ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၇/၁ စာ. ၃
  • များလိုက်တဲ့ အဖြစ်ဆိုးတွေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • များလိုက်တဲ့ အဖြစ်ဆိုးတွေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဖြစ်ဆိုးတွေကို လူကောင်းတွေ ဘာလို့ ကြုံနေရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကျွန်ုပ်တို့ ဆင်းရဲဒုက္ခခံရတာ ဘုရားသခင်ကြောင့်လား။
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဖန်ဆင်းရှင် ဂရုစိုက်စောင့်ရှောက်ရိုးမှန်လျှင် အဘယ်ကြောင့် ဆင်းရဲဒုက္ခ ဤမျှများပြားရသနည်း
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • နိဒါန်း
    နိုးလော့!—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၇/၁ စာ. ၃

မျက်နှာဖုံးဆောင်းပါး | အဖြစ်ဆိုးတွေကို လူကောင်းတွေ ဘာလို့ ကြုံနေရတာလဲ

များလိုက်တဲ့ အဖြစ်ဆိုးတွေ

ဝမ်းနည်းကြေကွဲနေကြတဲ့ မိသားစုဝင်တွေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့က ၃၅ နှစ်အရွယ် အမျိုးသမီး ဆမီတာဟာa ချစ်ခင်ကြင်နာတတ်တယ်ဆိုပြီး နာမည်ကောင်းရရှိထားသူပါ။ ဘုရားသခင်အကြောင်း သူသိရှိထားရာတွေကို ပြောပြချင်တဲ့၊ ရိုးသားကြိုးစားပြီး ပျော်ပျော်နေတတ်တဲ့ အိမ်ထောင်ရှင်မလို့လည်း လူတွေသိထားကြတယ်။ ဆမီတာ ရုတ်တရက် နာမကျန်းဖြစ်လာပြီး တစ်ပတ်အတွင်း ကွယ်လွန်သွားတဲ့အခါ သူ့မိသားစုနဲ့ မိတ်ဆွေတွေ မယုံနိုင်လောက်အောင် အံ့ဩသွားကြတယ်။

အသက် ၃၀ ဝန်းကျင်ရှိတဲ့ ဂျိမ်းစ်တို့ဇနီးမောင်နှံလည်း ဆမီတာလို နာမည်ကောင်းရရှိထားသူတွေ ဖြစ်တယ်။ နွေဦးချိန်မှာ အမေရိကန်နိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ သူငယ်ချင်းတွေဆီ သူတို့ သွားလည်ကြတယ်။ ဒါပေမဲ့ နယူးယောက်မှာရှိတဲ့ သူတို့အိမ်ကို ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး။ ပြင်းထန်တဲ့ယာဉ်တိုက်မှုကြောင့် ချစ်ရတဲ့သူတွေနဲ့ အလုပ်ဖော်တွေကို အပြီးအပိုင် ခွဲခွာသွားပါတော့တယ်။

ဒီနေ့အချိန်မှာ မကောင်းမှုတွေ၊ ဆင်းရဲဒုက္ခတွေကို နေရာတကာမှာ တွေ့နေရပါတယ်။ စစ်ပွဲတွေကြောင့် ပြည်သူလူထုတွေရော စစ်သားတွေပါ သေဆုံးကြရတယ်။ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့သူတွေ ဒုက္ခရောက်ရတယ်။ ပြင်းထန်တဲ့ မတော်တဆမှုတွေ၊ ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါတွေကို အသက်အရွယ်၊ အဆင့်အတန်းမရွေး လူတိုင်း ကြုံတွေ့နေရတယ်။ သဘာဝဘေးဒဏ်တွေကလည်း လူတွေရဲ့အသက်ကို မညှာမတာ ချွေယူသွားတယ်။ လူမျိုးရေးမုန်းတီးမှု၊ မတရားမှုတွေကိုလည်း နေရာအနှံ့မှာ တွေ့နေရတယ်။ သင်ကိုယ်တိုင်လည်း အဲဒီလို အဖြစ်ဆိုးတစ်မျိုးမျိုးကို ကြုံတွေ့ရသူ ဖြစ်နိုင်တယ်။

ဒါကြောင့် ဒီလိုမျိုးမေးခွန်းတွေကို သင်လည်း သိချင်မှာပဲ–

  • လူကောင်းတွေ ဘာလို့ အဖြစ်ဆိုးတွေကို ကြုံကြရတာလဲ။

  • အဖြစ်ဆိုးတွေအတွက် ဘုရားသခင်ကို အပြစ်တင်သင့်သလား။

  • ကပ်ဘေးတွေက သူ့အလိုအလျောက်ဖြစ်လာတာလား၊ လူတွေကြောင့်လား။

  • ကံကြမ္မာလို့ခေါ်တဲ့ အတိတ်ဘဝက လုပ်ရပ်တွေကြောင့် အခုချိန်မှာ ဆင်းရဲဒုက္ခတွေ ခံနေရတာလား။

  • တန်ခိုးကြီးတဲ့အရှင် ဘုရားသခင်ရှိတယ်ဆိုရင် လူကောင်းတွေကို အန္တရာယ်တွေကနေ ဘာဖြစ်လို့ မကာကွယ်ပေးတာလဲ။

  • လူတွေရဲ့ဘဝမှာ ဆင်းရဲဒုက္ခနဲ့ မကောင်းမှုတွေ ကင်းဝေးသွားမယ့်အချိန် ရှိလာနိုင်မလား။

အဲဒီမေးခွန်းတွေရဲ့ အဖြေကို သိနိုင်ဖို့ အဖြစ်ဆိုးတွေ ဘာကြောင့်ဖြစ်နေရတာလဲ၊ ဘုရားသခင် ဘာလုပ်ပေးမှာလဲဆိုတဲ့ အခြေခံမေးခွန်းနှစ်ခုကို နားလည်ဖို့ လိုအပ်ပါတယ်။

a နာမည်တွေကို ပြောင်းထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ