ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၉/၁ စာ. ၇
  • ကျွန်ုပ်တို့ ဘာကြောင့် ဟောပြောကြတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့ ဘာကြောင့် ဟောပြောကြတာလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိသားစုအတွက် ထပ်ဆင့်အကူအညီ
    နိုးလော့!—၂၀၁၈
  • ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ
    ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ
  • ကျမ်းစာကိုနားလည်စေနိုင်မယ့် အကူအညီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ‘သွား၍ လူမျိုးတကာမှ လူတို့ကို တပည့်ဖြစ်စေပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၉/၁ စာ. ၇
ရပ်ကွက်တစ်ခုမှာ ဟောပြောနေတဲ့ ယေဟောဝါသက်သေနှစ်ဦး

မျက်နှာဖုံးဆောင်းပါး | ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲ

ကျွန်ုပ်တို့ ဘာကြောင့် ဟောပြောကြတာလဲ

တစ်အိမ်မှတစ်အိမ်၊ လူအများရှေ့၊ ဘယ်နေရာမှာမဆို ကျွန်ုပ်တို့ဟောပြောနေတဲ့အတွက် ကျွန်ုပ်တို့က ဘယ်သူတွေလဲဆိုတာကို လူသိများလာကြပြီ။ ဘာကြောင့် ကျွန်ုပ်တို့ ဟောပြောနေကြတာလဲ။

ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းဖို့၊ ကိုယ်တော်ရဲ့နာမည်ကို လူတွေသိလာဖို့ ယေဟောဝါသက်သေတွေ ဟောပြောနေကြတာဖြစ်တယ်။ (ဟေဗြဲ ၁၃:၁၅) ဒါ့အပြင် ‘သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေလျက် သင်တို့အား ငါမိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေးကြလော့’ ဆိုတဲ့ ယေရှုခရစ်ရဲ့မိန့်မှာချက်ကိုနာခံပြီး လုပ်ဆောင်ချင်လို့ပါ။—မဿဲ ၂၈:၁၉၊ ၂၀။

လူသားချင်းကိုလည်း ကျွန်ုပ်တို့ ချစ်လို့ဟောပြောနေတာပါ။ (မဿဲ ၂၂:၃၉) လူအများစုမှာ သူတို့ရဲ့ကိုယ်ပိုင်ဘာသာရေး ခံယူချက်တွေရှိတဲ့အတွက် ကျွန်ုပ်တို့ရဲ့သတင်းတရားကို လူတိုင်း စိတ်ဝင်စားမှာမဟုတ်ဘူးဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမဲ့ ကျမ်းစာသွန်သင်ချက်တွေက လူတွေရဲ့အသက်ကို ကယ်တင်နိုင်တယ်ဆိုတာ ကျွန်ုပ်တို့ ယူမှတ်ထားပါတယ်။ ဒါကြောင့် ပထမရာစုခရစ်ယာန်တွေ လုပ်ခဲ့တဲ့အတိုင်း ကျွန်ုပ်တို့လည်း “သတင်းကောင်းကို နေ့စဉ်မပြတ် သွန်သင်ဟောပြော” နေကြပါတယ်။—တမန်တော် ၅:၄၁၊ ၄၂။

လူမှုရေးသိပ္ပံပညာရှင် အန်တွန်ယို ကိုဗာ မာဒူယိုက ဒီလိုရေးသားခဲ့တယ်– “မြေကြီးစွန်းတိုင်အောင် သတင်းကောင်းရောက်ရှိဖို့ . . . ယေဟောဝါ သက်သေတွေက မမောနိုင်၊ မပန်းနိုင် အပင်ပန်းခံဒုက္ခခံပြီး ဟောပြောနေကြတယ်။” —အဲလ် ယူနီဗာဆဲလ်သတင်းစာ၊ ဗင်နီဇွဲလားနိုင်ငံ

ကျွန်ုပ်တို့ရဲ့စာပေတွေကို ဖတ်နေတဲ့သူအများစုက ယေဟောဝါသက်သေတွေ မဟုတ်ကြပါဘူး။ ကျွန်ုပ်တို့နဲ့အတူ ကျမ်းစာလေ့လာနေတဲ့ သန်းနဲ့ချီတဲ့သူတွေမှာလည်း ကိုယ်ပိုင်ဘာသာတရား ရှိကြပါတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေ သူတို့ဆီလာလည်ပတ်တာကို ကျေးဇူးတင်ကြတယ်။

သင့်ဆီမှာလည်း ယေဟောဝါသက်သေတွေနဲ့ပတ်သက်တဲ့ တခြားမေးခွန်းတွေ ရှိမယ်လို့ထင်ပါတယ်။ ဒါကြောင့် အဖြေရအောင်

  • ယေဟောဝါသက်သေတွေကို မေးပါ။

  • www.pr2711.com/mya ဝက်ဘ်ဆိုက်ကိုဝင်ကြည့်ပါ။

  • လူတိုင်းအခမဲ့တက်ရောက်နိုင်တဲ့ ကျွန်ုပ်တို့ရဲ့ဝတ်ပြုစည်းဝေးတွေကို လာတက်ပါ။

ဟောပြောဖို့ တပည့်နှစ်ယောက်ကို ယေရှု စေလွှတ်
နှင်းဖုံးနေတဲ့တောင်

ယေဟောဝါသက်သေတွေအကြောင်း ထပ်သိချင်ရင် ယေဟောဝါသက်သေများ—သတင်းကောင်းဟောပြောရန် ဖွဲ့စည်းထားခြင်း ဗီဒီယိုကို www.pr2711.com/mya မှာဝင်ကြည့်ပါ။ (ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– စာအုပ်စာပေများ > ဗီဒီယိုများ)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ