ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၁၁/၁ စာ. ၃၀-၃၁
  • ရဲရဲတောက်လောင်နေတဲ့ မီးပြင်းဖိုထဲကနေ ကယ်တင်ခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရဲရဲတောက်လောင်နေတဲ့ မီးပြင်းဖိုထဲကနေ ကယ်တင်ခံရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • မကောင်းကြံ ဘေးဒဏ်ထိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သွေးဆောင်မှုကို ယေရှုတွန်းလှန်ခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဧဒင်ဥယျာဉ် ပျောက်ဆုံးသွားပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၁၁/၁ စာ. ၃၀-၃၁

လူငယ်စာရှုသူများအတွက်

ရဲရဲတောက်လောင်နေတဲ့ မီးပြင်းဖိုထဲကနေ ကယ်တင်ခံရ

လမ်းညွှန်ချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။ ဘယ်လိုအသက်ဝင်စေနိုင်သလဲဆိုရင် ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင် ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ စိတ်ထဲမှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေခံစားသလို လိုက်ခံစားကြည့်ပါ။

အဓိကဇာတ်ကောင်များ– ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ၊ နေဗုခဒ်နေဇာ

အကျဉ်းချုပ်– ဟီဘရူးလူငယ်သုံးယောက်ရဲ့ ယုံကြည်ခြင်း စမ်းသပ်ခံရ။

၁ ဒံယေလ ၃:၁-၃၀ ကိုဖတ်ပြီး အဖြစ်အပျက်ကို ဆန်းစစ်ပါ။

အခန်းငယ် ၃-၇ ကိုဖတ်ရှုနေရင်း သင် ကြားယောင်မိတဲ့ အသံတွေကို ဖော်ပြပါ။

․․․․․

ရဲရဲတောက်လောင်နေတဲ့ မီးပြင်းဖိုကို သင် မြင်ယောင်တဲ့အတိုင်း ပုံဖော်ပါ။

․․․․․

မီးပြင်းဖိုကို အရင်ထက် ခုနစ်ဆ ပိုပြီးပူခိုင်းဖို့ နေဗုခဒ်နေဇာ အမိန့်ထုတ်တဲ့အခါ သူ့ရဲ့အသံနေအသံထားက ဘယ်လိုဖြစ်နေမယ်လို့ သင် ထင်သလဲ။ (အခန်းငယ် ၁၉ နဲ့ ၂၀ တို့ကို ပြန်ဖတ်ပါ။)

․․․․․

ရဲရဲတောက်လောင်နေတဲ့ မီးပြင်းဖိုထဲမှာ လူလေးယောက်ရှိနေတဲ့ပုံကို သင် မြင်ယောင်တဲ့အတိုင်း ပုံဖော်ကြည့်ပါ။ (အခန်းငယ် ၂၄ နဲ့ ၂၅ တို့ကို ပြန်ဖတ်ပါ။)

․․․․․

အခန်းငယ် ၁၆-၁၈ မှာပါတဲ့အတိုင်း နေဗုခဒ်နေဇာမင်းကြီးကို ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ပြန်လျှောက်တင်နေချိန်မှာ သူတို့ရဲ့ ဘယ်အရည်အချင်းကို သင် သတိပြုမိသလဲ။

․․․․․

၂ ထပ်လေ့လာကြည့်ပါဦး။

တစ်တောင်ရဲ့အရှည်က ဘယ်လောက်ရှိသလဲဆိုတာကို သိဖို့ သင် လက်လှမ်းမှီသလောက် သုတေသနလုပ်ကြည့်ပါ။ အဲဒီနောက် နေဗုခဒ်နေဇာ ဆောက်လုပ်တဲ့ ရုပ်တုရဲ့ အတိုင်းအတာကို တွက်ချက်ကြည့်ပါ။ (အခန်းငယ် ၁ ကိုပြန်ဖတ်ပါ။)

․․․․․

အခန်းငယ် ၁၉၊ ၂၀ နဲ့ အခန်းငယ် ၂၈၊ ၂၉ တို့ကိုဖတ်ပြီး နှိုင်းယှဉ်ကြည့်တဲ့အခါ နေဗုခဒ်နေဇာက ဘယ်လိုလူစားမျိုးလို့ သင် ထင်သလဲ။

․․․․․

၃ လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် အောက်ပါအချက်တွေနဲ့ပတ်သက်ပြီး သင် သိရှိခဲ့တာတွေကို ချရေးပါ။

အာဏာပိုင်တွေကို လေးစားမှုပြခြင်း။

․․․․․

သင် ယုံကြည်ရာဘက်မှာ အခိုင်အမာရပ်တည်ခြင်းရဲ့ အရေးကြီးမှု။

․․․․․

စမ်းသပ်မှုခံနေရချိန်အတွင်းမှာ ယေဟောဝါရဲ့ ထောက်မမှု။

․․․․․

သင့်ဘဝမှာ လက်တွေ့ကျင့်သုံးပါ။

ဘယ်လိုအခြေအနေမျိုးမှာ သင့်ရဲ့ယုံကြည်ခြင်း စမ်းသပ်ခံရနိုင်သလဲ။

․․․․․

သင် ဆက်ပြီးသစ္စာရှိနိုင်ဖို့ ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ရဲ့ မှတ်တမ်းက ဘယ်လိုကူညီပေးမလဲ။

․․․․․

၄ ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ။ ဘာကြောင့်လဲ။

․․․․․

သင့်မှာ ကိုယ်ပိုင်ကျမ်းစာမရှိရင် ယေဟောဝါသက်သေတွေဆီမှာ တောင်းခံပါ၊ ဒါမှမဟုတ် www.pr2711.com ဝက်ဘ်ဆိုက်မှာ ကျမ်းစာအခြေပြုစာပေတွေကို ဖတ်ရှုနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ