ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၈/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • မည်သူတို့၏ဆုတောင်းသံများကို နားညောင်းတော်မူသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆုတောင်းခြင်းသည် ကောင်းကျိုးတစ်စုံတစ်ရာပြုသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၈/၁ စာ. ၁၆
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

ဆုတောင်းချက်အားလုံးကို ဘုရားသခင် နားထောင်ပါသလား

လူမျိုးအပေါင်းကလူတွေရဲ့ ဆုတောင်းချက်ကို ဘုရားသခင် နားထောင်ပါတယ်။ (ဆာလံ ၁၄၅:၁၈၊ ၁၉) ကိုယ့်ရဲ့စိုးရိမ်ပူပန်မှုတွေအားလုံးကို ဘုရားသခင်ထံ ရင်ဖွင့်ဆုတောင်းဖို့ သမ္မာကျမ်းစာမှာ တိုက်တွန်းထားပါတယ်။ (ဖိလိပ္ပိ ၄:၆၊ ၇) ဆုတောင်းချက်တချို့ကိုတော့ ဘုရားသခင် နားမထောင်ဘူး။ ဥပမာ၊ စကားတစ်မျိုးတည်း အထပ်ထပ်ရွတ်ပြီး ဆုတောင်းတာကို ဘုရားသခင် မနှစ်သက်ပါဘူး။—မဿဲ ၆:၇ ကိုဖတ်ပါ။

ဒါ့အပြင် ပညတ်တော်တွေကို တမင်သက်သက် ချိုးဖောက်နေတဲ့သူတွေရဲ့ ဆုတောင်းသံတွေကိုလည်း ယေဟောဝါဘုရား နားမထောင်ပါဘူး။ (သုတ္တံ ၂၈:၉) ဥပမာ၊ ကျမ်းစာခေတ်က လူ့အသက် သတ်တဲ့အပြစ်ကို ကျူးလွန်တဲ့ အစ္စရေးလူတွေရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် နားမထောင်ခဲ့ဘူး။ ထင်ရှားတာက ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်ကို ဘုရားသခင် နားထောင်စေချင်တယ်ဆိုရင် ကိုယ်တော်ရဲ့ တောင်းဆိုချက်တွေကို ပြည့်မီရမယ်။—ဟေရှာယ ၁:၁၅ ကိုဖတ်ပါ။

ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်ကို ဘုရားသခင် နားထောင်စေချင်တယ်ဆိုရင် ဘာလုပ်ရမလဲ

ယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်ဆီ ချဉ်းကပ်ဆုတောင်းလို့ မရနိုင်ဘူး။ (ယာကုပ် ၁:၅၊ ၆) ဘုရားသခင်ဟာ တကယ်တည်ရှိပြီး ကျွန်ုပ်တို့ကို ဂရုစိုက်နေတယ်ဆိုတာ ယုံကြည်ရမယ်။ သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့အောင်လုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ စစ်မှန်တဲ့ယုံကြည်ခြင်းက သမ္မာကျမ်းစာမှာတွေ့ရတဲ့ အထောက်အထားတွေနဲ့ ကတိတော်တွေအပေါ် အခြေခံလို့ဖြစ်တယ်။—ဟေဗြဲ ၁၁:၁၊ ၆ ကိုဖတ်ပါ။

ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါ စိတ်ရင်းမှန်နဲ့ နှိမ့်ချစွာ ဆုတောင်းဖို့လည်း အရေးကြီးတယ်။ ဘုရားသခင့်သားတော် ယေရှုခရစ်ဟာ နှိမ့်ချစွာ ဆုတောင်းခဲ့တယ်။ (လုကာ ၂၂:၄၁၊ ၄၂) ဘုရားသခင်ကို ကျွန်ုပ်တို့အတွက် ဘာလုပ်ပေးရမယ်လို့ ဆုတောင်းမယ့်အစား ကျမ်းစာကိုဖတ်ပြီး ကိုယ်တော် ကျွန်ုပ်တို့ကို ဘာတောင်းဆိုသလဲဆိုတာ နားလည်ဖို့ ကြိုးစားရမယ်။ ဒါဆိုရင် ကျွန်ုပ်တို့ဟာ ဘုရားသခင့်အလိုတော်နဲ့အညီ ဆုတောင်းနိုင်မှာဖြစ်တယ်။—၁ ယောဟန် ၅:၁၄ ကိုဖတ်ပါ။

ထပ်သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၁၇ ကိုဖတ်ကြည့်ပါ

www.pr2711.com/mya ကနေ ကူးယူနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ