ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၅/၁ စာ. ၁၁
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သင့်လက်သည်းများ—၎င်းတို့ကိုသင်ဂရုစိုက်ပါသလော
    နိုးလော့!—၁၉၉၉
  • ဒါဝိဒ်နဲ့ ဂေါလျတ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ‘ထာဝရဘုရားသည် စစ်မှုကို ပိုင်၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၅/၁ စာ. ၁၁

သင် သိပါသလား

သစ်တိုင်တင်ကွပ်မျက်ခံရတဲ့ ရာဇဝတ်သားတွေရဲ့ခြေထောက်ကို ဘာဖြစ်လို့ ချိုးရတာလဲ

ယေရှုနဲ့ ရာဇဝတ်သားနှစ်ယောက်ကို သစ်တိုင်တင်ပြီးနောက် ‘ဂျူးတို့သည် ခြေကိုချိုး၍ ထိုအလောင်းများကို ယူသွားဖို့ ပိလတ်မင်းထံ ခွင့်တောင်းကြ၏’ လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ယောဟန် ၁၉:၃၁။

သစ်တိုင်ပေါ်မှာ ချိတ်ဆွဲခံထားရတဲ့ ယေရှု

ကွပ်မျက်ပြီးနောက် သစ်တိုင်ပေါ် ဆွဲထားတဲ့ အလောင်းကို “သစ်တိုင်၌တစ်ညလုံးမထားရ” ဘူးလို့ ဂျူးပညတ်ကဆိုတယ်။ (တရားဟောရာ ၂၁:၂၂၊ ၂၃) ဂျူးတွေဟာ ဒီပညတ်ကို ရောမတွေလက်ချက်နဲ့ သစ်တိုင်တင် ကွပ်မျက်ခံရသူတွေအတွက်လည်း သုံးခဲ့ပုံရတယ်။ ယေရှုနဲ့ ရာဇဝတ်သားနှစ်ယောက်ကိုလည်း မြန်မြန်အသက်ထွက်စေချင်တဲ့အတွက် သူတို့ရဲ့ ခြေထောက်ကို ချိုးခိုင်းလိုက်တာဖြစ်တယ်။ ဒါမှ နေဝင်ချိန်မှာ အစပြုတဲ့ ဥပုသ်နေ့မတိုင်ခင် အလောင်းတွေကို သင်္ဂြိုဟ်နိုင်မှာဖြစ်တယ်။

သစ်တိုင်တင်ကွပ်မျက်မှု အများစုမှာ ရာဇဝတ်သားရဲ့ ခြေထောက်နဲ့ လက်တွေကို သစ်တိုင်မှာ သံနဲ့ ရိုက်ထားလိုက်တယ်။ သစ်တိုင်ကို ထောင်လိုက်တဲ့အခါ သူ့ကိုယ်ခန္ဓာတစ်ခုလုံးဟာ သံချောင်းတွေမှာ ချိတ်ဆွဲထားပြီးသား ဖြစ်သွားတဲ့အတွက် နာကျင်မှုကို မချိမဆံ့ခံစားနေရမှာဖြစ်တယ်။ သူဟာ အသက်ရှူနိုင်ဖို့ ခြေထောက်မှာ ရိုက်ထားတဲ့ သံချောင်းကို တွန်းကန်အားယူရတယ်။ သူ့ခြေထောက်တွေကို ချိုးလိုက်မယ်ဆိုရင် အသက်ရှူဖို့ အဲဒီလိုတွန်းကန်အားယူနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအခါ ထိတ်လန့်သွားလို့ပဲဖြစ်ဖြစ်၊ အသက်ရှူကျပ်သွားလို့ပဲဖြစ်ဖြစ် မြန်မြန် အသက်ထွက်သွားတော့တယ်။

ရှေးခေတ်စစ်ပွဲတွေမှာ လောက်လွှဲတွေကို ဘယ်လိုအသုံးပြုခဲ့သလဲ

ကျမ်းစာမှာပါတဲ့ လူငယ်ဒါဝိဒ်ဟာ လူထွားကြီး ဂေါလျတ်ကို လောက်လွှဲနဲ့ သတ်နိုင်ခဲ့တယ်။ လောက်လွှဲကို သိုးကျောင်းသားဘဝကတည်းက ဒါဝိဒ် ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်လာတာ ဖြစ်နိုင်တယ်။—၁ ဓမ္မရာဇဝင် ၁၇:၄၀-၅၀။

Bas-relief of the Assyrian slingers

ဂျူးတွေရဲ့ ခံတပ်မြို့ကို လောက်လွှဲသုံးပြီး တိုက်ခိုက်နေတဲ့ အဆီးရီးယားစစ်သားတွေရဲ့ ရုပ်ကြွပုံ

ကျမ်းစာခေတ်ကရေးဆွဲခဲ့တဲ့ အီဂျစ်နဲ့ အဆီးရီးယား ပန်းချီတွေမှာ လောက်လွှဲကို တွေ့ရပါတယ်။ လောက်လွှဲဆိုတာ ကြိုးနှစ်ချောင်းကို သားရေအိတ် ဒါမှမဟုတ် အဝတ်အိတ်နဲ့ တွဲချည်ထားတဲ့လက်နက်ဖြစ်တယ်။ ဒီလက်နက်ကိုင်တဲ့သူဟာ သားရေအိတ် ဒါမှမဟုတ် အဝတ်အိတ်ထဲမှာ အချင်း ၂ လက်မ၊ ၃ လက်မလောက်ရှိပြီး ၉ အောင်စလောက် အလေးချိန်ရှိတဲ့ ချောမွတ်လုံးဝိုင်းတဲ့ ခဲလုံးကို ထည့်လိုက်တယ်။ လောက်လွှဲကို ဝှေ့ယမ်းပြီး ကြိုးတစ်ချောင်းကို လွှတ်လိုက်တဲ့အခါ ခဲလုံးဟာ ပစ်မှတ်ကို အရှိန်ပြင်းပြင်းနဲ့ ထိမှန်သွားတယ်။

ရှေးခေတ်စစ်ပွဲတွေမှာ လောက်လွှဲနဲ့တွဲသုံးခဲ့တဲ့ ခဲလုံးအတော်များများကို အရှေ့အလယ်ပိုင်းဒေသတွေမှာ တူးဖော်တွေ့ရှိရတယ်။ ကျွမ်းကျင်တဲ့စစ်သားတွေဟာ အဲဒီခဲလုံးတွေကို တစ်နာရီ မိုင် ၁၀၀ ကနေ ၁၅၀ နှုန်းနဲ့ ပစ်လွှတ်နိုင်တယ်။ လောက်လွှဲနဲ့ပစ်လိုက်တဲ့ ခဲလုံးဟာ လေးနဲ့ပစ်လိုက်တဲ့မြားရဲ့ အကွာအဝေးလောက် ရောက်နိုင်မရောက်နိုင်ဆိုတာ အတိကျမသိနိုင်ပေမဲ့ လောက်လွှဲကြောင့် လူသေနိုင်တယ်ဆိုတာကတော့ သေချာပါတယ်။—တရားသူကြီး ၂၀:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ