ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၂/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာထဲက သတင်းကောင်းဟာ ဘုရားသခင်ဆီက လာတာလား
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • သမ္မာကျမ်းစာ —ဘုရားသခင်ဆီကစာအုပ်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • သမ္မာကျမ်းစာသည် တကယ်ပင် ဘုရားသခင်ထံမှလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘယ်လို ပြောမလဲ
    သမ္မာကျမ်းစာကို သင် ဘယ်လိုရှုမြင်ပါသလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၂/၁ စာ. ၁၆
ရှေးဟောင်းကျမ်းလိပ်

ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

သမ္မာကျမ်းစာက ဘုရားသခင့် စကားတွေကို ရေးထားတဲ့စာအုပ်လား

ဘုရားသခင့် စကားတွေက ထူးခြားမယ်လို့ သင် မထင်ဘူးလား။ ဘုရားသခင့်စကားတွေကို မှတ်တမ်းတင်ထားတဲ့ သမ္မာကျမ်းစာက တကယ်ပဲ ထူးခြားပါတယ်။ သမ္မာကျမ်းစာကို ထောင်နဲ့ချီတဲ့ ဘာသာစကားတွေနဲ့ ဘာသာပြန်ထားပြီး ဘီလီယံနဲ့ချီ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ သမ္မာကျမ်းစာရဲ့ လမ်းညွှန်ချက်တွေက လူတွေရဲ့ ဘဝပုံစံကို ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ်။—၁ သက်သာလောနိတ် ၂:၁၃; ၂ တိမောသေ ၃:၁၆ တို့ကိုဖတ်ပါ။

ဘယ်လူသားကမှ အနာဂတ်အကြောင်း ကြိုတင်မပြောပြနိုင်ပေမဲ့ သမ္မာကျမ်းစာမှာတော့ အနာဂတ်အကြောင်း တိတိကျကျ ကြိုတင်ဖော်ပြထားတဲ့အတွက် သမ္မာကျမ်းစာဟာ ဘုရားသခင်ဆီက လာတဲ့စာအုပ်လို့ ပြောနိုင်ပါတယ်။ ဥပမာ၊ ဟေရှာယကျမ်းကို သုံးသပ်ကြည့်ပါ။ ယေရှုမမွေးခင် နှစ်တစ်ရာကျော်က ရေးကူးခဲ့တဲ့ ကျမ်းမိတ္တူတစ်စောင်ကို ပင်လယ်သေနားက ဂူတစ်ခုမှာ တွေ့ ရှိခဲ့တယ်။ ဗာဗုလုန်မြို့ဟာ လူသူမနေတဲ့အရပ် ဖြစ်လိမ့်မယ်လို့ အဲဒီကျမ်းမှာ ကြိုဟောထားတယ်။ အဲဒီကြိုဟောချက်ဟာ ယေရှုသေဆုံးပြီးနောက် နှစ်ပေါင်းတော်တော်ကြာတဲ့အခါမှ ပြည့်စုံခဲ့တယ်။—ဟေရှာယ ၁၃:၁၉၊ ၂၀; ၂ ပေတရု ၁:၂၀၊ ၂၁ တို့ကိုဖတ်ပါ။

သမ္မာကျမ်းစာကို ဘယ်လို ရေးသားခဲ့သလဲ

သမ္မာကျမ်းစာကို နှစ်ပေါင်း ၁,၆၀၀ ကျော်အတွင်း လူပေါင်း ၄၀ လောက်က ရေးသားခဲ့တယ်။ ဒါပေမဲ့ အကြောင်းအရာကတော့ တစ်ခုတည်းဖြစ်ပြီး တစ်ကျမ်းနဲ့တစ်ကျမ်းလည်း ဆန့်ကျင်မှု မရှိဘူး။ ဘာကြောင့်လဲ။ ကျမ်းရေးသားတဲ့အခါမှာ ဘုရားသခင် လမ်းညွှန်ပေးခဲ့လို့ပါပဲ။—၂ ဓမ္မရာဇဝင် ၂၃:၂ ကိုဖတ်ပါ။

ဘုရားသခင်က ကျမ်းရေးသူတွေ ဘာရေးရမလဲဆိုတာ သိနိုင်ဖို့ တစ်ခါတလေ ကောင်းကင်တမန်တွေ၊ အမြင်အာရုံတွေ၊ အိပ်မက်တွေကို အသုံးပြုပြီး ဖော်ပြပေးတယ်။ အများအားဖြင့်တော့ ကျမ်းရေးသူရဲ့စိတ်ထဲ အကြောင်းအရာကို ထည့်ပေးလိုက်တယ်။ ကျမ်းရေးသူဟာ ဘုရားသခင်ဆီကရရှိတဲ့ သတင်းစကားကို ကိုယ်ပိုင်စကားလုံးတွေနဲ့ ရေးသားဖော်ပြခွင့်ရခဲ့တယ်။—ဗျာဒိတ် ၁:၁; ၂၁:၃–၅ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၂ ကို ဖတ်ကြည့်ပါ။

www.pr2711.com/mya ကနေ ကူးယူနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ