ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၅/၁၅ စာ. ၁၃
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • လက်ဝါးကားတိုင်
    နိုးလော့!—၂၀၁၇
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • အပြစ်မဲ့တဲ့ဘုရင် သစ်တိုင်ပေါ်မှာဝေဒနာခံစားရ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၅/၁၅ စာ. ၁၃

စာရှုသူများထံမှမေးခွန်းလွှာ

အစ္စရေးလူမျိုးတွေဟာ ရာဇဝတ်သားတွေကို သစ်တိုင်ပေါ်မှာ ချိတ်ဆွဲပြီးကွပ်မျက်သလား။

ရှေးအချိန်က နိုင်ငံအတော်များများမှာ ရာဇဝတ်သားတွေကို သစ်တိုင် ဒါမှမဟုတ် တိုင်လုံးတွေပေါ်မှာချိတ်ဆွဲပြီး ကွပ်မျက်ခဲ့ကြတယ်။ ရောမတွေက ရာဇဝတ်သားတစ်ဦးကို တိုင်မှာ ကြိုးနဲ့ချီတယ် ဒါမှမဟုတ် သံနဲ့ရိုက်တယ်။ အဲဒီရာဇဝတ်သားက နာကျင်မှု၊ ဆာလောင်မှု၊ ရေငတ်တဲ့ဒဏ်နဲ့ ရာသီဥတုဒဏ်ကြောင့် အားမရှိတော့တဲ့အထိ ရက်ပေါင်းများစွာ နေရတယ်။ သစ်တိုင်မှာချိတ်ဆွဲထားတာက အရမ်းဆိုးသွမ်းတဲ့ရာဇဝတ်သားကို အရှက်ရစေတဲ့ပြစ်ဒဏ်ဖြစ်တယ်လို့ ရောမတွေ ယူဆခဲ့ကြတယ်။

ရှေးအစ္စရေးနိုင်ငံမှာကော။ ရာဇဝတ်သားတွေကို သစ်တိုင်ပေါ်မှာ ချိတ်ဆွဲပြီး ကွပ်မျက်သလား။ မောရှေပညတ်မှာ ဒီလို ပြဋ္ဌာန်းထားတယ်– “လူတစ်ယောက်က သေဒဏ်ခံထိုက်တဲ့အပြစ် ကျူးလွန်တဲ့အတွက် သူ့ကိုသတ်ပြီး သစ်တိုင်မှာဆွဲထားတယ်ဆိုရင်၊ သူ့အလောင်းကို သစ်တိုင်ပေါ်မှာ တစ်ညလုံးမထားရဘူး။ အဲ့ဒီနေ့မှာပဲ မဖြစ်မနေသင်္ဂြိုဟ်ရမယ်။”(တရား. ၂၁:၂၂၊ ၂၃၊ ကဘ) ဒါကြောင့် ဟေဗြဲကျမ်းစောင်တွေ ရေးသားတဲ့အချိန်တုန်းကဆိုရင် သေထိုက်တဲ့အပြစ်ရှိသူဟာ အရင်ဆုံးကွပ်မျက်ခံရတယ်၊ အဲဒီနောက်မှ သစ်ပင် ဒါမှမဟုတ် သစ်တိုင်မှာ ချိတ်ဆွဲခံရတယ်ဆိုတာ ထင်ရှားတယ်။

ဝတ်ပြုရာကျမ်း ၂၀:၂ (ကဘ) မှာ “အစ္စရေးလူမျိုးဖြစ်စေ၊ အစ္စရေးပြည်မှာ အခြေချနေထိုင်တဲ့ တိုင်းတပါးသားဖြစ်စေ ကိုယ့်သားသမီးကို မောလုတ်ဘုရားအတွက် ပေးလှူတဲ့သူက ဧကန်အမှန် အသတ်ခံရမယ်။ ပြည်သားတွေက သူ့ကို ကျောက်ခဲနဲ့ပေါက်သတ်ရမယ်”လို့ဖော်ပြထားတယ်။ ဒါ့အပြင် “နတ်ကတော်လုပ်သူ ဒါမှမဟုတ် ရှေ့ဖြစ်ဟောသူ”တွေလည်း အသေသတ်ခြင်းခံခဲ့ကြရတယ်။ ဘယ်လိုနည်းနဲ့လဲ။ “ကျောက်ခဲနဲ့ပေါက်သတ်” ခံရတာ ဖြစ်တယ်။—ဝတ်. ၂၀:၂၇၊ ကဘ။

တရားဟောရာ ၂၂:၂၃၊ ၂၄ (ကဘ) မှာ ကျွန်ုပ်တို့ ဒီလိုဖတ်ရတယ်– “ယောက်ျားတစ်ယောက်နဲ့စေ့စပ်ပြီးသား အပျိုစင်မိန်းကလေးကို တခြားလူတစ်ယောက်က မြို့ထဲမှာမြင်ပြီး သူနဲ့လိင်ဆက်ဆံတယ်ဆိုရင်၊ နှစ်ယောက်စလုံးကို မြို့ဂိတ်တံခါးဆီ ခေါ်ထုတ်လာရမယ်။ သူတို့ကို ကျောက်ခဲနဲ့ပေါက်သတ်ရမယ်။ မိန်းကလေးက မြို့ထဲမှာရှိပေမဲ့ မအော်တဲ့အတွက်၊ ယောက်ျားကလည်း သူ့အမျိုးသားချင်းရဲ့မိန်းမကို အရှက်တကွဲဖြစ်စေတဲ့အတွက် ဖြစ်တယ်။ ဒီနည်းနဲ့ သင့်ဆီကနေ ဆိုးယုတ်မှုကို ဖယ်ရှားရမယ်။” ဒါကြောင့် အလွန်ဆိုးဝါးတဲ့ ရာဇဝတ်သားတစ်ဦးကို ရှေးခေတ်အစ္စရေးလူမျိုးတွေ ကွပ်မျက်တဲ့အဓိကနည်းက ကျောက်ခဲနဲ့ပေါက်သတ်တာဖြစ်တယ်။a

ဟေဗြဲကျမ်းစောင်တွေ ရေးသားတဲ့အချိန်တုန်းက ဆိုရင် သေထိုက်တဲ့အပြစ်ရှိသူဟာ အရင်ဆုံး ကွပ်မျက်ခံရတယ်၊ အဲဒီနောက်မှ သစ်ပင် ဒါမှမဟုတ် သစ်တိုင်မှာ ချိတ်ဆွဲခံရတယ်ဆိုတာ ထင်ရှားတယ်

တရားဟောရာ ၂၁:၂၃ (ကဘ) မှာ “သစ်တိုင်မှာဆွဲထားခံရသူဟာ ဘုရားသခင်ရဲ့ကျိန်ခြင်းခံရသူ” ဖြစ်တယ်လို့ ဖော်ပြထားတယ်။ “ဘုရားသခင်ရဲ့ကျိန်ခြင်းခံရ” တဲ့ လူဆိုးတစ်ဦးရဲ့အလောင်းကို လူမြင်ကွင်းမှာပြထားခြင်းက အစ္စရေးလူတွေအတွက် သတိပေးချက်ဖြစ်ခဲ့တယ်။

a ပညတ်တရားအရ ရာဇဝတ်သားတစ်ယောက်ကို သစ်တိုင်ပေါ် မချိတ်ဆွဲခင်မှာ အရင် ကွပ်မျက်ရတယ်ဆိုတဲ့အချက်ကို ကျမ်းပညာရှင်အများစုက သဘောတူကြတယ်။ ဒါပေမဲ့ ပထမရာစုအချိန်က ဂျူးတွေဟာ ရာဇဝတ်သားတချို့ကို အရှင်လတ်လတ် နှက်တိုင်တင်ပြီး အဲဒီတိုင်ပေါ်မှာပဲ သေစေတယ်လို့ အထောက်အထားတွေက ဖော်ပြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ