ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၂/၁ စာ. ၁၆-၁၇
  • ဘုရားသခင်က ဘယ်သူလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်က ဘယ်သူလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်က ဘယ်သူလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဘုရားသခင်ဟာ ဘယ်သူလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားက ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင့်နာမည်ကို ဘာကြောင့် အသုံးပြုသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၂/၁ စာ. ၁၆-၁၇

ဘုရားသခင့်စကားတော်မှ သင်ယူပါ

ဘုရားသခင်က ဘယ်သူလဲ

ဒီဆောင်းပါးမှာ သင် မေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သင့်ကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဝမ်းမြောက်ဝမ်းသာ ဆွေးနွေးလိုကြပါတယ်။

၁။ ဘုရားသခင်က ဘယ်သူလဲ

စစ်မှန်တဲ့ဘုရားသခင်ဟာ အရာခပ်သိမ်းဖန်ဆင်းရှင်ဖြစ်ပါတယ်။ ကျမ်းစာမှာ ဘုရားသခင်ကို “ထာဝရဘုရင်” လို့ခေါ်ဆိုထားတယ်။ ဆိုလိုတာက ဘုရားသခင်မှာ အစလည်း မရှိခဲ့သလို အဆုံးလည်း ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။ (ဗျာ. ၁၅:၃) ဘုရားသခင်ဟာ အသက်ရဲ့ပင်ရင်းဖြစ်တဲ့အတွက် ကိုယ်တော်တစ်ဦးတည်းကိုပဲ ဝတ်ပြုကိုးကွယ်သင့်ပါတယ်။—ဗျာ. ၄:၁၁ ကိုဖတ်ပါ။

၂။ ဘုရားသခင်က ဘယ်လိုပုံပန်းသဏ္ဌာန်ရှိသလဲ

ဘုရားသခင်ကို ဘယ်သူမှ မမြင်ဖူးကြဘူး။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က လူသားတွေထက် ပိုအဆင့်မြင့်ပြီး အသက်ရှင်တဲ့ ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်နေလို့ပါပဲ။ (ယောဟန် ၁:၁၈; ၄:၂၄) ဘုရားသခင် ဖန်ဆင်းထားသမျှအရာတွေထဲမှာ ကိုယ်တော်ရဲ့ အရည်အသွေးတွေကို တွေ့ရတယ်။ ဥပမာ၊ မျိုးပေါင်းစုံလင်လှတဲ့ သစ်သီးဝလံတွေ၊ ပန်းမန်တွေကို စေ့စေ့စဉ်းစား ဆင်ခြင်ကြည့်ရင် ဘုရားသခင်ရဲ့မေတ္တာတော်နဲ့ ဉာဏ်ပညာတော်ကို သိမြင်နိုင်ပါတယ်။ ကျယ်ပြောလှတဲ့ စကြဝဠာကိုကြည့်လိုက်ရင်လည်း ဘုရားသခင်ရဲ့တန်ခိုးတော်ကို တွေ့ မြင်နိုင်ပါတယ်။—ရောမ ၁:၂၀ ကိုဖတ်ပါ။

ဘုရားသခင်ရဲ့ အရည်အသွေးတွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ပိုပြီးလေ့လာသိရှိနိုင်ပါတယ်။ ဥပမာ၊ ဘုရားသခင် နှစ်သက်ရာ၊ မနှစ်သက်ရာ၊ လူတွေနဲ့ပြုမူဆက်ဆံပုံ၊ အခြေအနေကိုကြည့်ပြီး တုံ့ပြန်တတ်ပုံကို ကျမ်းစာမှာ ဖော်ပြထားပါတယ်။—ဆာလံ ၁၀၃:၇-၁၀ ကိုဖတ်ပါ။

၃။ ဘုရားသခင်မှာ နာမည်ရှိသလား

‘ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမသည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ’ ဆိုပြီး ယေရှုပြောခဲ့တယ်။ (မဿဲ ၆:၉) ဘုရားသခင်မှာ ဘွဲ့အမျိုးမျိုးရှိပေမဲ့ နာမည်တစ်ခုတည်းပဲ ရှိပါတယ်။ အဲဒီနာမည်ကို ဘာသာစကားတစ်မျိုးစီနဲ့ရွတ်ဆိုရင် အသံတစ်မျိုးစီ ထွက်ကြပါတယ်။ မြန်မာလိုဆိုရင် ယေဟောဝါလို့ အသံထွက်ပါတယ်။—ယေရမိ ၃၃:၂ ကိုဖတ်ပါ။

ကျမ်းစာအတော်များများမှာ ဘုရားသခင့်နာမည်ကို ဖယ်ထုတ်ပြီး သခင် ဒါမှမဟုတ် ဘုရားသခင်ဆိုတဲ့ ဘွဲ့တွေနဲ့ အစားထိုးထားကြတယ်။ ဒါပေမဲ့ ကျမ်းစာကို ရေးသားခဲ့ချိန်က ဘုရားသခင့်နာမည်ကို အကြိမ်ပေါင်း ၇,၀၀၀ နီးပါး ဖော်ပြထားပါတယ်။ လူတွေကို ဘုရားသခင့်စကားတော်အကြောင်း ယေရှု ရှင်းပြတဲ့အခါ ဘုရားသခင့်နာမည်ကို အသုံးပြုခြင်းအားဖြင့် ကြားသိစေခဲ့တယ်။ ဘုရားသခင်ကို လူတွေသိကျွမ်းလာအောင်လည်း ယေရှု ကူညီပေးခဲ့တယ်။—ယောဟန် ၁၇:၂၆ ကိုဖတ်ပါ။

၄။ ကျွန်ုပ်တို့ကို ဘုရားသခင် ဂရုစိုက်သလား

ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေကို ကိုယ်တိုင် နားညောင်းပေးခြင်းအားဖြင့် ကျွန်ုပ်တို့ကို ဘုရားသခင် စိတ်ဝင်စားကြောင်း ဖော်ပြပါတယ်။ (ဆာလံ ၆၅:၂) ဆင်းရဲခက်ခဲမှုတွေ များပြားလာတာက ကျွန်ုပ်တို့ကို ဘုရားသခင် ဂရုမစိုက်ဘူးဆိုတဲ့ သဘောလား။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဆင်းရဲခက်ခဲမှုတွေ ကြုံစေခြင်းအားဖြင့် စမ်းသပ်နေတယ်လို့ လူတချို့က ဆိုကြပေမဲ့ အဲဒါက မမှန်ပါဘူး။ ‘ဘုရားသခင်သည် မကောင်းမှုကိုပြုတော်မမူ’ လို့ကျမ်းစာမှာ ဖော်ပြထားပါတယ်။—ယောဘ ၃၄:၁၂; ယာကုပ် ၁:၁၃ ကိုဖတ်ပါ။

ဘုရားသခင်ဟာ လူသားတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားခြင်းအားဖြင့် ဂုဏ်တင်ထားတယ်။ ဘုရားသခင်ကို ဝတ်ပြုဖို့ ကျွန်ုပ်တို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တန်ဖိုးထားရင် မကောင်းဘူးလား။ (ယောရှု ၂၄:၁၅) လူအတော်များများဟာ တခြားသူတွေအပေါ် မကောင်းမှုတွေပြုဖို့ ရွေးချယ်ကြလို့ ဆင်းရဲခက်ခဲမှုတွေ များပြားလာရတာပါ။ အဲလိုမတရားမှုတွေကို ဘုရားသခင် တွေ့တဲ့အခါ စိတ်တော်နာကျင်ပါတယ်။—ကမ္ဘာဦး ၆:၅၊ ၆၊ [ကဘ] ကိုဖတ်ပါ။

မကြာခင် ဘုရားသခင်ဟာ ယေရှုကိုအသုံးပြုပြီး ဆင်းရဲခက်ခဲမှုတွေ ဖြစ်ပေါ်စေတဲ့သူတွေနဲ့ ဆင်းရဲခက်ခဲမှုတွေကို ဖယ်ရှားပစ်ပါတော့မယ်။ ဒီအတောအတွင်း ဘုရားသခင်ကလည်း အကြောင်းကောင်းတွေရှိလို့ ဆင်းရဲခက်ခဲမှုတွေကို ခေတ္တဖြစ်ခွင့်ပြုထားတာပါ။ ဆင်းရဲခက်ခဲမှုတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားရသလဲဆိုတာကို ဒီအခန်းဆက်တွေမှာပဲ ရှင်းပြသွားပါမယ်။—ဟေရှာယ ၁၁:၄ ကိုဖတ်ပါ။

၅။ ကျွန်ုပ်တို့ကို ဘုရားသခင် ဘာလုပ်စေချင်သလဲ

ကျွန်ုပ်တို့ဟာ ဘုရားသခင်ကိုသိကျွမ်းလာပြီး ချစ်မြတ်နိုးဖို့ဆိုတဲ့ စွမ်းရည်နဲ့ ဖန်ဆင်းခံထားရပါတယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ကိုယ်တော်နဲ့ပတ်သက်တဲ့ အမှန်တရားကို သိစေချင်တယ်။ (၁ တိမောသေ ၂:၄) ကျမ်းစာကို လေ့လာမယ်ဆိုရင် ဘုရားသခင်ကို မိတ်ဆွေလိုမျိုး သိကျွမ်းလာနိုင်ပါတယ်။—သု. ၂:၄၊ ၅; ယာကုပ် ၂:၂၃ တို့ကိုဖတ်ပါ။

ဘုရားသခင်က ကျွန်ုပ်တို့ကို အသက်ပေးထားတဲ့အတွက် တခြားသူတွေထက် ဘုရားသခင်ကို ပိုပြီးချစ်မြတ်နိုးသင့်ပါတယ်။ ကိုယ်တော့်ထံ ဆုတောင်းခြင်းနဲ့ ကိုယ်တော်တောင်းဆိုရာကို လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်ကိုချစ်မြတ်နိုးကြောင်း ဖော်ပြနိုင်ပါတယ်။ (သု. ၁၅:၈) တခြားသူတွေကို မေတ္တာနဲ့ဆက်ဆံဖို့လည်း ဘုရားသခင် တောင်းဆိုထားပါသေးတယ်။—မာကု ၁၂:၂၉၊ ၃၀; ၁ ယောဟန် ၅:၃ တို့ကိုဖတ်ပါ။

ပိုမိုသိလိုပါက ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည် စာအုပ်၏ အခန်း ၁ ကိုဖတ်ကြည့်ပါ။

[စာမျက်နှာ ၁၇ ပါရုပ်ပုံ]

ဆင်းရဲခက်ခဲမှုတွေကို ခေတ္တဖြစ်ခွင့်ပြုထားတာက အကြောင်းကောင်းရှိနိုင်ပါသလား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ