ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၈/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်တဲ့ဝတ်ပြုရေးကို ဘယ်လို ခွဲခြားသိမြင်နိုင်မလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • စစ်မှန်တဲ့ဝတ်ပြုရေးကို ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၈/၁ စာ. ၁၆
ဝတ်ပြုရာခန်းမမှာ လူမျိုးမတူတဲ့ ယေဟောဝါသက်သေတွေ အတူတကွ ပေါင်းသင်းနေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဘာသာတရားအားလုံးကို ဘုရားလက်ခံသလား

ဘာသာတရားကို အမည်ခံပြီး မကောင်းတာတွေ လုပ်နေကြတဲ့အကြောင်း ကမ္ဘာ့သတင်းတွေမှာ ကြားရတတ်တယ်။ ဒါကြောင့် ဘာသာအားလုံးကို ဘုရားလက်မခံဘူးဆိုတာ သိနိုင်တယ်။ (မဿဲ ၇:၁၅) အမှန်အတိုင်းပြောရရင် လူအများစုက မှားယွင်းတဲ့ ဘာသာတရားတွေနဲ့ လှည့်စားခံနေရတယ်။—၁ ယောဟန် ၅:၁၉ ကိုဖတ်ပါ။

ဒါပေမဲ့ ဘုရားသခင်က ကောင်းမြတ်ရာနဲ့ မှန်ကန်ရာကို နှစ်သက်မြတ်နိုးတဲ့ စိတ်ရင်းကောင်းသူတွေကို သတိပြုမိပါတယ်။ (ယောဟန် ၄:၂၃) အဲဒီလိုလူတွေကို ကိုယ်တော်ရဲ့ တရားစကားကို မှတ်တမ်းတင်ထားတဲ့ကျမ်းထဲက အမှန်တရားတွေ သင်ယူဖို့ ဖိတ်ခေါ်နေပါတယ်။—၁ တိမောသေ ၂:၃–၅ ကိုဖတ်ပါ။

ဘုရားလက်ခံတဲ့ ဘာသာတရားကို ဘယ်လို ခွဲခြားသိနိုင်မလဲ

ယေဟောဝါဘုရားက ဘာသာရေးနောက်ခံအမျိုးမျိုးက လူတွေကို အမှန်တရားနဲ့ အချင်းချင်းမေတ္တာပြဖို့ သင်ပေးပြီး စုစည်းနေပါတယ်။ (မိက္ခာ ၄:၂၊ ၃) ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မေတ္တာပြပုံကို ကြည့်ပြီး ဘုရားလက်ခံတဲ့ ဘာသာကို ခွဲခြားသိမြင်နိုင်ပါတယ်။—ယောဟန် ၁၃:၃၅ ကိုဖတ်ပါ။

စစ်မှန်တဲ့ဝတ်ပြုသူတွေဟာ သူတို့ရဲ့ ယုံကြည်ချက်နဲ့ အသက်ရှင်နေထိုင်ပုံကို ဘုရားရဲ့လမ်းညွှန်ချက်တွေအပေါ် အခြေခံထားပါတယ်။ ဘုရားရဲ့လမ်းညွှန်ချက်တွေကို ကျမ်းစာမှာ တွေ့နိုင်တယ်။ (၂ တိမောသေ ၃:၁၆) သူတို့ဟာ ဘုရားသခင်ရဲ့ နာမည်ကိုလည်း ဂုဏ်တင်ကြပါတယ်။ (ယေရမိ ၃၃:၂) ဘုရားသခင့်နိုင်ငံတော်ကသာ လူသားတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တယ်လို့ သူတို့ ယုံကြည်ပြီး အဲဒီနိုင်ငံကိုပဲ ထောက်ခံကြတယ်။ (ဒံယေလ ၂:၄၄၊ ၄၅) စစ်မှန်တဲ့ဝတ်ပြုသူတွေဟာ ‘အလင်းကို ထွန်းလင်း’ တဲ့အနေနဲ့ လူသားချင်းတွေကို ကောင်းမှုပြုပြီး ယေရှုကို တုပနေကြတယ်။ (မဿဲ ၅:၁၆) ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်က လုပ်ဆောင်ပေးမယ့် အရာတွေကို တစ်အိမ်တက်ဆင်းသွားပြီး ပြောပြနေကြပါတယ်။ ဒီအချက်တွေကိုကြည့်ပြီးတော့လည်း ဘုရားလက်ခံတဲ့ဘာသာတရားကို ခွဲခြားသိနိုင်ပါတယ်။—မဿဲ ၂၄:၁၄; တမန်တော် ၅:၄၂; ၂၀:၂၀ တို့ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၁၅ ကိုဖတ်ကြည့်ပါ။

www.pr2711.com/mya ကနေလည်း ကူးယူနိုင်ပါတယ်

စစ်မှန်တဲ့ဘာသာကနေတစ်ဆင့် လူအမျိုးမျိုးကို ယေဟောဝါဘုရား စုစည်းနေ။ —ဆာလံ ၁၃၃:၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ