ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ နိုဝင်ဘာ စာ. ၁၈-၁၉
  • ‘ရက်ရောတဲ့သူဟာ ကောင်းချီးခံစားရမယ်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ရက်ရောတဲ့သူဟာ ကောင်းချီးခံစားရမယ်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • “လုပ်ငန်းက ကြီးမား”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • သူတို့ရဲ့ကြွယ်ဝမှုက ချို့တဲ့မှုကိုဖြည့်ဆည်းပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • လိုအပ်နေသူတွေကို ကျွန်ုပ်တို့ ကူညီပေးနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ယေဟောဝါရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ကြောင်းပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ နိုဝင်ဘာ စာ. ၁၈-၁၉
ရှမွေလလေးကို တဲတော်ဆီ ဟန္န ခေါ်လာ

‘ရက်ရောတဲ့သူဟာ ကောင်းချီးခံစားရမယ်’

ပူဇော်သက္ကာဟာ စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ အရေးပါတဲ့အပိုင်း ဖြစ်ခဲ့တာ ကြာလှပါပြီ။ အစ္စရေးတွေက တိရစ္ဆာန်ပူဇော်သက္ကာတွေ ဆက်သကြတယ်။ ခရစ်ယာန်တွေက ‘ချီးမွမ်းခြင်းအားဖြင့် ဘုရားသခင်ဆီ ပူဇော်သက္ကာ ဆက်သ’ ကြတယ်။ (ဟီ. ၁၃:၁၅၊ ၁၆) ဒီပူဇော်သက္ကာတွေဟာ ရွှင်လန်းမှုနဲ့ ကောင်းချီး ရရှိစေကြောင်း အောက်ပါနမူနာတွေက ဖော်ပြတယ်။

ရှေးခေတ် သစ္စာရှိကျေးကျွန် ဟန္နဟာ သားလိုချင်လှပေမဲ့ မြုံနေရှာတယ်။ သားတစ်ယောက်သာ ရမယ်ဆိုရင် “တစ်သက်လုံး ယေဟောဝါဘုရားအတွက် ပေးပါ့မယ်” လို့ ယေဟောဝါဆီ ဆုတောင်းပြီး သစ္စာကတိ ပြုခဲ့တယ်။ (၁ ရှ. ၁:၁၀၊ ၁၁) အချိန်တန်တော့ ဟန္န ကိုယ်ဝန် ရှိလာပြီး ရှမွေလဆိုတဲ့ သားတစ်ယောက် မွေးဖွားခဲ့တယ်။ ရှမွေလ နို့ဖြတ်ပြီးတဲ့နောက် ဟန္နဟာ သစ္စာကတိ ပြုထားတဲ့အတိုင်း တဲတော်ကို ခေါ်သွားတယ်။ ဟန္နရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်။ နောက်ထပ် ကလေးငါးယောက် ထွန်းကားခဲ့တယ်။ ရှမွေလကတော့ ပရောဖက်နဲ့ ကျမ်းရေးသူ ဖြစ်လာတယ်။—၁ ရှ. ၂:၂၁။

ဟန္နနဲ့ ရှမွေလလိုပဲ ဒီနေ့ ခရစ်ယာန်တွေလည်း မိမိအသက်တာကို ဖန်ဆင်းရှင်ရဲ့ အမှုတော်အတွက် ဆက်ကပ်ဖို့ အခွင့်အရေး ရရှိကြတယ်။ ယေဟောဝါကို ကိုးကွယ်ဖို့ စွန့်လွှတ်အနစ်နာခံမှု မှန်သမျှ ကြွယ်ဝစွာ ဆုချခံရမယ်လို့ ယေရှု ကတိပေးခဲ့တယ်။—မာ. ၁၀:၂၈-၃၀။

ပထမရာစုမှာ ဒေါ်ကာလို့ခေါ်တဲ့ ခရစ်ယာန်အမျိုးသမီးဟာ တခြားသူတွေကို ကူညီပေးဖို့ စွန့်လွှတ်အနစ်နာခံမှု၊ “ကောင်းတဲ့အကျင့်၊ ပေးကမ်းစွန့်ကြဲတတ်တဲ့အကျင့်” ကြောင့် လူသိများတယ်။ ဝမ်းနည်းစရာကတော့ “ဒေါ်ကာ ဖျားပြီး သေဆုံးသွားတယ်။” ဒါကြောင့် အသင်းတော်တစ်ခုလုံး ဝမ်းနည်းကြတယ်။ အနီးအနားဒေသမှာ ပေတရု ရှိနေကြောင်း တပည့်တော်တွေ ကြားတဲ့အခါ ချက်ချင်း လာဖို့ တောင်းဆိုကြတယ်။ ပေတရု ရောက်လာပြီး ဒေါ်ကာကို ပြန်ရှင်အောင် လုပ်ပေးတဲ့အခါ ဘယ်လောက် ဝမ်းသာကြမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ အဲဒါ တမန်တော်တစ်ယောက် အသက်ပြန်ရှင်စေတဲ့ ပထမဆုံး မှတ်တမ်းပါပဲ။ (တ. ၉:၃၆-၄၁) ဒေါ်ကာရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ဘုရားသခင် မမေ့ပါဘူး။ (ဟီ. ၆:၁၀) သူ့ရဲ့ ရက်ရောမှုမှတ်တမ်းကို ကျွန်တော်တို့ တုပဖို့ ကျမ်းစာမှာ ဖော်ပြထားတယ်။

တမန်တော်ပေါလုလည်း အချိန်နဲ့ ဂရုစိုက်မှုကို ရက်ရက်ရောရော ပေးဆက်ရာမှာ အလွန်ကောင်းတဲ့ပုံသက်သေ ချမှတ်ခဲ့တယ်။ “ကျွန်တော်ကတော့ ခင်ဗျားတို့အတွက်ဆိုရင် ကိုယ့်မှာရှိသမျှကိုသာမက ကိုယ့်ကိုယ်ကိုယ်တောင် ပေးအပ်ဖို့ အသင့်ပါပဲ” လို့ ကောရိန္သုမြို့က ခရစ်ယာန်ညီအစ်ကိုတွေဆီ စာရေးခဲ့တယ်။ (၂ ကော. ၁၂:၁၅) တခြားသူတွေအတွက် စွန့်လွှတ်အနစ်နာခံခြင်းက ကိုယ့်ကို ကျေနပ်ပျော်ရွှင်စေရုံသာမက ယေဟောဝါရဲ့ ကောင်းချီးနဲ့ မျက်နှာသာ ရရှိစေကြောင်း ပေါလု ကိုယ်တွေ့ သိရှိခဲ့တယ်။—တ. ၂၀:၂၄၊ ၃၅။

ဘုရားနိုင်ငံတော်အကျိုးစီးပွား တိုးတက်ဖို့၊ ယုံကြည်သူချင်းတွေကို ကူညီထောက်မဖို့ အချိန်နဲ့ ခွန်အား အသုံးပြုတာကို ယေဟောဝါ နှစ်သက်တာ ရှင်းပါတယ်။ ဒါပေမဲ့ ဘုရားနိုင်ငံတော် ဟောပြောခြင်းလုပ်ငန်းကို ထောက်ပံ့နိုင်တဲ့ တခြားနည်းတွေ ရှိသေးသလား။ ရှိပါတယ်။ မေတ္တာပါတဲ့ လုပ်ဆောင်မှုတွေအပြင် စေတနာအလျောက် အလှူငွေ ထည့်ဝင်ခြင်းအားဖြင့် ဘုရားသခင်ကို ဂုဏ်တင်နိုင်ပါတယ်။ သာသနာပြုတွေ၊ အထူးအချိန်ပြည့်အမှုထမ်းတွေကို ထောက်ပံ့ခြင်း အပါအဝင် ကမ္ဘာချီလုပ်ငန်း တိုးတက်ဖို့ အလှူငွေတွေကို အသုံးပြုပါတယ်။ အဲဒီအပြင် စာပေတွေ၊ ဗီဒီယိုတွေ ပြင်ဆင်ခြင်း၊ ဘာသာပြန်ခြင်း၊ သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်း၊ နိုင်ငံတော်ခန်းမသစ် ဆောက်လုပ်ရေးလုပ်ငန်းတို့ကို စေတနာအလျာက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ လုပ်ဆောင်တယ်။ ‘ရက်ရောတဲ့သူဟာ ကောင်းချီးခံစားရမယ်’ ဆိုတာ စိတ်ချနိုင်ပါတယ်။ ဒီ့အပြင် ကိုယ့်ရဲ့အဖိုးတန်ဥစ္စာတွေကို ပေးဆက်ခြင်းအားဖြင့် ယေဟောဝါကို ဂုဏ်တင်ကြတယ်။—ပညာ. ၃:၉။ ၂၂:၉

ကမ္ဘာချီလုပ်ငန်းအတွက် တချို့သူတွေ ရွေးချယ်လှူဒါန်းတဲ့ နည်းလမ်းများ

တမန်တော်ပေါလု အချိန်တုန်းကလိုပဲ ယနေ့ လူများစွာဟာ “ကမ္ဘာချီလုပ်ငန်း” လို့ရေးထားတဲ့ အလှူငွေသေတ္တာမှာ ထည့်ဖို့ မိမိတို့ရဲ့ ငွေကြေးတွေကို “သီးသန့်ဖယ်ထားကြ” တယ်။ (၁ ကော. ၁၆:၂) အသင်းတော်တွေက ဒီအလှူငွေတွေကို သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးကို လစဉ် ပေးပို့ကြတယ်။ သင်လည်း သင့်နိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေ တရားဝင်အသုံးပြုတဲ့ နည်းလမ်းကနေတစ်ဆင့် တိုက်ရိုက် လှူဒါန်းနိုင်ပါတယ်။ သင့်နိုင်ငံက ယေဟောဝါသက်သေတွေ အသုံးပြုတဲ့ တရားဝင်နည်းလမ်းကို သိရှိဖို့ ဌာနခွဲရုံးကို ဆက်သွယ်ပါ။ ဌာနခွဲရုံးလိပ်စာကို www.pr2711.com မှာ တွေ့နိုင်ပါတယ်။ ဒေသအခြေအနေပေါ် မူတည်ပြီး တိုက်ရိုက် ပေးပို့နိုင်တဲ့ အလှူငွေ အမျိုးအစားတွေကတော့–

လုံးလုံးလျားလျား လှူဒါန်းခြင်း

  • အီလက်ထရောနစ် ဘဏ်စနစ်၊ ကြိုတင်ငွေထုတ်ကတ်၊ အကြွေးဝယ်ကတ်တို့နဲ့ လွှဲပြောင်းလှူဒါန်းနိုင်တယ်။ ဌာနခွဲတချို့မှာ jw.org ဒါမှမဟုတ် တခြားဝက်ဘ်ဆိုက်ကနေလည်း လွှဲပြောင်းလှူဒါန်းနိုင်တယ်။

  • ငွေသား၊ ကျောက်မျက်ရတနာ၊ တခြားအဖိုးတန်ပစ္စည်းတွေကိုလည်း လှူဒါန်းနိုင်ပါတယ်။ ဒီလိုပေးပို့လှူဒါန်းရာမှာ လုံးလုံးလျားလျား လှူဒါန်းကြောင်း ဖော်ပြတဲ့ စာတိုလေးပါ ထည့်ပေးသင့်တယ်။

ကန့်သတ်ချက်ဖြင့် လှူဒါန်းခြင်း အစီအစဉ်

  • လှူဒါန်းသူ လိုအပ်တဲ့အခါ ပြန်လည်ပေးအပ်ဖို့ ကန့်သတ်ချက်နဲ့ ငွေကြေး လှူဒါန်းနိုင်တယ်။

  • ဒီလိုပေးပို့လှူဒါန်းရာမှာ ကန့်သတ်ချက်နဲ့ လှူဒါန်းကြောင်း ဖော်ပြတဲ့ စာတိုလေးပါ ထည့်ပေးသင့်တယ်။

လှူဒါန်းရန် စီစဉ်ထားခြင်း

ငွေကြေး၊ တခြားအဖိုးတန်ပစ္စည်း လှူဒါန်းခြင်းအပြင် ကမ္ဘာချီနိုင်ငံတော်လုပ်ငန်းကို အထောက်အကူပြုဖို့ တခြားပေးကမ်းနည်းတွေ ရှိတယ်။ အောက်မှာ စာရင်းဖော်ပြထားပါတယ်။ ဘယ်လိုနည်းနဲ့ လှူဒါန်းချင်ပါစေ သင့်ဌာနခွဲရုံးကို အရင်ဆုံး ဆက်သွယ်မေးမြန်းပါ။ တရားရေးတောင်းဆိုချက်တွေ၊ အခွန်ဥပဒေတွေ ကွဲပြားတဲ့အတွက် အကောင်းဆုံး လှူဒါန်းနည်းကို မရွေးချယ်ခင် အရည်အချင်းပြည့်ဝတဲ့ အခွန်နဲ့ ဥပဒေအကြံပေးတွေနဲ့ တိုင်ပင်ဖို့ အရေးကြီးတယ်။

အာမခံနဲ့ အငြိမ်းစား အစီအစဉ်– ယေဟောဝါသက်သေတွေ အသုံးပြုတဲ့ တရားဝင်အမည်နဲ့ အသက်အာမခံကြေး ခံစားခွင့်၊ အငြိမ်းစား/ပင်စင်ခံစားခွင့်တို့ကို လှူဒါန်းနိုင်ပါတယ်။

ဘဏ်စာရင်းများ– ယေဟောဝါသက်သေတွေ အသုံးပြုတဲ့ တရားဝင်အမည်နဲ့ ဒေသန္တရ ဘဏ်စည်းကမ်းတွေနဲ့အညီ သေဆုံးမှ လွှဲပြောင်းပေးဖို့ စီစဉ်နိုင်တယ်။

အစုရှယ်ယာလက်မှတ်နဲ့ ငွေချေးစာချုပ်များ– အစုရှယ်ယာလက်မှတ်တွေ၊ ငွေချေးစာချုပ်တွေကို ယေဟောဝါသက်သေတွေ အသုံးပြုတဲ့ တရားဝင်အမည်နဲ့ လုံးလုံးလျားလျား ပေးအပ်လှူဒါန်းနိုင်တယ်။ ဒါမှမဟုတ် သေဆုံးမှ လွှဲပြောင်းပေးဖို့ စာရေးထားနိုင်တယ်။

အိမ်ရာအဆောက်အအုံများ– ရောင်းချနိုင်တဲ့ အိမ်ရာအဆောက်အအုံတွေ လှူဒါန်းခြင်းနဲ့ပတ်သက်ပြီး လုံးလုံးလျားလျားဖြစ်စေ၊ လှူဒါန်းသူ အသက်ရှင်နေသရွေ့ နေထိုင်မယ့်အပိုင်းကို ချန်လှပ်ပြီးဖြစ်စေ ပေးအပ်လှူဒါန်းနိုင်တယ်။

သေတမ်းစာနဲ့ လွှဲအပ်စာများ– ပစ္စည်းဥစ္စာ ဒါမှမဟုတ် ငွေကြေးကို ယေဟောဝါသက်သေတွေ အသုံးပြုတဲ့ တရားဝင်အမည်ဆီ တရားဝင်သေတမ်းစာနဲ့ အမွေပေး လှူဒါန်းနိုင်တယ်။ လွှဲအပ်စာချုပ်မှာ ယေဟောဝါသက်သေတွေကို အကျိုးခံစားခွင့်ရှိသူအဖြစ် ပါဝင်စေနိုင်တယ်။ ဒီအစီအစဉ်က အခွန်နဲ့ပတ်သက်တဲ့ အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိစေနိုင်တယ်။

“လှူဒါန်းရန် စီစဉ်ထားခြင်း” ဆိုတဲ့ ဝေါဟာရအတိုင်း အထက်ပါလှူဒါန်းနည်းတွေကို လှူဒါန်းသူက ကြိုတင်စီစဉ်ထားဖို့ လိုတယ်။ လှူဒါန်းနည်းတစ်မျိုးမျိုးနဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီလုပ်ငန်းကို အကျိုးပြုလိုသူတွေအတွက် ကမ္ဘာချီ ဘုရားသခင့် နိုင်ငံတော်လုပ်ငန်းကို အကျိုးပြုဖို့ လှူဒါန်းရန် စီစဉ်ထားခြင်း ဆိုတဲ့ စာစောင်ကို အင်္ဂလိပ်၊ စပိန် ဘာသာစကားတွေနဲ့ ပြင်ဆင်ပေးထားတယ်။ အခု ဒါမှမဟုတ် သေတမ်းစာနဲ့ လှူဒါန်းနိုင်တဲ့ နည်းအမျိုးမျိုးကို အဲဒီစာစောင်မှာ ဖော်ပြထားတယ်။ သင့်နိုင်ငံရဲ့ အခွန်ဥပဒေတွေ၊ တခြားဥပဒေတွေကြောင့် စာစောင်မှာပါတဲ့ အချက်အလက်တွေဟာ သင်နဲ့ အပြည့်အဝ သက်ဆိုင်ချင်မှ သက်ဆိုင်ပါလိမ့်မယ်။ အထက်ပါနည်းတွေနဲ့ ကမ္ဘာချီ ယေဟောဝါသက်သေများရဲ့ ဘာသာရေးနဲ့ လူမှုရေး လုပ်ဆောင်မှုတွေကို လူများစွာ ကူညီထောက်ပံ့နိုင်ပြီး အခွန်နဲ့ပတ်သက်တဲ့ အကျိုးအမြတ်တွေ ရရှိစေခဲ့ကြပါတယ်။ သင့်နိုင်ငံမှာ ဒီစာစောင် ရရှိနိုင်တယ်ဆိုရင် ဒေသခံအသင်းတော် အတွင်းရေးမှူးဆီမှာ တောင်းယူရရှိနိုင်ပါတယ်။

ထပ်သိချင်ရင် jw.org စာမျက်နှာတိုင်းရဲ့ အောက်မှာရှိတဲ့ “ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေ ထည့်ဝင်နိုင်ပါတယ်” ကို နှိပ်ပါ။ ဒါမှမဟုတ် ဌာနခွဲရုံးကို ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ