ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၇/၁၅ စာ. ၂၆
  • အုပ်ချုပ်ရေးအဖွဲ့ဝင်သစ်တစ်ဦး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အုပ်ချုပ်ရေးအဖွဲ့ဝင်သစ်တစ်ဦး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • အုပ်ချုပ်ရေးအဖွဲ့၏ အဖွဲ့ဝင်သစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • အုပ်ချုပ်ရေးအဖွဲ့ဝင်အသစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • အုပ်ချုပ်ရေးအဖွဲ့ဝင်သစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • သမိုင်းဝင်အစည်းအဝေးတစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၇/၁၅ စာ. ၂၆

အုပ်ချုပ်ရေးအဖွဲ့ဝင်သစ်တစ်ဦး

စက်တင်ဘာလ ၅ ရက်၊ ၂၀၁၂၊ ဗုဒ္ဓဟူးနေ့မနက်မှာ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့မှာ အဖွဲ့ဝင်သစ်တစ်ဦး ထပ်တိုးလာတယ်ဆိုတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါမှာရှိတဲ့ ဗေသလမိသားစုဝင်တွေကို ကြေညာခဲ့တယ်။ ၂၀၁၂၊ စက်တင်ဘာ ၁ ရက်ကစပြီး မာ့ခ် ဆန်ဒါစန်ဟာ ဒီတာဝန်ကို စထမ်းဆောင်ခဲ့တယ်။

ညီအစ်ကို ဆန်ဒါစန်ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေးဂိုးမြို့မှာ ခရစ်ယာန်မိဘနှစ်ပါးကနေ မွေးဖွားလာပြီး ၁၉၇၅၊ ဖေဖော်ဝါရီ ၉ ရက်မှာ နှစ်ခြင်းခံခဲ့တယ်။ သူဟာ ၁၉၈၃၊ စက်တင်ဘာ ၁ ရက်မှာ ကနေဒါနိုင်ငံ၊ ဆက်စ်ခက်ချဝမ်ဒေသမှာ ရှေ့ဆောင်အနေနဲ့စပြီး အမှုဆောင်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ ခုနစ်ကြိမ်မြောက် ဓမ္မအမှုသင်တန်းကျောင်း(အခုအခေါ် တစ်ကိုယ်ရေညီအစ်ကိုများအတွက် ကျမ်းစာသင်တန်း) ကိုတက်ရောက်ပြီး ၁၉၉၀၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ သင်တန်းဆင်းခဲ့တယ်။ ညီအစ်ကို ဆန်ဒါစန်ဟာ ၁၉၉၁၊ ဧပြီလမှာ ကနေဒါမှာရှိတဲ့ နယူးဖောင်လန်ကျွန်းမှာ အထူးရှေ့ဆောင်အနေနဲ့ အမှုဆောင်ဖို့ ခန့်အပ်ခံခဲ့ရတယ်။ အရန်တိုက်နယ်ကြီးကြပ်မှူးအနေနဲ့ အမှုဆောင်ပြီးတဲ့နောက် ၁၉၉၇၊ ဖေဖော်ဝါရီလမှာ ကနေဒါဗေသလမိသားစုဝင်အဖြစ် ဖိတ်ခေါ်ခံခဲ့ရတယ်။ ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာမှာ အမေရိကန်နိုင်ငံ ဌာနခွဲရုံးကို ပြောင်းရွှေ့ပြီး ဆေးရုံအချက်အလက်ဌာနနဲ့ နောက်ပိုင်း လုပ်ငန်းတော်ဌာနမှာ အမှုဆောင်ခဲ့တယ်။

၂၀၀၈၊ စက်တင်ဘာလမှာ ညီအစ်ကို ဆန်ဒါစန်ဟာ ဌာနခွဲကော်မတီဝင်တွေအတွက် သင်တန်းကို တက်ခဲ့ပြီး နောက်ပိုင်းမှာ ဖိလစ်ပိုင်ဌာနခွဲကော်မတီဝင်အဖြစ် ခန့်အပ်ခံရတယ်။ ၂၀၁၀၊ စက်တင်ဘာလမှာ အမေရိကန်ပြည်ထောင်စုကိုပြန်လာဖို့ ဖိတ်ခေါ်ခံခဲ့ရပြီး အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ငန်းတော်ကော်မတီမှာ ကူညီပေးတဲ့သူအဖြစ် အမှုဆောင်ခဲ့တယ်။

လက်ရှိ အုပ်ချုပ်ရေး အဖွဲ့ဝင်များ

နောက်တန်း၊ ဘယ်မှညာ– ဒီ အိတ်ချ် စပလိန်း၊ အေ မောရစ် ၃၊ ဒီ အမ် ဆန်ဒါစန်၊ ဂျီ ဒဗလျူ ဂျက်ဆင်၊ အမ် အက်စ် လက်တ်။ ရှေ့တန်း၊ ဘယ်မှညာ– အက်စ် အက်ဖ် ဟာဒ့်၊ ဂျီ လော့ရှ်၊ ဂျီ အိတ်ချ် ပီယပ်စ်။ အုပ်ချုပ်ရေးအဖွဲ့ဝင်အားလုံးဟာ ဘိသိက်ခံခရစ်ယာန်တွေ ဖြစ်ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ