ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၈/၁ စာ. ၅
  • ဘုရားက သင့်ကို နားလည်ပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားက သင့်ကို နားလည်ပေး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ကို ဘုရားသခင်အမှန်သိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • သင့်ကို ဘုရားသခင် နားလည်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • ထူးဆန်းသောလက္ခဏာနဲ့ ပြည့်စုံကြ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • ‘အို ယေဟောဝါဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိတော်မူ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၈/၁ စာ. ၅

မျက်နှာဖုံးဆောင်းပါး | ဘုရားက သင့်ကို ဂရုစိုက်သလား

ဘုရားက သင့်ကို နားလည်ပေး

“အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။” —ဆာလံ ၁၃၉:၁။

ဒီအဲန်အေနဲ့ သန္ဓေသားလောင်းပုံ

“ကျွန်တော်မျိုး မမွေးမဖွားမီကပင်လျှင် ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးကို သိမြင်တော်မူပါ၏။”—ဆာလံ ၁၃၉:၁၆၊ ခမ။

လူတချို့ မယုံရတဲ့အကြောင်းရင်း– လူသားတွေဟာ အပြစ်သားတွေဖြစ်တဲ့အတွက် မသန့်ရှင်းဘူး၊ ဘုရားရဲ့ ဂရုစိုက်မှုကို မရထိုက်ဘူးလို့ ကိုယ်တော် ယူမှတ်တယ်ဆိုပြီး လူအများ ခံစားနေရတယ်။ စိတ်ကျရောဂါရှိတဲ့ ကန်ဒရာဟာ ဘုရားသခင်ရဲ့ လမ်းညွှန်ချက်တွေကို အပြည့်အဝ မလိုက်နိုင်တဲ့အတွက် အပြစ်ရှိတယ်လို့ ခံစားနေရသူဖြစ်တယ်။ ဒါကြောင့် “ကျွန်မ ဆုမတောင်းတော့ဘူး” လို့ သူပြောခဲ့တယ်။

ဘုရားပြောဆိုရာ– သင့်ရဲ့ အပြစ်အားနည်းချက်တွေလောက်ပဲ ယေဟောဝါဘုရား မြင်တာမဟုတ်ဘဲ သင်ဟာ ဘယ်လိုလူစားမျိုးလဲဆိုတာကိုလည်း နားလည်တယ်။ ဘုရားသခင်က “ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ရဲ့ “ပြစ်မှားခြင်းနှင့်အလျောက်” အပြစ်လည်း မပေးပါဘူး။ ကျွန်ုပ်တို့ နောင်တယူပြောင်းလဲတဲ့အခါ အပြစ်တွေကို သနားကြင်နာပြီး ခွင့်လွှတ်ပေးပါတယ်။—ဆာလံ ၁၀၃:၁၀၊ ၁၄။

ပထမဆုံးဆောင်းပါးမှာ ဖော်ပြထားတဲ့ ရှေးအစ္စရေးဘုရင် ဒါဝိဒ်အကြောင်းကို သုံးသပ်ကြည့်ပါ။ ဘုရားသခင်ကို ဒါဝိဒ် ဒီလိုဆုတောင်းခဲ့တယ်– ‘ကျွန်တော်မျိုး မမွေးမဖွားမီကပင်လျှင် ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးကို သိမြင်တော်မူပါ၏။ ကျွန်တော်မျိုး မမွေးမဖွားမီကပင်လျှင် ကိုယ်တော်ရှင်၏ စာစောင်တော်တွင် ရေးမှတ်ထားတော်မူပြီးဖြစ်ပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးကို စစ်ဆေးတော်မူ၍ ကျွန်တော်မျိုး၏ စိတ်နှလုံးကို သိမှတ်တော်မူပါ။’ (ဆာလံ ၁၃၉:၁၆၊ ၂၃၊ ခမ) တစ်ခါတလေ ကြီးလေးတဲ့အပြစ်တွေ ပြုမိခဲ့ရင်တောင် တကယ်နောင်တရတဲ့စိတ်နှလုံးကို ယေဟောဝါဘုရား တွေ့မြင်နိုင်တယ်ဆိုတာ ဒါဝိဒ် ယုံကြည်တယ်။

ယေဟောဝါဘုရားက ဘယ်လူသားထက်မဆို သင့်အပေါ် ပိုပြီးနားလည်ပေးနိုင်တယ်။ “လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်” လို့ ကျမ်းစာမှာ ပြောထားပါတယ်။ (၁ ဓမ္မရာဇဝင် ၁၆:၇) သင့်လုပ်ရပ်ရဲ့ နောက်ကွယ်က အကြောင်းရင်းကိုလည်း ဘုရားသိတယ်။ ဥပမာ၊ မျိုးရိုးဗီဇ၊ ကြီးပြင်းလာပုံ၊ ပတ်ဝန်းကျင်၊ ကိုယ်ရည်ကိုယ်သွေး စတဲ့အချက်တွေအားလုံးက သင့်ကို ဘယ်လိုပုံသွင်းနိုင်တယ်ဆိုတာ ကိုယ်တော် သိမြင်တယ်။ သင် အမှားတွေလုပ်မိပေမဲ့ ကောင်းတာလုပ်ဖို့ ကြိုးစားနေတာကို ကိုယ်တော်မြင်ပြီး တန်ဖိုးထားပါတယ်။

သင့်အကြောင်း ကောင်းကောင်းသိထားတဲ့ ဘုရားသခင်က သင့်ကို ဘယ်လိုနှစ်သိမ့်ပေးပါသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ