ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၄/၁ စာ. ၃
  • လောကကို ပြောင်းလဲစေခဲ့သူ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လောကကို ပြောင်းလဲစေခဲ့သူ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဒူပေနာပေခံ ထိုရောဂါပိုးများ—ပြန်ထွန်းလာပုံ
    နိုးလော့!—၂၀၀၄
  • အန္တရာယ် မည်မျှ ကြီးမားသနည်း
    နိုးလော့!—၂၀၀၄
  • ရောဂါတိုက်ဖျက်ရေးတွင် အောင်မြင်မှုများနှင့် ရှုံးနိမ့်မှုများ
    နိုးလော့!—၂၀၀၄
  • ပြိုင်ဘက်ကင်းသော စာအုပ်တစ်အုပ်
    နိုးလော့!—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၄/၁ စာ. ၃

လောကကို ပြောင်းလဲစေခဲ့သူ

ဤကမ္ဘာမြေပေါ်တွင် လူသန်းပေါင်းများစွာ အသက်ရှင်ကာ သေဆုံးသွားကြလေပြီ။ လူအများစုသည် မထင်မရှားအသက်ရှင်ကာ သေဆုံးသွားခဲ့ကြသော်လည်း လူနည်းစုကမူ သမိုင်းတစ်လျှောက် ဩဇာညောင်းခဲ့လေပြီ။ ထိုသူတို့သည် သင်၏နေ့စဉ်အသက်တာကိုပင် ဩဇာညောင်းကောင်း ညောင်းခဲ့ပေမည်။

သင်သည် မနက်အိပ်ရာမှထကာ အလုပ်သွားဖို့ ပြင်ဆင်နေသည်။ သင်ပြင်ဆင်နေစဉ် မီးကိုဖွင့်ထားသည်။ ဘတ်စကားပေါ်တွင်ဖတ်ရန် မဂ္ဂဇင်းတစ်အုပ်ကို ဆွဲယူလိုက်သည်။ ထို့နောက် ဆရာဝန်ညွှန်းထားသော ဆေးကိုသောက်ဖို့ သင် သတိရလိုက်သည်။ သင်၏နေ့ရက်ကို စတင်ရုံသာရှိသေးသည်။ ထင်ရှားကျော်ကြားသူတချို့၏ လုပ်ဆောင်မှုမှ အကျိုးခံစားရပြီးပြီ။

မိုက်ကယ်ဖာရာဒေး ၁၇၉၁ ခုနှစ်တွင် မွေးဖွားခဲ့သော အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင်တစ်ဦးဖြစ်ပြီး လျှပ်စစ်မော်တာနှင့် ဒိုင်နမိုတို့ကို တီထွင်ခဲ့၏။ သူ၏ရှာဖွေတွေ့ရှိချက်နှင့် တီထွင်မှုများကြောင့် လျှပ်စစ်ကို လူတို့ အသုံးတွင်ကျယ်လာခဲ့ကြသည်။

ဆီးလွိမ် တရုတ်နန်းတွင်းအရာရှိတစ်ဦးဖြစ်ပြီး အေဒီ ၁၀၅ ခန့်တွင် စက္ကူပြုလုပ်ပုံနည်းစနစ်ကို ပိုကောင်းအောင် ပြုလုပ်နိုင်ခဲ့သူအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ ထိုနည်းစနစ်ကြောင့် စက္ကူအများအပြားထုတ်လုပ်နိုင်ခဲ့သည်။

ယိုဟန်နပ်စ် ဂူတင်ဘာ့ဂ် ဂျာမန်လူမျိုး တီထွင်သူပညာရှင်ဖြစ်ပြီး ၁၄၅၀ ပြည့်နှစ်ခန့်တွင် ခဲစာလုံးအရှင်ကို အသုံးပြုကာ ပထမဆုံး ပုံနှိပ်စက်ကို တီထွင်ခဲ့သည်။ ယင်းစက်ကြောင့် စရိတ်စကနည်းနည်းဖြင့် ပုံနှိပ်နိုင်ခဲ့ပြီး အကြောင်းအရာအမျိုးမျိုးကို နေရာအနှံ့အပြားသို့ သတင်းဖြန့်ချိနိုင်ခဲ့သည်။

အလက်ဇန္ဒား ဖလန်းမင်း စကော့တလန်လူမျိုး သုတေသီတစ်ဦးဖြစ်ပြီး ၁၉၂၈ ခုနှစ်တွင် ပဋိဇီ၀ဆေးတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ရာ ယင်းကို ပင်နီဆီလင်ဟု အမည်ပေးလိုက်သည်။ ယခုအခါ ပဋိဇီ၀ဆေးများကို ဗက်တီးရီးယားပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါများကို ကုသရန် အသုံးပြုလျက်ရှိသည်။

လူတချို့၏ အဆိုပါရှာဖွေတွေ့ရှိချက်များနှင့် ဆန်းသစ်တီထွင်မှုများကြောင့် လူသန်းပေါင်းများစွာ အကျိုးကျေးဇူးခံစားကြရပြီး ကျန်းမာရေးပိုမိုကောင်းမွန်လာကြသည်မှာ ငြင်းစရာမရှိချေ။

သို့သော် အခြားသူများနှင့် လုံး၀မတူ တစ်မူထူးခြားသည့် ပုဂ္ဂိုလ်တစ်ဦးရှိပါသည်။ ထိုသူကို သိပ္ပံပညာဆိုင်ရာ ရှာဖွေတွေ့ရှိချက်တစ်ခုခု သို့မဟုတ် ဆေးဘက်ဆိုင်ရာ အောင်မြင်မှုတစ်ခုခုအတွက် သိရှိကြခြင်းမဟုတ်ချေ။ ဆင်းရဲနွမ်းပါးသောနောက်ခံမှ ကြီးပြင်းလာသည့် ထိုသူသည် လွန်ခဲ့သော အနှစ် ၂,၀၀၀ ခန့်က သေဆုံးသွားပြီဖြစ်သည်။ သို့သော် မျှော်လင့်ချက်နှင့် နှစ်သိမ့်မှုပေးသော တန်ခိုးပါသည့် သတင်းစကားတစ်ရပ်ကို သူမသေဆုံးမီ ထားရစ်ခဲ့၏။ ထိုသူ၏သတင်းစကားက ကမ္ဘာတစ်ဝန်းရှိ လူတို့၏ဘဝအပေါ် အကျိုးသက်ရောက်ခဲ့ပုံကို ထောက်ရှုသော် ထိုသူသည် အမှန်ပင် လောကကို ပြောင်းလဲစေခဲ့သူဖြစ်ကြောင်း လူအများက သဘောတူကြပေမည်။

ထိုသူသည် ယေရှုခရစ်ပင်ဖြစ်၏။ မည်သည့်သတင်းစကားကို ကိုယ်တော် ဟောပြောခဲ့သနည်း။ ထိုသတင်းစကားသည် သင့်ဘ၀အပေါ် အဘယ်အကျိုးသက်ရောက်နိုင်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ