ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၃/၁ စာ. ၁၆-၁၇
  • ယေရှုရဲ့သေခြင်းကို ဘယ်လိုနည်းနဲ့ သတိရသင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုရဲ့သေခြင်းကို ဘယ်လိုနည်းနဲ့ သတိရသင့်သလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • သခင့်ညစာစားပွဲ—ဘုရားသခင်ကို ဂုဏ်တင်တဲ့ပွဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • သတိရအောက်မေ့ပွဲ (သခင့်ညစာစားပွဲ)
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • “ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သခင့်ညစာစားပွဲ မည်သို့ကျင်းပရမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၃/၁ စာ. ၁၆-၁၇

ဘုရားသခင့်စကားတော်မှ သင်ယူပါ

ယေရှုရဲ့သေခြင်းကို ဘယ်လိုနည်းနဲ့ သတိရသင့်သလဲ

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့နိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။

၁။ ယေရှုရဲ့သေခြင်းကို ဘယ်လိုနည်းနဲ့ သတိရသင့်သလဲ။

မုန့်နဲ့ဝိုင်ပါတဲ့ ပုံဆောင်စားပွဲတစ်ခုကို ကျင်းပပြီး မိမိရဲ့သေခြင်းကို သတိရဖို့ နောက်လိုက်တွေကို ယေရှု မှာကြားခဲ့ပါတယ်။ မုန့်က ယေရှုရဲ့ကိုယ်ခန္ဓာ၊ ဝိုင်က ယေရှုရဲ့သွေးကို ပုံဆောင်ပါတယ်။—လုကာ ၂၂:၁၉၊ ၂၀ ကိုဖတ်ပါ။

ယေရှုအသုံးပြုခဲ့တဲ့ မုန့်ထဲမှာ တဆေး မထည့်ထားပါဘူး။ ကျမ်းစာအရ တဆေးကို တစ်ခါတလေ အပြစ်အနေနဲ့ ပုံဆောင်အသုံးပြုတတ်ပါတယ်။ ဒါကြောင့် မုန့်က ယေရှုရဲ့ စုံလင်တဲ့ကိုယ်ခန္ဓာကို ပုံဆောင်တာ သင့်လျော်ပါတယ်။ ယေရှုဟာ မိမိရဲ့ကိုယ်ခန္ဓာကို ယဇ်အဖြစ် ပူဇော်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ရှေးခေတ်အစ္စရေးလူ မောရှေကနေတစ်ဆင့် ပေးခဲ့တဲ့ ပညတ်အရ တိရစ္ဆာန်ယဇ်ပူဇော်ခြင်းဟာ အဆုံးသတ်သွားတယ်။ (ဟေဗြဲ ၁၀:၅၊ ၉၊ ၁၀) ဝိုင်က ယေရှုရဲ့ အဖိုးမဖြတ်နိုင်တဲ့ သွေးကို ပုံဆောင်ပါတယ်။ ကျွန်ုပ်တို့ရဲ့အပြစ်တွေကို ဖြေလွှတ်ဖို့အတွက် အဲဒီသွေးကို ယဇ်အဖြစ် သွန်းလောင်းခဲ့တယ်။—၁ ပေတရု ၁:၁၉; ၂:၂၄; ၃:၁၈ ကိုဖတ်ပါ။

၂။ ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲကို ဘယ်အချိန်မှာ ကျင်းပသင့်သလဲ။

ယေရှုဟာ ဂျူးပြက္ခဒိန်အရ နိသန်လ ၁၄ ရက်၊ ပသခါပွဲ (ဂျူးတွေကျင်းပတဲ့ အထိမ်းအမှတ်ပွဲတစ်ခု) နေ့မှာ သေဆုံးခဲ့ပါတယ်။ ဂျူးတွေရဲ့ နေ့တစ်နေ့က နေဝင်ပြီးချိန်မှ စတင်ပါတယ်။ ယေရှုဟာ မိမိမသေခင် ညနေခင်းမှာ တမန်တော်တွေနဲ့အတူ ပသခါညစာကို သုံးဆောင်ပြီးနောက် မိမိရဲ့သေခြင်းကို အထိမ်းအမှတ်အနေနဲ့ ကျင်းပဖို့ အောက်မေ့ရာပွဲအသစ်ကို စတင်ခဲ့ပါတယ်။—လုကာ ၂၂:၁၄၊ ၁၅ ကိုဖတ်ပါ။

ကနေ့ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေဟာ အပြစ်နဲ့သေခြင်းကနေ လူသားတွေကို ကယ်လွှတ်ဖို့ ယေရှုကနေတစ်ဆင့် ဘုရားသခင် ပြင်ဆင်ပေးခဲ့တဲ့ အရာတွေကို အမှတ်ရနေကြပါတယ်။ (ထွက်မြောက်ရာ ၁၂:၅-၇၊ ၁၃၊ ၁၇) ပသခါပွဲကို တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့သလို ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲကိုလည်း တစ်နှစ်တစ်ခါ၊ ရှေးခေတ်အစ္စရေးလူတွေရဲ့ ပြက္ခဒိန်အရ နိသန်လ ၁၄ ရက် နေဝင်ပြီးနောက်မှာ ကျင်းပကြပါတယ်။—ယောဟန် ၁:၂၉ ကိုဖတ်ပါ။

၃။ မုန့်နဲ့ဝိုင်ကို ဘယ်သူတွေ သုံးဆောင်သင့်သလဲ။

ယေရှုဟာ နောက်လိုက်တွေကို ဝိုင်ခွက်ကမ်းပေးပြီးတဲ့နောက် ‘ဤခွက်သည် ပဋိညာဉ်တရားသစ်ဖြစ်၏’ လို့ပြောခဲ့တယ်။ (၁ ကောရိန္သု ၁၁:၂၅) ပဋိညာဉ်တရားသစ်ဟာ မောရှေကနေတစ်ဆင့်ပေးခဲ့တဲ့ ပညတ်ပဋိညာဉ်ကို အစားထိုးတာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့စကားကို အစ္စရေးလူတွေ တစ်သဝေမတိမ်း လိုက်နာမယ်ဆိုရင် ဘုရားသခင်ရွေးချယ်ထားတဲ့ လူမျိုးဖြစ်မယ်ဆိုတဲ့ ဘုရားသခင့်ကတိ ပညတ်ပဋိညာဉ်ထဲမှာ ပါရှိတယ်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆) ဒါပေမဲ့ အစ္စရေးလူတွေဟာ ဘုရားသခင်ရဲ့စကားကို နားမထောင်ခဲ့ကြဘူး။ ဒါကြောင့် ဘုရားသခင်က ပဋိညာဉ်တရားသစ်ကို ပေးခဲ့တာဖြစ်တယ်။—ယေရမိ ၃၁:၃၂ ကိုဖတ်ပါ။

ပဋိညာဉ်တရားသစ်မှာ ပါဝင်တဲ့ လူနည်းစု ၁၄၄,၀၀၀ အားဖြင့် လူများစွာ အကျိုးကျေးဇူးရရှိအောင် ယေဟောဝါ ပြုလုပ်ပေးခဲ့တယ်။ လူအမျိုးမျိုးထဲက သန်းနဲ့ချီတဲ့သူတွေဟာ သာယာလှပတဲ့ ပရဒိသုမြေကြီးပေါ်မှာ ထာဝရအသက်နဲ့နေထိုင်ဖို့ သူတို့အားဖြင့် ဆုချခံရမှာဖြစ်တယ်။ ကနေ့၊ ပဋိညာဉ်တရားသစ်မှာပါတဲ့ သူတချို့ဟာ မြေကြီးပေါ်မှာ ယေဟောဝါဘုရားသခင်ရဲ့ အမှုတော်ကို ထမ်းဆောင်နေကြပါတယ်။ သူတို့ကပဲ မုန့်နဲ့ဝိုင်ကို စားသုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါက သူတို့နဲ့ပဲ ပဋိညာဉ်ဖွဲ့ခဲ့တာဖြစ်ပြီး အဲဒါကို ယေရှုရဲ့အသွေးနဲ့ အတည်ပြုခဲ့လို့ပါပဲ။—လုကာ ၁၂:၃၂; ဗျာ. ၁၄:၁၊ ၃ တို့ကိုဖတ်ပါ။

၄။ အောက်မေ့ရာပွဲကို တက်ရောက်တဲ့အတွက် အကျိုးကျေးဇူးက ဘာလဲ။

နှစ်စဉ် ကျင်းပတဲ့ ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲကို တက်ရောက်ခြင်းက ကျွန်ုပ်တို့ကိုချစ်တဲ့ ယေဟောဝါရဲ့ အနှိုင်းမဲ့မေတ္တာကို ပိုပြီးကျေးဇူးတင်လေးမြတ်လာစေပါတယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့အပြစ်ကိုဖြေလွှတ်ဖို့ သားတော်ကို စေလွှတ်ပြီး အသေခံစေခဲ့တယ်။ ဒါကြောင့် အောက်မေ့ရာပွဲကို တက်ရောက်တဲ့အခါ ယေရှုရဲ့သေခြင်းက ကျွန်ုပ်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲဆိုတာကို စဉ်းစားဆင်ခြင်သင့်ပါတယ်။ ကျွန်ုပ်တို့အတွက် ယေဟောဝါဘုရားသခင်နဲ့ ယေရှုတို့ ပြုလုပ်ခဲ့ရာတွေကို ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်လိုတင်ပြရမယ်ဆိုတာကိုလည်း သုံးသပ်သင့်ပါတယ်။—ယောဟန် ၃:၁၆; ၂ ကောရိန္သု ၅:၁၄၊ ၁၅ တို့ကိုဖတ်ပါ။

ဒီထက်မက ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ စာမျက်နှာ ၂၀၆-၂၀၈ မှာ ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ