ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၁၁/၁ စာ. ၆-၇
  • စာတန်မာရ်နတ်ကို ကြောက်ဖို့လိုသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာတန်မာရ်နတ်ကို ကြောက်ဖို့လိုသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာတန်မာရ်နတ်ဆိုတာ တကယ်ရှိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • မာရ်နတ်ကား မည်သူနည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ထာဝရအသက်၏ ရန်သူတစ်ပါး
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • စာတန်
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၁၁/၁ စာ. ၆-၇

မျက်နှာဖုံးဆောင်းပါး | စာတန်မာရ်နတ် တကယ်ရှိသလား

စာတန်မာရ်နတ်ကို ကြောက်ဖို့လိုသလား

လေကောင်းလေသန့်ရဖို့ အန္တရာယ်ရှိတဲ့ အိမ်ထဲကနေ ပြေးထွက်လာတဲ့ဇနီးမောင်နှံ

စာတန်မာရ်နတ်က ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့လို မမြင်ရပေမဲ့ အန္တရာယ်ရှိ

ကာဗွန်မိုနောက်ဆိုဒ်ဆိုတာ အဆိပ်ရှိတဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်တယ်။ အရောင်မရှိ၊ အနံ့မရှိတဲ့ ဓာတ်ငွေ့ ဖြစ်လို့ ပတ်ဝန်းကျင်မှာ ဒီဓာတ်ငွေ့ ရှိမရှိဆိုတာ အလွယ်တကူ မသိနိုင်ဘူး။ ကမ္ဘာပေါ်မှာ အဆိပ်သင့်ပြီး သေဆုံးရတဲ့ လူဦးရေထက်ဝက်ကျော်ဟာ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ကြောက်စရာတော့ မလိုပါဘူး။ ဒီဓာတ်ငွေ့ရှိတယ်ဆိုတာ သိနိုင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ နည်းအမျိုးမျိုးရှိပါတယ်။ လူအတော်များများက သတိပေးကိရိယာတွေ တပ်ဆင်ထားပြီး အန္တရာယ်ရှိကြောင်း အချက်ပြလာပြီဆိုရင် ချက်ချင်းလုပ်ဆောင်ကြတယ်။

ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့လိုပါပဲ၊ စာတန်မာရ်နတ်ကိုလည်း မမြင်နိုင်တဲ့အတွက် သူရှိတယ်ဆိုတာကို သိဖို့ခက်သလို အန္တရာယ်လည်း သိပ်များတယ်။ ဒါပေမဲ့ ဘုရားက ကျွန်ုပ်တို့ကို မပစ်ထားပါဘူး။ အောက်မှာဖော်ပြထားတဲ့ ဘုရားသခင် ပြင်ဆင်ပေးချက်တွေကို အသုံးပြုမယ်ဆိုရင် စာတန်ကို ကြောက်ဖို့မလိုပါဘူး။

ရွေးချယ်နိုင်စွမ်း။ “မာရ်နတ်ကိုမူ ခုခံတွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်သွားလိမ့်မည်။” (ယာကုပ် ၄:၇) စာတန်မှာ တန်ခိုးရှိပေမဲ့ သင်မလုပ်ချင်တဲ့အရာတွေကို အတင်းအကျပ် မလုပ်ခိုင်းနိုင်ဘူး။ သင့်ဆီမှာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် “မာရ်နတ်ကို ဆန့်ကျင်ကြလော့။ ယုံကြည်ခြင်းတွင် ခိုင်ခံ့မြဲမြံကြလော့” လို့ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၁ ပေတရု ၅:၉) ယေရှုဟာ စာတန်ရဲ့ သွေးဆောင်မှုတွေကို သုံးကြိမ်တိုင်တိုင် ပြတ်ပြတ်သားသား ငြင်းပြီးတဲ့နောက် စာတန် ထွက်သွားတယ်ဆိုတာ သတိရပါ။ (မဿဲ ၄:၁၁) သင်လည်း စာတန်ရဲ့ သွေးဆောင်မှုတွေကို တွန်းလှန်မယ်ဆိုရင် သူထွက်သွားပါလိမ့်မယ်။

ဘုရားနဲ့ရင်းနှီးတဲ့ဆက်ဆံရေး။ “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။” (ယာကုပ် ၄:၈) ယေဟောဝါဘုရားကိုယ်တိုင်က မိမိနဲ့ ခင်မင်ရင်းနှီးဖို့ သင့်ကို ဖိတ်ခေါ်နေတယ်။ ကိုယ်တော်နဲ့ ဘယ်လိုရင်းနှီးနိုင်မလဲ။ အကောင်းဆုံးနည်းလမ်းကတော့ ယေဟောဝါဘုရားအကြောင်းကို ကျမ်းစာကနေ သင်ယူခြင်းနဲ့ အစပြုဖို့ဖြစ်တယ်။ (ယောဟန် ၁၇:၃) ယေဟောဝါဘုရားအကြောင်း သင် သိလာတဲ့အခါ ကိုယ်တော့်ကို ချစ်မြတ်နိုးလာမယ်။ အဲဒီအခါ ကိုယ်တော့်အလိုဆန္ဒအတိုင်း လုပ်ဆောင်ချင်စိတ် ဖြစ်ပေါ်လာပါလိမ့်မယ်။ (၁ ယောဟန် ၅:၃) ကောင်းကင်ဖခင်ဖြစ်တဲ့ ယေဟောဝါဘုရားကို သင် ချဉ်းကပ်တဲ့အခါ ကိုယ်တော် ဘယ်လိုတုံ့ပြန်မလဲ။ “ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်” မယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။

လူငယ်တစ်ယောက် ကျမ်းစာဖတ်နေ၊ ဆုတောင်းနေ၊ ပြီးတဲ့နောက် နတ်ဆိုးနဲ့ဆိုင်တဲ့အရာတွေကို ဖျက်ဆီးနေ

သင် အကာအကွယ်ရရှိနိုင်ဖို့ ယေဟောဝါဘုရားရဲ့ ပြင်ဆင်ပေးချက်များ

ကာကွယ်ပေးမယ်ဆိုတဲ့ကတိ။ “ထာဝရဘုရား [ယေဟောဝါ] ၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏။” (သုတ္တံ ၁၈:၁၀) ဘုရားရဲ့နာမည် ယေဟောဝါက အန္တရာယ်ကင်းစေဖို့ ရွတ်ဆိုရတဲ့ဂါထာ မဟုတ်ပါဘူး။ ဘုရားရဲ့နာမည်ကို လေးမြတ်တဲ့သူတွေဟာ ကာကွယ်ခံရဖို့ အချိန်မရွေး ကိုယ်တော့်ဆီ အကူအညီတောင်းနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ကျမ်းစာဥပမာ။ ဧဖက်မြို့က ခရစ်ယာန်ဖြစ်ခါစ လူသစ်တွေအကြောင်း ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “မှော်အတတ်လိုက်စားသူ အများတို့သည်လည်း မိမိတို့စာစောင်များကို ယူလာပြီးလျှင် လူအားလုံးရှေ့တွင် မီးရှို့လိုက်ကြ၏။ ထိုစာစောင်များ၏တန်ဖိုးကို တွက်ချက်ကြည့်သော် ငွေအသပြာငါးသောင်း ထိုက်ကြောင်း သိကြ၏။”a (တမန်တော် ၁၉:၁၉) ဒီခရစ်ယာန်တွေဟာ နတ်ဆိုးနဲ့ဆိုင်တဲ့အရာမှန်သမျှကို ဘယ်လောက်ပဲ တန်ဖိုးကြီးကြီး ဖျက်ဆီးလိုက်ကြတယ်။ ဒီဥပမာကနေ ကျွန်ုပ်တို့အတွက် အဖိုးတန်သင်ခန်းစာ ရနိုင်ပါတယ်။ ဒီနေ့ ကမ္ဘာမှာ ဂမ္ဘီရပညာနဲ့ နတ်ဆိုးပညာတွေ ပျံ့နှံ့နေတယ်။ နတ်ဆိုးနဲ့ဆိုင်တဲ့ပစ္စည်းတွေ၊ ထုံးတမ်းစဉ်လာနဲ့ အယူသီးမှုတွေက အန္တရာယ်ရှိပုံ မပေါက်ပေမဲ့ နတ်ဆိုးသြဇာလွှမ်းမိုးမှုကို ခံရဖို့ ဖိတ်ခေါ်နေတာနဲ့တူတယ်။ ဒါကြောင့် တန်ဖိုးဘယ်လောက်ပဲကြီးကြီး နတ်ဆိုးနဲ့ဆိုင်တဲ့အရာတွေနဲ့ မပတ်သက်မိဖို့ အရေးကြီးပါတယ်။—တရားဟောရာ ၁၈:၁၀-၁၂။

အဖွင့်ဆောင်းပါးရဲ့အစမှာ ဖော်ပြခဲ့တဲ့ ရိုခေလ်ယိုဟာ သူ့အသက် ၅၀ အထိ မာရ်နတ်ရှိတယ်ဆိုတာ မယုံပေမဲ့ နောက်ပိုင်း သူ့အမြင် ပြောင်းလဲသွားပါတယ်။ ဘာကြောင့်လဲ။ ရိုခေလ်ယို ဒီလိုပြောပြတယ်– “ကျွန်တော့်အသက် ၅၀ အရွယ်မှာ ပထမဆုံးအကြိမ် ကျမ်းစာအုပ်ကို ရခဲ့တယ်။ ကျမ်းစာအသိပညာကြောင့် စာတန်မာရ်နတ်ရှိတယ်ဆိုတာကို လက်ခံခဲ့တယ်။ ဒီအသိပညာကပဲ နတ်ဆိုးဩဇာအောက် ရောက်မသွားအောင် ကျွန်တော့်ကို ကာကွယ်ပေးတယ်။”

“ကျမ်းစာအသိပညာကြောင့် စာတန်မာရ်နတ်ရှိတယ်ဆိုတာကို လက်ခံခဲ့တယ်။ ဒီအသိပညာကပဲ နတ်ဆိုးဩဇာအောက် ရောက်မသွားအောင် ကျွန်တော့်ကို ကာကွယ်ပေးတယ်”

စာတန်မာရ်နတ် မရှိတော့မယ့်အချိန်ကို သင် မြင်ချင်ပါသလား။ လူအတော်များများကို လှည့်ဖြားခဲ့သူ စာတန်ဟာ “ကန့်မီးအိုင်ထဲသို့ ပစ်ချ” ခံရမယ်လို့ ကျမ်းစာမှာ ကြိုပြောထားပါတယ်။ (ဗျာဒိတ် ၂၀:၁၀) တကယ်တော့ မမြင်နိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်ကို ပကတိကန့်မီးအိုင်ထဲ ပစ်ချရင် မီးမလောင်ကျွမ်းနိုင်ပါဘူး။ ဒါကြောင့် ဒီမီးအိုင်က တကယ့်မီးအိုင် မဟုတ်ဘဲ ထာဝရဖျက်ဆီးခြင်းကို ဆိုလိုနေတာဖြစ်တယ်။ စာတန်ဟာ ထာဝရဖျက်ဆီးခံရတော့မှာဖြစ်တယ်။ အဲဒီအခါ ဘုရားကို ချစ်မြတ်နိုးသူတွေအတွက် ပျော်စရာကောင်းတဲ့အချိန် ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် အခုချိန်မှာ ယေဟောဝါဘုရားနဲ့ ကိုယ်တော့်နည်းလမ်းတွေအကြောင်း အတတ်နိုင်ဆုံး ဆက်ပြီးသင်ယူနေပါ။b “စာတန် မရှိတော့ဘူး” လို့ အပြည့်အဝပြောနိုင်မယ့်အချိန်မှာ သင် အသက်ရှင်နေရတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။

a ဒီငွေအသပြာက ရောမနိုင်ငံသုံး ဒေနာရိပိုက်ဆံဖြစ်မယ်ဆိုရင် တန်ဖိုးက နေ့စားအလုပ်သမား ၅၀,၀၀၀ ရဲ့ တစ်နေ့စာလုပ်အားခနဲ့ ညီမျှပါတယ်။ များပြားလွန်းတဲ့ ငွေပမာဏပါပဲ။

b စာတန်နဲ့ နတ်ဆိုးပညာအကြောင်း ထပ်သိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၁၀ ကိုဖတ်ကြည့်ပါ။ အဲဒီစာအုပ်ကို ယေဟောဝါသက်သေတွေဆီကနေ တောင်းယူနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ