ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁/၁ စာ. ၁၄-၁၅
  • ယေရှုဆီ ဆုတောင်းလို့ရသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုဆီ ဆုတောင်းလို့ရသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘယ်သူ့ဆီ ဆုတောင်းဖို့ ယေရှု သင်ပေးခဲ့သလဲ
  • အစောပိုင်းခရစ်ယာန်တွေ ဘယ်သူ့ဆီ ဆုတောင်းခဲ့ကြသလဲ
  • ဘုရားသခင် နားညောင်းတော်မူသော ဆုတောင်းချက်များအကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သင်သည် ယေရှုထံ ဆုတောင်းသင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • တို့တစ်တွေ ဆုတောင်းဖို့ ယေရှု သင်ပေးတယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁/၁ စာ. ၁၄-၁၅

ယေရှုဆီ ဆုတောင်းလို့ရသလား

ဆုတောင်းချက်တွေကို ယေရှု ဖြေကြားပေးတယ်ဆိုတာ ယုံသလားလို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံက လူငယ် ၈၀၀ ကျော်ကို သုတေသီတစ်ယောက် စစ်တမ်းကောက်ယူခဲ့တယ်။ ၆၀ ရာခိုင်နှုန်းကျော်က ယေရှု ဖြေကြားပေးတယ်လို့ အပြည့်အဝ ယုံကြည်ကြတယ်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ကတော့ ယေရှုနာမည်ကို ခြစ်ပစ်လိုက်ပြီး “ဘုရားသခင်” လို့ ရေးခဲ့တယ်။

သင်ကော ဘယ်လိုထင်ပါသလဲ။ ယေရှုဆီ ဆုတောင်းသင့်သလား၊ ဘုရားသခင်ဆီ ဆုတောင်းသင့်သလား။a အဖြေရဖို့အတွက် တပည့်တွေကို ယေရှု သင်ပေးခဲ့တဲ့ဆုတောင်းနည်းအကြောင်း ဦးဆုံးသုံးသပ်ကြည့်ပါ။

ဘယ်သူ့ဆီ ဆုတောင်းဖို့ ယေရှု သင်ပေးခဲ့သလဲ

ဘယ်သူ့ဆီကို ဆုတောင်းသင့်သလဲဆိုတာ ယေရှု သင်ပေးခဲ့တဲ့အပြင် ပုံနမူနာနဲ့လည်း ပြခဲ့တယ်။

ယေရှုရဲ့သွန်သင်ချက်များ– တပည့်တစ်ယောက်က “ကျွန်ုပ်တို့အား မည်သို့ဆုတောင်းရမည်ကို သွန်သင်ပေးတော်မူပါ” လို့ တောင်းဆိုတဲ့အခါ ကိုယ်တော်က “သင်တို့ဆုတောင်းသည့်အခါတိုင်း ‘ကျွန်ုပ်တို့၏အဖ’” လို့ပြောပြီး ဆုတောင်းပါလို့ ပြန်ဖြေခဲ့တယ်။ (လုကာ ၁၁:၁၊ ၂) အဲဒီအပြင် တောင်ပေါ်မှာ ယေရှု ဟောခဲ့တဲ့တရားတော်မှာလည်း ကိုယ်တော်ဟာ နားထောင်နေသူတွေကို “သင်၏အဖထံ ဆုတောင်း” ပါဆိုပြီး အားပေးခဲ့တယ်။ “သင်တို့၏အဖ ဘုရားသခင်သည် သင်တို့လိုအပ်သည့်အရာများကို မတောင်းမီကပင် သိတော်မူ၏” လို့ပြောပြီး လူတွေကို အာမခံခဲ့တယ်။ (မဿဲ ၆:၆၊ ၈) ယေရှု မသေခင်ညမှာ တပည့်တွေကို ဒီလိုပြောခဲ့တယ်– “သင်တို့သည် ခမည်းတော်ထံ ဆုတောင်းသမျှကို ခမည်းတော်သည် ငါ၏နာမကိုထောက်၍ ပေးတော်မူမည်။” (ယောဟန် ၁၆:၂၃) ယေရှုရဲ့ဖခင်လည်းဖြစ်၊ ကျွန်ုပ်တို့ရဲ့ဖခင်လည်းဖြစ်တဲ့ ယေဟောဝါဘုရားဆီ ဆုတောင်းဖို့ ကိုယ်တော်သင်ပေးခဲ့တယ်။—ယောဟန် ၂၀:၁၇။

ယေရှုရဲ့ပုံနမူနာ– ဘယ်လိုဆုတောင်းရမလဲဆိုတာ တခြားသူတွေကို သင်ပေးထားတဲ့အတိုင်း ယေရှုကိုယ်တိုင်လည်း “ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသောအဖ . . . ကိုယ်တော်အား ချီးမွမ်းပါ၏” လို့ဆုတောင်းခဲ့တယ်။ (လုကာ ၁၀:၂၁) ဖြစ်ရပ်တစ်ခုမှာ ယေရှုက “အထက်သို့ မျှော်ကြည့်လျက် ‘အဖ၊ ကျွန်ုပ်၏စကားကို နားညောင်းတော်မူသောကြောင့် ကျေးဇူးကြီးလှပါ၏’” လို့ပြောခဲ့တယ်။ (ယောဟန် ၁၁:၄၁) သေခါနီးအချိန်မှာတောင် “အဖ၊ ကျွန်ုပ်၏အသက်ကို ကိုယ်တော့်လက်၌ အပ်ပါ၏” လို့ဆုတောင်းခဲ့တယ်။ (လုကာ ၂၃:၄၆) “ကောင်းကင်နှင့်မြေကြီးကို အစိုးရသောအဖ” ဖြစ်တဲ့ ကောင်းကင်ခမည်းတော်ဆီ ယေရှု ဆုတောင်းပြီး အဲဒီအတိုင်း ကျွန်ုပ်တို့ဆုတောင်းဖို့လည်း ပုံနမူနာကောင်း ပြသခဲ့တယ်။ (မဿဲ ၁၁:၂၅; ၂၆:၄၁၊ ၄၂; ၁ ယောဟန် ၂:၆) အစောပိုင်းတပည့်တွေဟာ ကိုယ်တော်ရဲ့လမ်းညွှန်ချက်တွေကို ဘယ်လိုနားလည်ခဲ့ကြသလဲ။

အစောပိုင်းခရစ်ယာန်တွေ ဘယ်သူ့ဆီ ဆုတောင်းခဲ့ကြသလဲ

ယေရှု ကောင်းကင်တက်သွားပြီးနောက် တပည့်တွေဟာ ဆန့်ကျင်သူတွေရဲ့ နှောင့်ယှက်မှုနဲ့ ခြိမ်းခြောက်မှုတွေကို ခံခဲ့ကြရတယ်။ (တမန်တော် ၄:၁၈) အကူအညီအတွက် သူတို့ ဆုတောင်းခဲ့ကြတယ်။ ဘယ်သူ့ဆီကိုလဲ။ “သန့်ရှင်းသော ကျွန်တော်ရင်း၊ ယေရှု၏နာမတော်အားဖြင့်၊” “ဘုရားသခင်ထံ တညီတညွတ်တည်း” ဆုတောင်းတဲ့အခါ သူတို့ကို ဘုရားသခင် ဆက်လက်ပြီး ကူညီထောက်မခဲ့တယ်။ (တမန်တော် ၄:၂၄၊ ၃၀) ဒီလိုနည်းနဲ့ တပည့်တွေဟာ ယေရှုရဲ့လမ်းညွှန်ချက်အတိုင်း ဘုရားသခင်ဆီ ဆုတောင်းခဲ့ကြတယ်။ ယေရှုဆီ ဆုမတောင်းခဲ့ကြဘူး။

နှစ်များစွာကြာပြီးနောက် တမန်တော်ပေါလုဟာ သူနဲ့ သူ့အပေါင်းအပါတွေရဲ့ ဆုတောင်းပုံကို ကျမ်းစာမှာ ဖော်ပြခဲ့တယ်။ လုပ်ဖော်ဆောင်ဖက်ခရစ်ယာန်တွေကို စာရေးတဲ့အခါမှာ “ငါတို့သည် သင်တို့အတွက် ဆုတောင်းပေးသည့်အခါတိုင်း ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏” လို့ ထည့်ရေးခဲ့တယ်။ (ကောလောသဲ ၁:၃) ဒါ့အပြင် “ငါတို့သခင် ယေရှုခရစ်၏ နာမအားဖြင့် အရာခပ်သိမ်းအတွက် ငါတို့၏အဖ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြ” ပါဆိုပြီး ဘာသာတူတဲ့သူတွေဆီ ပေါလု စာရေးခဲ့တယ်။ (ဧဖက် ၅:၂၀) ဒီစကားတွေကိုကြည့်မယ်ဆိုရင် ပေါလုဟာ “အရာခပ်သိမ်းအတွက် ငါတို့၏အဖဘုရားသခင်” ဆီ ယေရှုရဲ့နာမည်ကနေတစ်ဆင့် ဆုတောင်းဖို့ တခြားသူတွေကို အားပေးခဲ့တယ်ဆိုတာ သိနိုင်တယ်။—ကောလောသဲ ၃:၁၇။

ကျွန်ုပ်တို့လည်း အစောပိုင်းခရစ်ယာန်တွေလို ဆုတောင်းတဲ့အခါ ယေရှုရဲ့လမ်းညွှန်ချက်ကို လိုက်နာခြင်းအားဖြင့် ကိုယ်တော့်ကိုချစ်ကြောင်း ပြသနိုင်ကြတယ်။ (ယောဟန် ၁၄:၁၅) ကောင်းကင်ဖခင်ဆီကိုပဲ ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါ “ထာဝရဘုရားသည် ငါ၏ပန်ကြား လျှောက်ထားချက်ကို ကြားတော်မူသည်ဖြစ်၍ ငါသည် ကိုယ်တော်ကိုချစ်မြတ်နိုး၏။ ကိုယ်တော်သည် ငါ၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူ၏”b ဆိုတဲ့ ဆာလံဆရာရဲ့စကားတွေဟာ ပိုပြီး အဓိပ္ပာယ်ရှိလာပါလိမ့်မယ်။—ဆာလံ ၁၁၆:၁၊ ၂၊ ခမ။

a ကျမ်းစာအရ ဘုရားနဲ့ ယေရှုက တန်းတူမဟုတ်ပါဘူး။ ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၄ ကိုကြည့်ပါ။

b ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ဘုရားနားထောင်စေချင်တယ်ဆိုရင် ကိုယ်တော့်တောင်းဆိုချက်တွေအတိုင်း အသက်ရှင်ဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားအားထုတ်ရမယ်။ ထပ်သိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၁၇ ကိုကြည့်ပါ။

သူတို့ ယေရှုဆီဆုတောင်းခဲ့သလား

ကောင်းကင်ပြန်တက်သွားတဲ့ ယေရှုနဲ့၊ တစ်ခါတလေ ကောင်းကင်တမန်တွေနဲ့ သစ္စာရှိတဲ့သူတွေ စကားပြောခဲ့တဲ့ ဖြစ်ရပ်တချို့ကို ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ (တမန်တော် ၉:၄၊ ၅၊ ၁၀-၁၆; ၁၀:၃၊ ၄; ဗျာဒိတ် ၁၀:၈၊ ၉; ၂၂:၂၀) ဒါပေမဲ့ ဒီလူတွေဟာ ယေရှုနဲ့ ကောင်းကင်တမန်တွေဆီကို ဆုတောင်းခဲ့တာလား။ မဟုတ်ပါဘူး။ ဒီဖြစ်ရပ်တွေအားလုံးမှာ သစ္စာရှိတဲ့သူတွေကို ယေရှုနဲ့ ကောင်းကင်တမန်တွေက အစပြုပြီး ဆက်သွယ်ပြောဆိုကြတယ်။ သစ္စာရှိ အမျိုးသား၊ အမျိုးသမီးတွေဟာ ဘုရားသခင်တစ်ပါးတည်းကိုပဲ ဆုတောင်းခဲ့ကြတာ ဖြစ်တယ်။—ဖိလိပ္ပိ ၄:၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ