ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၆/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာမြေ ဆက်ရှင်သန်မယ်လို့ ဘုရားသခင် ကတိပြု
    နိုးလော့!—၂၀၂၃
  • ဖန်ဆင်းရှင်ထံမှ ထာဝရ ဆုလက်ဆောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ရှင်သန်နေသောဂြိုဟ်
    သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော
  • ဒီ နိုးလော့! စာစောင်မှာ
    နိုးလော့!—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၆/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဘာအတွက် ကမ္ဘာဂြိုဟ် တည်ရှိနေတာလဲ

အရောင်အသွေးစုံတဲ့ သဘာဝအလှအပတွေကို ကြည့်နေတဲ့ လူငယ်တစ်ယောက်

ကမ္ဘာဂြိုဟ်ကို လူသားတွေအတွက် ပျော်ရွှင်ဖွယ်စံအိမ်ဖြစ်ဖို့ ရည်ရွယ်ထား

ကျွန်ုပ်တို့ရဲ့ ကမ္ဘာဂြိုဟ်ဟာ သက်ရှိတွေနေထိုင်ဖို့ အကောင်းဆုံးနေရာဖြစ်တယ်။ ဒီကမ္ဘာဂြိုဟ်မှာ သက်ရှိတွေအတွက် ရေအလုံအလောက်ရှိတယ်။ ကမ္ဘာဂြိုဟ်ရဲ့ တိမ်းစောင်းမှု၊ လည်ပတ်မှုနဲ့ နေကို ပတ်နေတဲ့လမ်းကြောင်းက အတိအကျဖြစ်နေတဲ့အတွက် ပင်လယ်၊ သမုဒ္ဒရာတွေ အေးခဲသွားတာ၊ အငွေ့ပြန်သွားတာတွေ မဖြစ်ဘူး။ ကမ္ဘာ့လေထုနဲ့ သံလိုက်စက်ကွင်းတွေက သေစေနိုင်တဲ့ ရောင်ခြည်တွေကို ကာကွယ်ပေးတယ်။ ကမ္ဘာဂြိုဟ်ပေါ်က အပင်တွေနဲ့ သတ္တဝါတွေရဲ့ အပြန်အလှန်အကျိုးပြုမှုကလည်း သိပ်အံ့သြဖို့ကောင်းပါတယ်။ ဒါကြောင့် ကမ္ဘာဂြိုဟ် တည်ရှိနေတာက ရည်ရွယ်ချက်ရှိရမယ်လို့ လူအတော်များများ ယုံကြည်ကြတယ်။—ဟေရှာယ ၄၅:၁၈ ကိုဖတ်ပါ။

‘အဲဒီရည်ရွယ်ချက်ထဲမှာ ဆင်းရဲဒုက္ခတွေနဲ့ မတရားမှုတွေလည်း ပါသလား’ လို့ သင် သိချင်မှာပဲ။—တရားဟောရာ ၃၂:၄၊ ၅ ကိုဖတ်ပါ။

ကမ္ဘာဂြိုဟ်တည်ရှိရတဲ့ ရည်ရွယ်ချက်က ဖြစ်မြောက်လာမှာလား

ဘုရားက မိမိကိုချစ်မြတ်နိုးပြီး အချင်းချင်းလေးစားမှုရှိတဲ့ လူသားတွေ ပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့ ဒီကမ္ဘာဂြိုဟ်ကို ပြုလုပ်ပေးထားပါတယ်။ ဒါကြောင့် လူ့ဘဝက အပင်တွေ၊ တိရစ္ဆာန်တွေထက် ပိုကောင်းတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ လူသားတွေဟာ ကမ္ဘာဂြိုဟ်ကို ပြုလုပ်ထားတဲ့အရှင်အကြောင်း သိနိုင်တယ်။ ကိုယ်တော့်ကို ကြည်ညိုလေးမြတ်ပြီး ကိုယ်တော့် မေတ္တာနဲ့ တရားမျှတမှုကိုလည်း တုပနိုင်ပါတယ်။—ဒေသနာ ၁၂:၁၃; မိက္ခာ ၆:၈ တို့ကိုဖတ်ပါ။

ကမ္ဘာဂြိုဟ်ကို ပုံစံပြုထားတဲ့အရှင်က ရည်ရွယ်ထားသမျှကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်တော်ဟာ ဆင်းရဲဒုက္ခနဲ့ မတရားမှုတွေကို ဖယ်ရှားပေးပြီး ဒီကမ္ဘာဂြိုဟ်ကို လူသားတွေအတွက် ပျော်ရွှင်ဖွယ်စံအိမ်ဖြစ်လာအောင် လုပ်ဆောင်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဆာလံ ၃၇:၁၁၊ ၂၉; ဟေရှာယ ၅၅:၁၁ တို့ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ဒီစာအုပ်ရဲ့ အခန်း ၃ ကိုဖတ်ကြည့်ပါ

www.pr2711.com/mya ကနေလည်း ကူးယူနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ