ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၃/၁ စာ. ၃၀-၃၁
  • စစ်မှန်တဲ့ဝတ်ပြုရေးကို ကာကွယ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်တဲ့ဝတ်ပြုရေးကို ကာကွယ်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • မတရားမှုကို ရွံမုန်းတဲ့ ဘုရားသခင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှု၏ အံ့ဖွယ်ကုသမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • အထူးတာဝန်တစ်ခု မောရှေ ရရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၃/၁ စာ. ၃၀-၃၁

လူငယ်စာရှုသူများအတွက်

စစ်မှန်တဲ့ဝတ်ပြုရေးကို ကာကွယ်ပါ

ညွှန်ကြားချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ ဝန်းကျင်မှာ ပြုလုပ်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။ ဘယ်လိုအသက်ဝင်စေနိုင်သလဲဆိုရင် ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင် ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ စိတ်ထဲမှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေခံစားသလို လိုက်ခံစားကြည့်ပါ။

အဓိကဇာတ်ကောင်များ– ဧလိယ၊ အာဟပ်နဲ့ ဗာလပရောဖက် ၄၅၀

အကျဉ်းချုပ်– ယေဟောဝါဘုရားသခင်ဟာ ဗာလနတ်ဘုရားထက် ပိုပြီးကြီးမြတ်တယ်ဆိုတာ ဧလိယ သက်သေထူ။

၁ ၃ရာ. ၁၈:၁၇-၄၀ ကိုဖတ်ပြီး အဖြစ်အပျက်ကို ဆန်းစစ်ပါ။

စာရွက်တစ်ရွက်စီပေါ်မှာ ဧလိယနဲ့ သူတည်ထားတဲ့ ယဇ်စင်၊ ဗာလပရောဖက်တွေနဲ့ သူတို့ရဲ့ယဇ်စင်ပုံတွေကို သင့်စိတ်ကူးအတိုင်း ပုံဖော်ပြီး ရေးဆွဲပါ။

အခန်းငယ် ၂၆ ကနေ ၂၉ အထိ ဖော်ပြထားချက်အရ ရုတ်ရုတ်သဲသဲ ဆူဆူညံညံ ဖြစ်နေချိန်အတွင်းမှာ ဘာအသံတွေကို သင် ကြားယောင်ပါသလဲ။

․․․․․

ဗာလပရောဖက်တွေကို ဧလိယ စကားပြောတဲ့အခါ သူ့ ရဲ့ခံစားချက် ဘယ်လိုရှိနေမယ်လို့ သင်ထင်သလဲ။

․․․․․

၂ ထပ်လေ့လာကြည့်ပါဦး။

အာဟပ်ဆီ သွားတွေ့ပြီး ရာနဲ့ချီရှိတဲ့ ဗာလပရောဖက်တွေ အရှက်ကွဲသွားအောင် စမ်းသပ်မှုတစ်ခုလုပ်ဖို့ ဧလိယမှာ ဘာကြောင့် ရဲစွမ်းသတ္တိရှိဖို့လိုတာလဲ။ (သဲလွန်စ– ၃ရာ. ၁၈:၄၊ ၁၃၊ ၁၄ ကိုဖတ်ပါ။)

․․․․․

ဗာလဝတ်ပြုရေးအကြောင်းကို သင် လက်လှမ်းမီသလောက် စာအုပ်စာပေတွေမှာ ရှာဖွေလေ့လာကြည့်ပါ။ ဥပမာ၊ သူတို့ရဲ့ဝတ်ပြုရေးမှာ ဘယ်လိုဓလေ့တွေကို ကျင့်သုံးကြသလဲ။ ဗာလဝတ်ပြုရေးက ရှေးခေတ်အစ္စရေးနိုင်ငံအပေါ် ဘာအကျိုးသက်ရောက်ခဲ့သလဲ။

․․․․․

ဧလိယဟာ ဘုရားသခင်အတွက် တည်ဆောက်ထားတဲ့ ယဇ်စင်ရဲ့ပတ်ပတ်လည်မှာ ဘာကြောင့် မြောင်းတူးပြီး ရေဖြည့်ထားရတာလဲ။

․․․․․

၃ လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် အောက်ပါအချက်တွေနဲ့ပတ်သက်ပြီး သင်သိရှိခဲ့တာတွေကို ချရေးပါ။

စစ်မှန်တဲ့ဝတ်ပြုရေးကို ကာကွယ်ဖို့ လိုအပ်တဲ့ ရဲစွမ်းသတ္တိ။

․․․․․

အဲဒီလိုရဲစွမ်းသတ္တိမျိုး ပြခဲ့သူတွေရရှိတဲ့ အကျိုးကျေးဇူးများ။

․․․․․

သင့်ဘဝမှာ လက်တွေ့ကျင့်သုံးပါ။

စစ်မှန်တဲ့ဝတ်ပြုရေးကို ကာကွယ်မှုနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေတွေမှာ သင် ရဲစွမ်းသတ္တိပြနိုင်သလဲ။

․․․․․

၄ ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ၊ ဘာကြောင့်လဲ။

․․․․․

သင့်မှာ ကိုယ်ပိုင်ကျမ်းစာမရှိရင် ယေဟောဝါသက်သေတွေဆီမှာ တောင်းခံပါ၊ ဒါမှမဟုတ် www.pr2711.com ဝက်ဘ်ဆိုက်မှာ ကျမ်းစာအခြေပြုစာပေတွေကို ဖတ်ရှုနိုင်ပါတယ်

[စာမျက်နှာ ၃၁ ပါလေးထောင့်ကွက်]

ခရိုင်စည်းဝေးကြီးဆိုင်ရာ အချက်အလက်

နှစ်စဉ်ကျင်းပတဲ့ ခရိုင်စည်းဝေးကြီးတွေရဲ့ နေ့စွဲတွေနဲ့ တည်နေရာတွေကို ကင်းမျှော်စင်မဂ္ဂဇင်းမှာ ဒီနှစ်ကစပြီး ဖော်ပြတော့မှာမဟုတ်ပါဘူး။ ခရိုင်စည်းဝေးကြီးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သိချင်တယ်ဆိုရင် jw.org ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ