ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၈/၁ စာ. ၁၄-၁၅
  • ဒေါ်ကာ ဘာကြောင့် အချစ်ခံရတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒေါ်ကာ ဘာကြောင့် အချစ်ခံရတာလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါကို ကိုးစားလို့ လုံခြုံနေ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ခရစ်ယာန်များ တစ်ဦးကိုတစ်ဦး လိုအပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ယုပ္ပေမြို့—ထင်ရှားသောရှေးခေတ်ဆိပ်ကမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • သင့်တစ်ကိုယ်ရေဘဝကို ပညာရှိစွာ အသုံးချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၈/၁ စာ. ၁၄-၁၅

သားသမီးတွေကို သွန်သင်ပေးပါ

ဒေါ်ကာ ဘာကြောင့် အချစ်ခံရတာလဲ

တို့တတွေ အားလုံးက အချစ်ခံချင်ကြတယ်။ ကလေးတို့ကော အချစ်ခံချင်သလား။—a ကျမ်းစာမှာ လူအတော်များများရဲ့ ချစ်မြတ်နိုးမှုကို ခံစားခဲ့ရတဲ့ ဒေါ်ကာအကြောင်း ဖော်ပြထားတယ်။

ဒေါ်ကာဟာ မြေထဲပင်လယ် ကမ်းစပ်မှာရှိတဲ့ ယုပ္ပေမြို့မှာ နေထိုင်တယ်။ ဂျေရုဆလင်မြို့က ကုန်းတွင်းပိုင်းမှာ ရှိပြီး ယုပ္ပေမြို့နဲ့ ၃၅ မိုင်လောက်ပဲ ဝေးတာ။ ဒေါ်ကာဟာ ယေရှုရဲ့ ကနဦးတပည့်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။

ဒေါ်ကာကို လူတွေ အရမ်းချစ်ကြတာ ဘာကြောင့်လို့ ကလေးတို့ ထင်သလဲ။— သူက ကောင်းမှုတွေ အများကြီး လုပ်ခဲ့တယ်၊ လူတွေကိုလည်း လက်ဆောင်တွေ ပေးတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်ကွဲ့။ ဖြစ်နိုင်တာက သူဟာ မုဆိုးမတွေကို အဝတ်လှလှလေးတွေ ချုပ်ပေးတယ်လေ။ မုဆိုးမဆိုတာ ခင်ပွန်း သေဆုံးသွားပြီး ကျန်ရစ်ခဲ့တဲ့ မိန်းမကို ခေါ်တာ။ ဒေါ်ကာဟာ ယေရှု လုပ်ခဲ့တဲ့အတိုင်း စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါရဲ့အကြောင်း လူအတော်များများကို ပြောပြခဲ့တယ်။

အခု ဒေါ်ကာခမျာ ဘယ်လိုအဖြစ်ဆိုးနဲ့ ကြုံနေရတယ်ဆိုတာ ကလေးတို့ သိကြသလား။— သူဟာ အသည်းအသန် နေထိုင်မကောင်းဖြစ်ပြီး သေသွားရှာတယ်။ သူ့ရဲ့မိတ်ဆွေတွေ အားလုံး ဝမ်းနည်းသွားကြတယ်လေ။ ဒါကြောင့် သူတို့မြို့နဲ့ ၁၀ မိုင် လောက်ဝေးတဲ့နေရာမှာ ရှိနေတဲ့ တမန်တော်ပေတရုဆီ လူတချို့ကို စေလွှတ်လိုက်ကြတယ်။ သူတို့နဲ့ မြန်မြန်လိုက်လာဖို့ တမန်တော်ပေတရုကို တောင်းပန်ကြတယ်။ ပေတရုရောက်လာတဲ့အခါ ဒေါ်ကာရဲ့ အလောင်းရှိတဲ့ အပေါ်ထပ်ကို တက်သွားတယ်။ အဲဒီမှာ ငိုနေတဲ့ အမျိုးသမီးတွေဟာ ပေတရုကို သူတို့အတွက် ဒေါ်ကာ ချုပ်ပေးထားတဲ့ အင်္ကျီတွေ ထုတ်ပြကြတယ်။

အဲဒီအခါမှာ ပေတရုက လူတွေကို အခန်းထဲကနေ ထွက်သွားကြဖို့ ပြောလိုက်တယ်။ အရင်တုန်းက ပေတရုနဲ့ တခြားတမန်တော်တွေဟာ အံ့ဖွယ်အမှုတွေ လုပ်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ သေတဲ့သူကို ပြန်ရှင်လာအောင် တစ်ခါမှ မလုပ်ပြသေးဘူး။ အခု ပေတရု ဘာလုပ်မယ်လို့ ကလေးတို့ ထင်သလဲ။—

ပေတရုဟာ အလောင်းရဲ့အနားမှာ ဒူးထောက်လိုက်ပြီး ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ ပြီးတော့ ဒေါ်ကာကို ထလာဖို့ ပြောတယ်။ ဒေါ်ကာလည်း ပြောတဲ့အတိုင်း ထလာတယ်လေ။ ပေတရုက ဆွဲထူပေးတယ်။ အဲဒီနောက် မုဆိုးမတွေနဲ့ တခြားသူတွေကို ခေါ်ပြလိုက်တယ်။ သူတို့အားလုံး ဘယ်လောက် ပျော်သွားမလဲဆိုတာ ကလေးတို့ မြင်ယောင်ကြည့်နိုင်သလား။—

အသက်ပြန်ရှင်လာတဲ့ ဒေါ်ကာအကြောင်းကနေ ကလေးတို့ ဘာတွေ သင်ယူနိုင်တယ်ဆိုတာကို အခု စဉ်းစားကြည့်ရအောင်။ တစ်ခုကတော့ ကလေးတို့က တခြားသူတွေကို ကူညီပေးမယ်ဆိုရင် အဲဒီသူတွေထဲက အတော်များများရဲ့ မေတ္တာကို ပြန်ရမှာဖြစ်တယ်။ ပိုပြီးအရေးကြီးတဲ့အရာ နောက်တစ်ခုကတော့ ကလေးတို့ကို ဘုရားသခင် သတိရပြီး ချစ်မြတ်နိုးမှာဖြစ်တယ်။ တခြားသူတွေအတွက် ကလေးတို့ လုပ်ပေးတဲ့ ကောင်းမှုတွေကို ဘုရားသခင် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ပြီးတော့ ကလေးတို့ကို ကမ္ဘာသစ်မှာ ထာဝစဉ် ပျော်ပျော်ရွှင်ရွှင် နေထိုင်ခိုင်းမှာဖြစ်တယ်။

သမ္မာကျမ်းစာမှာ ဖတ်ကြည့်ပါ

  • တမန်တော် ၉:၃၆-၄၃

  • ဗျာ. ၂၁:၃-၅

a ကလေးနဲ့အတူ ဖတ်နေတယ်ဆိုရင် မျဉ်းရှည် (—) က ခေတ္တရပ်တန့်ပြီး ကလေးကို ဖြေဆိုစေပါဆိုတဲ့ သတိပေးချက်ဖြစ်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ