ကဲနက် ကွတ်နဲ့ ဇနီး ဂျေမီ
အုပ်ချုပ်ရေးအဖွဲ့ဝင်သစ်
အမေရိကန်နဲ့ ကနေဒါ ဗေသလ အိမ်သားတွေဟာ ၂၀၁၈၊ ဇန်နဝါရီ ၂၄၊ ဗုဒ္ဓဟူးနေ့ မနက်မှာ အထူးကြေညာချက်တစ်ခု ကြားခဲ့ရတယ်။ ညီအစ်ကို ကဲနက် ကွတ်ကို ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ခန့်လိုက်တဲ့ သတင်းပါပဲ။
ညီအစ်ကို ကွတ်ဟာ အမေရိကန်နိုင်ငံ၊ ပင်စီဗေးနီးယားပြည်နယ်မှာ မွေးဖွားကြီးပြင်းလာသူဖြစ်တယ်။ အထက်တန်းကျောင်း မပြီးခင်လေးမှာ အတန်းဖော်ဆီကနေ အမှန်တရား သိလာပြီး ၁၉၈၀၊ ဇွန် ၇ မှာ နှစ်ခြင်းခံခဲ့တယ်။ ၁၉၈၂၊ စက်တင်ဘာ ၁ ကစပြီး မှန်မှန်ရှေ့ဆောင်အဖြစ် အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ ရှေ့ဆောင်လုပ်ပြီး နှစ်နှစ်အကြာ ၁၉၈၄၊ အောက်တိုဘာ ၁၂ မှာ နယူးယောက်၊ ဝေါကီး ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ် ခံရတယ်။
ဗေသလသက်တမ်း ၂၅ နှစ် အတွင်း ပုံနှိပ်တိုက်နဲ့ ဗေသလရုံးမှာ တာဝန်အမျိုးမျိုးကို ထမ်းဆောင်ခဲ့တယ်။ ၁၉၉၆ မှာ ညီအစ်မ ဂျေမီနဲ့ လက်ထပ်ပြီး ဝေါကီး ဗေသလမှာ အတူအမှုဆောင်ကြတယ်။ ၂၀၀၉၊ ဒီဇင်ဘာမှာ ညီအစ်ကိုနဲ့ ညီအစ်မ ကွတ်တို့ဟာ နယူးယောက်၊ ပက်တာစင် ကင်းမျှော်စင် ပညာပေးဌာနကို ပြောင်းရွှေ့ခဲ့ကြတယ်။ ညီအစ်ကို ကွတ်က စာပေးစာယူဌာနမှာ တာဝန်ကျတယ်။ ၂၀၁၆၊ ဧပြီမှာ ဝေါကီးကို ခဏပြန်ပြောင်းရွှေ့ရတယ်။ ပြီးနောက် နယူးယောက်၊ ဘရွတ်ကလင်ကို ထပ်ရွှေ့ရပြန်တယ်။ ငါးလကြာပြီးနောက် နယူးယောက်၊ ဝေါဝစ် ကမ္ဘာ့ဌာနချုပ်ကို ပြောင်းခဲ့ကြတယ်။ ၂၀၁၇၊ ဇန်နဝါရီလမှာ ညီအစ်ကို ကွတ်ဟာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ စာပေပြုစုရေး ကော်မတီ အကူအဖြစ် တာဝန်ခန့်အပ်ခံခဲ့ရတယ်။