ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၁၁/၁၅ စာ. ၈-၉
  • လိုအပ်နေသူတွေကို ကျွန်ုပ်တို့ ကူညီပေးနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လိုအပ်နေသူတွေကို ကျွန်ုပ်တို့ ကူညီပေးနိုင်ပုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူတို့ရဲ့ကြွယ်ဝမှုက ချို့တဲ့မှုကိုဖြည့်ဆည်းပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • “လုပ်ငန်းက ကြီးမား”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ‘ရက်ရောတဲ့သူဟာ ကောင်းချီးခံစားရမယ်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • “စိတ်နှလုံးတညီတညွတ်တည်း” ဖြင့် ဘုရားသခင့်အမှုတော်ဆောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၁၁/၁၅ စာ. ၈-၉

လိုအပ်နေသူတွေကို ကျွန်ုပ်တို့ ကူညီပေးနိုင်ပုံ

“ရွေးကောက်ပွဲတစ်ခုရဲ့ အနိုင်အရှုံးရလဒ်ကြောင့် အကြမ်းဖက်မှုတွေဖြစ်ပွားပြီး သောင်းနဲ့ချီတဲ့ ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့နေအိမ်တွေကနေ ထွက်ပြေးခဲ့ရတယ်” လို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံက အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဖရန်ဆွာက ပြောပြတယ်။ “အစားအစာနဲ့ ဆေးဝါးတွေ ရှားပါးသွားပြီး ရှိနေတာတွေက အဆမတန် ဈေးတက်လာတယ်။ ဘဏ်တွေပိတ်သွားတယ်၊ ငွေထုတ်စက်တွေ ရပ်သွားတယ်။”

ဌာနခွဲရုံးက ညီအစ်ကိုတွေဟာ အလှူငွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ချက်ချင်း စုဆောင်းလိုက်တယ်၊ အဲဒီနောက် ထွက်ပြေးလာပြီး နိုင်ငံတစ်ဝန်းမှာရှိတဲ့ နိုင်ငံတော်ခန်းမတွေမှာ ရောက်ရှိနေတဲ့ သက်သေခံတွေဆီ ပို့ပေးတယ်။ အတိုက်အခံအုပ်စုတွေက လမ်းတွေကို ပိတ်လိုက်တယ်၊ ဒါပေမဲ့ သက်သေခံတွေဟာ ကြားနေတယ်ဆိုတာကို နှစ်ဖက်စလုံးက သိထားလို့ ဌာနခွဲကားတွေက အဲဒီနေရာတွေကို ဖြတ်သန်းခွင့်ရခဲ့တယ်။

“နိုင်ငံတော်ခန်းမတစ်ခုကို သွားတဲ့လမ်းမှာ လက်ဖြောင့်တပ်သားတွေက ကျွန်တော်တို့ရဲ့ကားကို သေနတ်နဲ့ပစ်တယ်။ ဒါပေမဲ့ ကျည်ဆန်တွေက ကျွန်တော်တို့ကြားကနေ ဖြတ်သွားတယ်။ လက်နက်ကိုင်ထားတဲ့ စစ်သားတစ်ယောက် ကျွန်တော်တို့ရှိတဲ့ဘက်ကို ပြေးလာတာတွေ့လိုက်လို့ ကျွန်တော်တို့ ကားကို အမြန်ပြန်ကွေ့ပြီး ဌာနခွဲကို ပြန်လာခဲ့ကြတယ်။ ကျွန်တော်တို့ အသက်ရှင်လွတ်မြောက်ခဲ့လို့ ယေဟောဝါကို ကျေးဇူးတင်တယ်။ နောက်တစ်နေ့မှာ အဲဒီနိုင်ငံတော်ခန်းမမှာရှိတဲ့ သက်သေခံ ၁၃၀ ဟာ လုံခြုံတဲ့နေရာတစ်ခုကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ရောက်သွားတယ်။ တချို့က ဌာနခွဲကို ရောက်လာကြတယ်၊ ဆူပူလှုပ်ရှားမှုတွေပြီးသွားတဲ့အထိ သူတို့ကို အဲဒီမှာ ကြည့်ရှုစောင့်ရှောက်ထားခဲ့တယ်။”

“နောက်ပိုင်းမှာ နိုင်ငံအနှံ့က ညီအစ်ကိုတွေ ရေးလိုက်တဲ့ ကျေးဇူးတင်စာ အများကြီးကို ဌာနခွဲက လက်ခံရရှိခဲ့တယ်။ သူတို့လိုအပ်တဲ့အချိန်မှာ သူတို့ရဲ့ညီအစ်ကိုတွေက ကူညီပေးတယ်ဆိုတာကို တွေ့ကြုံခံစားခဲ့ရလို့ ယေဟောဝါအပေါ် ပိုပြီး ယုံကြည်စိတ်ချလာကြတယ်” လို့ ဖရန်ဆွာက ပြောပြတယ်။

သဘာဝဘေးနဲ့ လူကြောင့်ဖြစ်တဲ့ဘေးတွေ ရင်ဆိုင်ရတဲ့အခါမှာ အကူအညီလိုအပ်နေတဲ့ ညီအစ်ကိုတွေကို “နွေးထွေးစွာနေ၍ ဝစွာစားကြလော့” လို့ ကျွန်ုပ်တို့ မပြောဘူး။ (ယာ. ၂:၁၅၊ ၁၆) အဲဒီအစား သူတို့လိုအပ်တာတွေကို ကူညီပေးဖို့ လုပ်ဆောင်ကြတယ်။ အဲဒီလိုပဲ ပထမရာစုတုန်းကလည်း အစာခေါင်းပါးလိမ့်မယ်ဆိုတဲ့ သတိပေးချက် ကြားတဲ့အခါမှာ ‘တပည့်တော်တွေဟာ ယုဒပြည်မှာနေတဲ့ ညီအစ်ကိုတွေဆီ အသီးအသီး တတ်နိုင်သရွေ့ ကယ်ဆယ်ရေးအထောက်အပံ့ ပေးပို့ဖို့ ဆုံးဖြတ်’ ခဲ့ကြတယ်။—တ. ၁၁:၂၈-၃၀။

ယေဟောဝါရဲ့ကျေးကျွန်တွေဟာ အကူအညီလိုအပ်နေသူတွေကို ရုပ်ပစ္စည်းတွေနဲ့ ကူညီပေးဖို့ အသင့်ရှိကြတယ်။ ဒါပေမဲ့ လူတွေဟာ ဝတ်ပြုရေးမှာလည်း အကူအညီလိုအပ်ကြတယ်။ (မ. ၅:၃) သူတို့ကို ဝတ်ပြုရေးမှာ အကူအညီလိုအပ်နေတယ်ဆိုတာသိရှိစေဖို့နဲ့ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ယေရှုက မိမိရဲ့နောက်လိုက်တွေကို တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ အမိန့်ပေးခဲ့တယ်။ (မ. ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့ဟာ ဒီလုပ်ငန်းမှာပါဝင်ဖို့အတွက် ကိုယ့်ရဲ့အချိန်၊ ခွန်အားနဲ့ ဥစ္စာပစ္စည်းတွေကို အသုံးပြုကြတယ်။ အဖွဲ့အစည်းအနေနဲ့ကတော့ ရုပ်ပစ္စည်းလိုအပ်ရာတွေ ထောက်ပံ့ရာမှာ အလှူငွေတချို့ကို အသုံးပြုတယ်၊ ဒါပေမဲ့ အဓိက,ကတော့ နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းမှာ အသုံးပြုတယ်။ ဒီနည်းအားဖြင့် ကျွန်ုပ်တို့က ဘုရားသခင်နဲ့ လူလူချင်းကို ချစ်တယ်ဆိုတာ ဖော်ပြတယ်။—မ. ၂၂:၃၇-၃၉။

ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီလုပ်ငန်းကို ထောက်ပံ့သူတွေအနေနဲ့ သူတို့ရဲ့အလှူငွေတွေကို အသင့်တော်ဆုံးနည်းနဲ့ အသုံးပြုနေတယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ အကူအညီလိုအပ်နေတဲ့ သင်တို့ရဲ့ညီအစ်ကိုတွေကို ကူညီပေးနိုင်မလား။ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ထောက်ပံ့လိုတဲ့ဆန္ဒ သင့်မှာ ရှိပါသလား။ ဆန္ဒရှိပြီး “တတ်နိုင်တယ်ဆိုရင် လိုအပ်နေသူတွေကို ကောင်းမှုပြုဖို့ မတွန့်ဆုတ်နဲ့။”—သု. ၃:၂၇၊ ကဘ။

ကမ္ဘာချီလုပ်ငန်းအတွက် တချို့သူတွေ လှူဒါန်းတဲ့နည်းလမ်းများ

တမန်တော်ပေါလုအချိန်တုန်းကလိုပဲ ယနေ့ လူများစွာက “ကမ္ဘာချီလုပ်ငန်း” လို့ရေးထားတဲ့ အလှူငွေသေတ္တာမှာထည့်ဖို့ မိမိတို့ရဲ့ငွေကြေးတွေကို “သီးသန့်ဖယ်ထား” ကြတယ်။ (၁ ကော. ၁၆:၂) အသင်းတော်တွေက ဒီအလှူငွေတွေကို မိမိတို့နဲ့သက်ဆိုင်တဲ့နိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို လစဉ်ပေးပို့ကြတယ်။ သင်လည်း သင့်နိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေ တရားဝင်အသုံးပြုတဲ့ နည်းလမ်းကနေတစ်ဆင့် တိုက်ရိုက်လှူဒါန်းနိုင်ပါတယ်။ သင့်နိုင်ငံက ယေဟောဝါသက်သေတွေအသုံးပြုတဲ့ တရားဝင်နည်းလမ်းကိုသိရှိဖို့အတွက် ကျေးဇူးပြု၍ သင့်နိုင်ငံကိုကြီးကြပ်နေတဲ့ ဌာနခွဲရုံးကို ဆက်သွယ်ပါ။ ဌာနခွဲရုံးရဲ့လိပ်စာကို www.pr2711.com မှာ တွေ့နိုင်ပါတယ်။ စေတနာအလျောက်ထည့်ဝင်တဲ့ လှူဒါန်းငွေတွေကို ယေဟောဝါသက်သေ (ကင်းမျှော်စင်) အသင်း၊ အမှတ် ၉၄-ခ၊ အင်းယားလမ်း၊ ကမာရွတ်၊ ရန်ကုန်မြို့ ဒါမှမဟုတ် သင့်နိုင်ငံကိုကြီးကြပ်တဲ့ ဌာနခွဲရုံးကို တိုက်ရိုက်ပေးပို့နိုင်ပါတယ်။ စာတိုက်ကနေ ငွေပေးပို့လိုတယ်ဆိုရင် အထက်ပါ ကင်းမျှော်စင်အသင်းလိပ်စာနဲ့ ပေးပို့သင့်တယ်။ ကျောက်မျက်ရတနာနဲ့ တခြားအဖိုးတန်ပစ္စည်းတွေကိုလည်း လှူဒါန်းနိုင်ပါတယ်။ ဒီလိုပေးပို့လှူဒါန်းရာမှာ လုံးလုံးလျားလျား လှူဒါန်းကြောင်းဖော်ပြတဲ့ စာတိုလေးပါ ထည့်ပေးသင့်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ