ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၅/၁ စာ. ၉
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဒံယေလ ခြင်္သေ့တွင်းထဲရောက်သွားတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ခြင်္သေ့များ—အာဖရိက၏ ခန့်ညားသောလည်ဆံမွေးပါသည့် ကြောင်များ
    နိုးလော့!—၂၀၀၁
  • “ဓမ္မဟောင်းကျမ်း” သည် မည်မျှယုံကြည်လောက်သနည်း
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • ဗာဗုလုန်သုံ့ပန်းဘဝရောက်တဲ့ အချိန်ကနေပြီး ယေရုရှလင်မြို့ရိုး ပြန်လည်တည်ဆောက်တဲ့ အချိန်အထိ
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၅/၁ စာ. ၉

သင် သိပါသလား

ရှေးဟောင်းသုတေသီတွေရဲ့ တွေ့ရှိချက်က ကျမ်းစာမှတ်တမ်းကို ထောက်ခံပါသလား

အဆီးရီးယားဘုရင် သာဂုန် ၂ ရဲ့ ကျောက်ထွင်းရုပ်တုပုံ

ဟေရှာယ ၂၀:၁ မှာဖော်ပြထားတဲ့ အဆီးရီးယားဘုရင် သာဂုန် ၂

ဟေဗြဲကျမ်းစာစောင် (ဓမ္မဟောင်းကျမ်း) မှာပါတဲ့ “အနည်းဆုံး လူအယောက် ၅၀” ဟာ အသက်ရှင်ခဲ့မှန်း ရှေးဟောင်းသုတေသီတွေရဲ့ တွေ့ရှိချက်တွေက အတည်ပြုလိုက်ပြီလို့ (Biblical Archaeology Review) မဂ္ဂဇင်းတစ်အုပ်ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ သူတို့ထဲမှာ လူသိများတဲ့ ဘုရင်ဒါဝိဒ်နဲ့ ဟေဇကိ၊ လူသိနည်းတဲ့ ဘုရင်မေနဟင်နဲ့ ပေကာတို့အပါအဝင် ယုဒနဲ့ အစ္စရေးဘုရင် ၁၄ ပါး၊ အီဂျစ်ဘုရင် ၅ ပါးနဲ့ အဆီးရီးယား၊ ဘေဘီလိုနီးယား၊ မောဘ၊ ပါးရှား၊ ဆီးရီးယားနိုင်ငံတို့ရဲ့ ဘုရင် ၁၉ ပါးတို့ပါဝင်ကြတယ်။ သမ္မာကျမ်းစာနဲ့ ရှေးဟောင်းသုတေသနမှတ်တမ်းတွေထဲမှာ ဘုရင်တွေအကြောင်းပဲ ဖော်ပြထားတာမဟုတ်ပါဘူး။ ပုရောဟိတ်မင်းတွေ၊ ကျမ်းရေးသူနဲ့ တခြားမင်းမှုထမ်းတွေစတဲ့ မထင်ပေါ်တဲ့သူတွေကိုလည်း ဖော်ပြထားပါတယ်။

အဲဒီပုဂ္ဂိုလ်တွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတည်ပြုဖို့ “ပညာရှင်တွေ လက်ခံထားတဲ့ အထောက်အထားတွေ အများကြီး” ရှိတယ်လို့ ဆောင်းပါးမှာ ဖော်ပြထားတယ်။ ခရစ်ယာန်ဂရိကျမ်းစာစောင် (ဓမ္မသစ်ကျမ်း) မှာလည်း သမိုင်းဝင်ပုဂ္ဂိုလ်တွေကို ဖော်ပြထားပါတယ်။ သူတို့ထဲက အတော်များများ အသက်ရှင်ခဲ့တယ်ဆိုတဲ့ ရှေးဟောင်းသုတေသန အထောက်အထားတွေ ရှိပါတယ်။ ဥပမာ၊ ဟေရုဒ်၊ ပုန္တိပိလတ်၊ တိဗေရိ၊ ကယာဖ၊ သေရဂိပေါလုတို့လို သမိုင်းဝင်ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။

ကျမ်းစာမှာပါတဲ့နယ်မြေတွေထဲက ခြင်္သေ့တွေ ဘယ်အချိန်မှာ ပျောက်ကွယ်သွားသလဲ

စရည်သုတ်အုပ်ချပ်ပေါ်က ခြင်္သေ့ပုံ

ရှေးခေတ်ဗာဗုလုန်တွေ အလှဆင်ထားတဲ့ စဉ့်ရည်သုတ်အုတ်ချပ်ပေါ်က ခြင်္သေ့ပုံ

ဒီနေ့ခေတ် အစ္စရေးပြည်ရဲ့ တောကန္တာရမှာ ခြင်္သေ့တွေမရှိတော့ပေမဲ့ အဲဒီတိရစ္ဆာန်အကြောင်း ကျမ်းစာထဲမှာ အကြိမ် ၁၅၀ လောက်ဖော်ပြထားကိုကြည့်ရင် ကျမ်းရေးသူတွေ ခြင်္သေ့အကြောင်း ကောင်းကောင်းသိတယ်ဆိုတာ ထင်ရှားပါတယ်။ ခြင်္သေ့အကြောင်း ကျမ်းစာဖော်ပြချက်အများစုက တင်စားချက်တွေဖြစ်ပေမဲ့ ခြင်္သေ့နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ ဖော်ပြချက်တချို့လည်း ရှိပါတယ်။ ဥပမာ၊ ရှံဆုန်၊ ဒါဝိဒ်၊ ဗေနာယတို့ဟာ ခြင်္သေ့တွေကို သတ်ခဲ့တဲ့သူတွေဖြစ်တယ်။ (တရားသူကြီး ၁၄:၅၊ ၆; ၁ ဓမ္မရာဇဝင် ၁၇:၃၄၊ ၃၅; ၂ ဓမ္မရာဇဝင် ၂၃:၂၀) ဒါ့အပြင် ခြင်္သေ့ကိုက်သတ်လို့ သေသွားတဲ့သူတွေလည်း ရှိပါတယ်။—၃ ဓမ္မရာဇဝင် ၁၃:၂၄; ၄ ဓမ္မရာဇဝင် ၁၇:၂၅။

ရှေးအချိန်တုန်းမှာ အာရှခြင်္သေ့ (Panthera leo persica) တွေက အာရှမိုင်းနားနဲ့ ဂရိပြည်ကနေ ပါလက်စတိုင်း၊ ဆီးရီးယား၊ မက်ဆိုပိုတေးမီးယား၊ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းအထိ လှည့်လည်ကျက်စားခဲ့ကြတယ်။ ကြောက်စရာကောင်းပြီး ခန့်ညားတဲ့ခြင်္သေ့တွေရဲ့ပုံကို ရှေးခေတ်အရှေ့ဖျားဒေသရဲ့ အနုပညာလက်ရာတွေမှာ တွေ့ရတတ်တယ်။ ရှေးခေတ်ဗာဗုလုန်လူမျိုးတွေရဲ့ စီတန်းလှည့်လည်ခြင်းလမ်းတစ်လျှောက်က စဉ့်ရည်သုတ်ထားတဲ့အုတ်ချပ်ပေါ်တွေမှာ အင်မတန် လက်ရာမြောက်တဲ့ ခြင်္သေ့ပုံတွေကို ပုံဖော်ထားပါတယ်။

ခရူးဆိတ်စစ်ပွဲမှာ တိုက်ပွဲဝင်သူတွေက ပါလက်စတိုင်းနယ်မြေမှာရှိတဲ့ ခြင်္သေ့တွေကို ၁၂ ရာစု အကုန်ပိုင်းအထိ အမဲလိုက်ခဲ့ကြတယ်။ အဲဒီဒေသက ခြင်္သေ့တွေဟာ ၁၃၀၀ ခုနှစ်အစပိုင်းလောက်မှာ မျိုးတုံးသွားပုံရပါတယ်။ ဒါပေမဲ့ ခြင်္သေ့တွေဟာ မက်ဆိုပိုတေးမီးယားဒေသ၊ ဆီးရီးယားနိုင်ငံတို့မှာ ၁၉ ရာစုအထိ၊ အီရန်နဲ့ အီရတ်နိုင်ငံတို့မှာ ၂၀ ရာစုအစပိုင်းအထိ ကျက်စားခဲ့ကြောင်း မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ