်းမှာ အဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ၊ ဘာကြောင့်လဲ။

․․․․․

ထပ်ဆင့်သိလိုပါက ၂၀၀၉၊ ဧပြီ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၄-၁၈ ကိုကြည့်ပါ။

သင်၌ ကိုယ်ပိုင်ကျမ်းစာမရှိလျှင် www.pr2711.com ဝက်ဘ်ဆိုက်တွင် ကျမ်းစာအခြေပြုစာပေများကို ဖတ်ရှုနိုင်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ