ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၁/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • မတရားမှုတွေကို အကောင်းဆုံး တုံ့ပြန်နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • တရားမျှတမှုရဖို့ တောင်းဆိုသံကို ဘယ်သူ နားထောင်ပေးမလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • တရားမမျှတမှုကို သင်ဖြေရှင်းနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • တရားမမျှတမှုကို ဘုရားဘာမျှ မလုပ်ဘဲ ထာဝစဉ် နေမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၁/၁ စာ. ၁၆
အမျိုးသမီးနဲ့ ကလေးတို့ ဆင်းရဲလွန်းတဲ့အခြေအနေမှာ အသက်ရှင်နေရ

ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

ဘုရားနဲ့ပတ်သက်ပြီး ဘာသိရှိနိုင်ပါသလဲ

ဘုရားက လူ့မျက်စိနဲ့ မမြင်နိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘုရားသခင်တည်ရှိလာတာ ဘယ်သူ့ကြောင့်မှ မဟုတ်ပါဘူး။ ကောင်းကင်၊ မြေကြီး၊ သက်ရှိသတ္တဝါအားလုံးကတော့ ဘုရားကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။ ဘယ်အရာမှ မရှိခင်ကတည်းက ဘုရားတည်ရှိခဲ့တာဖြစ်တယ်။ (ဆာလံ ၉၀:၂) ဘုရားက လူတွေ မိမိကိုရှာပြီး မိမိအကြောင်းနဲ့ပတ်သက်တဲ့ အမှန်တရားကို သိစေချင်တယ်။—တမန်တော် ၁၇:၂၄-၂၇ ကိုဖတ်ပါ။

ဘုရားကို နာမည်နဲ့အတူ ကျွန်ုပ်တို့သိကျွမ်းနိုင်ပါတယ်။ ကိုယ်တော် ပြုလုပ်ထားတဲ့အရာတွေကို စေ့စေ့ကြည့်ရှုတဲ့အခါ ကိုယ်တော်ရဲ့အရည်အသွေးတချို့ကို သိရှိနိုင်ပါတယ်။ (ရောမ ၁:၂၀) ဒါပေမဲ့ ဘုရားသခင်ကို သိကျွမ်းချင်တယ်ဆိုရင် ကိုယ်တော့်အကြောင်း ရေးသားထားတဲ့ သမ္မာကျမ်းစာကို လေ့လာရမှာ ဖြစ်တယ်။ ကျမ်းစာလေ့လာတဲ့အခါ ကိုယ်တော်ရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေကို ကောင်းကောင်းသိရှိလာမှာဖြစ်တယ်။—ဆာလံ ၁၀၃:၇-၁၀ ကိုဖတ်ပါ။

မတရားမှုတွေနဲ့ပတ်သက်ပြီး ဘုရား ဘယ်လိုခံစားရသလဲ

ယေဟောဝါဘုရားက မတရားမှုတွေကို မုန်းပါတယ်။ (တရားဟောရာ ၂၅:၁၆) ကိုယ်တော်ရဲ့ အရည်အသွေးတွေကို လူတွေဆီမှာလည်း ထည့်ထားပေးတဲ့အတွက် လူသားအားလုံးနီးပါးက မတရားမှုတွေကို မုန်းရခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ဝန်းကျင်မှာ တွေ့နေရတဲ့ မတရားမှုတွေက ဘုရားကြောင့်ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ ဘုရားက လူတွေကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးထားတာဖြစ်တယ်။ ဝမ်းနည်းစရာက လူတော်တော်များများဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တလွဲအသုံးပြုပြီး မတရားမှုတွေ ပြုလုပ်နေကြတယ်။ သူတို့ရဲ့ လုပ်ရပ်ကြောင့် ယေဟောဝါဘုရား စိတ်ထိခိုက်ရတယ်။—ကမ္ဘာဦး ၆:၅၊ ၆; တရားဟောရာ ၃၂:၄၊ ၅ တို့ကိုဖတ်ပါ။

ယေဟောဝါဘုရားက မတရားမှုကို မုန်းတဲ့အတွက် ဒီမတရားမှုတွေကို အမြဲတမ်း သည်းခံနေမှာတော့ မဟုတ်ဘူး။ (ဆာလံ ၃၇:၂၈၊ ၂၉) မကြာခင်မှာ မတရားမှုတွေကို ဘုရားသခင် ဖယ်ရှားပေးတော့မယ်လို့ သမ္မာကျမ်းစာမှာ ကတိပေးထားပါတယ်။—၂ ပေတရု ၃:၇-၉၊ ၁၃ ကိုဖတ်ပါ။

မကြာခင်မှာ မတရားမှုတွေကို ဘုရားသခင် ဖယ်ရှားပေးတော့မယ်လို့ သမ္မာကျမ်းစာမှာ ကတိပေးထား

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၁ ကို ဖတ်ကြည့်ပါ။

www.pr2711.com/mya ကနေ ကူးယူနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ