ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁၂/၁ စာ. ၆-၇
  • ကျမ်းစာကိုနားလည်စေနိုင်မယ့် အကူအညီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာကိုနားလည်စေနိုင်မယ့် အကူအညီ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အတိတ်ခေတ် အကူအညီ
  • ဒီနေ့ခေတ် အကူအညီ
  • အမှန်တကယ်အကျိုးပြုမယ့် ဝက်ဘ်ဆိုက်
    နိုးလော့!—၂၀၁၄
  • မာတိကာ
    နိုးလော့!—၂၀၁၄
  • မာတိကာ
    နိုးလော့!—၂၀၁၄
  • မာတိကာ
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁၂/၁ စာ. ၆-၇

မျက်နှာဖုံးဆောင်းပါး | ကျမ်းစာအကြောင်း နားလည်နိုင်ပါ့မလား

ကျမ်းစာကိုနားလည်စေနိုင်မယ့် အကူအညီ

နိုင်ငံတစ်နိုင်ငံကို ဦးဆုံးအကြိမ် အလည်အပတ်သွားတယ် ဆိုပါစို့။ အဲဒီမှာ အကျွမ်းတဝင်မရှိတဲ့ လူတွေ၊ ထုံးစံတွေ၊ အစားအစာတွေကိုတွေ့ရပြီး ကိုယ်မသုံးဖူးတဲ့ငွေကိုသုံးရတော့ စိတ်ရှုပ်သွားနိုင်တယ်။

ကျမ်းစာကို ဦးဆုံးဖတ်ချိန်မှာလည်း သင် အဲဒီလိုခံစားမိနိုင်တယ်။ ကျမ်းစာကို စဖတ်တဲ့အခါ ထူးဆန်းတဲ့ ရှေးခေတ်ကမ္ဘာဆီရောက်သွားသလို ဖြစ်နိုင်တယ်။ အဲဒီမှာ ဖိလိတ္တိလူမျိုးကို တွေ့လာမယ်၊ ‘အဝတ်ဆွဲဆုတ်’ တာလိုမျိုး ထူးဆန်းတဲ့ထုံးစံတွေ ကြားဖူးလာမယ်၊ မန္နမုန့်နဲ့ ဒရက်ခ်မာခေါ် ငွေဒ င်္ဂါးပြားအကြောင်း သိလာမယ်။ (ထွက်မြောက်ရာ ၁၆:၃၁; ယောရှု ၁၃:၂; ၂ ဓမ္မရာဇဝင် ၃:၃၁; လုကာ ၁၅:၉) အဲဒါတွေအားလုံးက သင့်အတွက် စိတ်ရှုပ်စရာဖြစ်နိုင်တယ်။ နိုင်ငံတစ်နိုင်ငံကိုသွားလည်တဲ့အခါ အကူအညီပေးမယ့်သူ လိုအပ်သလို ကျမ်းစာကိုနားလည်ဖို့ ရှင်းပြပေးမယ့်သူ လိုအပ်ပါတယ်။

အတိတ်ခေတ် အကူအညီ

ကျမ်းစာစရေးသားချိန် ဘီစီအီး ၁၆ ရာစုကတည်းက ကျမ်းစာအကြောင်း နားလည်နိုင်ဖို့ ရှင်းပြပေးမယ့်သူတွေ ရှိခဲ့တယ်။ ဥပမာ၊ အစ္စရေးတို့ရဲ့ ဦးဆုံးခေါင်းဆောင် မောရှေဟာ ကျမ်းစာအကြောင်း “ရှင်းလင်း” ပြသူဖြစ်တယ်။—တရားဟောရာ ၁:၅၊ ခမ။

ရာစုနှစ် ၁၀ စုကြာပြီးနောက် ကျမ်းစာကို ရှင်းပြပေးတဲ့ပုဂ္ဂိုလ်တွေ ရှိနေတုန်းပါပဲ။ ဘီစီအီး ၄၅၅ မှာ ကလေးသူငယ်တွေအပါအဝင် ဂျူးလူအုပ်ကြီးဟာ ဂျေရုဆလင်မြို့က ပြည်သူ့ရင်ပြင်မှာ စုဝေးခဲ့ကြတယ်။ အဲဒီမှာ ကျမ်းစာအကြောင်းသွန်သင်ပေးသူတွေက ပညတ်ကျမ်းကို အသံကျယ်ကျယ်ဖတ်ပြရုံသာမက “အနက်ကိုပြန်သဖြင့် လူများ နားလည်” အောင် ရှင်းပြကြတယ်။—နေဟမိ ၈:၁-၈။

ရာစုနှစ် ၅ ရာစုကြာပြီးနောက် ကျမ်းစာပညာပေးလုပ်ငန်းမှာ ယေရှုခရစ် ပါဝင်ခဲ့တယ်။ ကိုယ်တော့်ကို ဆရာအဖြစ် လူသိများကြတယ်။ (ယောဟန် ၁၃:၁၃) ကိုယ်တော်ဟာ လူအုပ်ကိုသာမက တစ်ဦးချင်းကိုလည်း သွန်သင်ပေးတယ်။ တစ်ခါက ယေရှုဟာ လူအုပ်ကြီးကို တောင်ပေါ်မှာသွန်သင်ပေးတဲ့အခါ “ကိုယ်တော်၏သွန်သင်ပုံကို” သူတို့ “အလွန်အံ့သြ” သွားကြတယ်။ (မဿဲ ၅:၁၊ ၂; ၇:၂၈) စီးအီး ၃၃ နွေဦးရာသီမှာ ဂျေရုဆလင်မြို့နားက ရွာတစ်ရွာဆီသွားနေတဲ့ တပည့်နှစ်ဦးနဲ့အတူ ယေရှုလမ်းလျှောက်ရင်း သူတို့ကို “ကျမ်းစာအနက်ကို [သေချာ] ရှင်းပြ” ပေးခဲ့တယ်။—လုကာ ၂၄:၁၃-၁၅၊ ၂၇၊ ၃၂။

ယေရှုရဲ့တပည့်တွေလည်း ကျမ်းစာသွန်သင်ပေးသူတွေ ဖြစ်ပါတယ်။ တစ်ခါမှာ အီသီယိုးပီးယား နန်းတွင်းအရာရှိတစ်ဦး ကျမ်းစာဖတ်နေတုန်း ဖိလိပ္ပုလို့ခေါ်တဲ့ တပည့်တစ်ဦးက သူ့အနားသွားပြီး “ဖတ်သောအရာကို နားလည်ပါသလော” လို့ မေးတော့ “ရှင်းပြမည့်သူ မရှိလျှင် မည်သို့နားလည်နိုင်မည်နည်း” လို့ အရာရှိက ပြန်ဖြေတယ်။ အဲဒီအခါ ဖိလိပ္ပုက သူဖတ်နေတဲ့ကျမ်းပိုဒ်ကို ရှင်းပြပေးခဲ့တယ်။—တမန်တော် ၈:၂၇-၃၅။

ဒီနေ့ခေတ် အကူအညီ

ရှေးခေတ်က ကျမ်းစာကိုရှင်းပြသွန်သင်ပေးသူတွေလိုပဲ ဒီနေ့ခေတ်မှာ ယေဟောဝါသက်သေတွေဟာ ကမ္ဘာတစ်ဝန်း ၂၃၉ နိုင်ငံမှာ ကျမ်းစာပညာပေးလုပ်ငန်း လုပ်ဆောင်နေတယ်။ (မဿဲ ၂၈:၁၉၊ ၂၀) သူတို့ဟာ ပတ်စဉ်ပတ်တိုင်း လူ ၉ သန်းကျော်ကို ကျမ်းစာအကြောင်းနားလည်အောင် ကူညီပေးနေကြတယ်။ အဲဒီလိုလေ့လာသူအများစုဟာ ခရစ်ယာန်ဘာသာဝင်တွေ မဟုတ်ကြဘူး။ ကျမ်းစာလေ့လာမှုက အခမဲ့ဖြစ်ပြီး ကျမ်းစာကို အိမ်မှာဖြစ်စေ၊ အဆင်ပြေမယ့်နေရာမှာဖြစ်စေ လေ့လာနိုင်တယ်။ တချို့သူတွေကျတော့ ဖုန်း၊ တက်ဘလက်တို့နဲ့ဖြစ်စေ၊ ကွန်ပျူတာနဲ့ဖြစ်စေ ကျမ်းစာလေ့လာကြတယ်။

ကျမ်းစာလေ့လာမှုအစီအစဉ်ကနေ သင် ဘယ်လိုအကျိုးရနိုင်မလဲဆိုတာသိချင်ရင် ကျေးဇူးပြု၍ ယေဟောဝါသက်သေတစ်ဦးဦးကို ဆက်သွယ်ပါ။ အဲဒီအခါ ကျမ်းစာကို နားလည်ရခက်တယ်လို့ မယူဆတော့ဘဲ ကျမ်းစာဟာ “သွန်သင်ခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်စေရန် ဆုံးမခြင်းတို့တွင် အကျိုးရှိ” တာကြောင့် “ကောင်းသောအမှုအမျိုးမျိုးအတွက် အရည်အချင်းပြည့်ဝ” စေနိုင်မှန်း တွေ့ရှိလာပါလိမ့်မယ်။—၂ တိမောသေ ၃:၁၆၊ ၁၇။

ကျမ်းစာကို ဘာကြောင့်လေ့လာသင့်သလဲ ဗီဒီယိုကို www.pr2711.com/mya မှာကြည့်ပါ

ကျမ်းစာလေ့လာမှုကို ဘယ်လို လုပ်ကြသလဲ ဗီဒီယိုကို www.pr2711.com/mya မှာကြည့်ပါ

ဝက်ဘ်ဆိုက် အကူအညီ

အမျိုးသမီးတစ်ဦး ကော်ဖီဆိုင်မှာထိုင်ရင်း jw.org ဝက်ဘ်ဆိုက်ကိုကြည့်နေ

သင်ဟာ ကျမ်းစာကို ကိုယ့်ဘာသာကိုယ် လေ့လာချင်ပါသလား။ စလေ့လာနိုင်ဖို့ jw.org ကိုဝင်ကြည့်ပါ။ အဲဒီ ဝက်ဘ်ဆိုက်မှာ ကျမ်းစာအခြေပြု အကြောင်းတွေကို ဘာသာစကားပေါင်း ၇၀၀ ကျော်နဲ့ တင်ပေးထားတယ်။ အောက်ပါအကြောင်းအရာတွေကို ဖတ်ရှုရပါလိမ့်မယ်–

မေးတတ်တဲ့မေးခွန်းများ

  • ဘာအတွက် အသက်ရှင်နေရတာလဲ

  • လူတွေ ဘာကြောင့် သေရတာလဲ

  • သင် သေသွားရင် ဘာဖြစ်မလဲ

(ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– သမ္မာကျမ်းစာသွန်သင်ချက်များ > သမ္မာကျမ်းစာမေးခွန်းတွေရဲ့ အဖြေ)

ဘဝပြဿနာများ

  • စိတ်ဓာတ်ကျတဲ့အခါ ဘာလုပ်နိုင်မလဲ

  • နာတာရှည်ရောဂါကို ရင်ဆိုင်ဖြေရှင်းနိုင်ပုံ

  • ငွေရေးကြေးရေးပြဿနာများ

(ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– သမ္မာကျမ်းစာသွန်သင်ချက်များ > သမ္မာကျမ်းစာမေးခွန်းတွေရဲ့ အဖြေ)

မိသားစုအတွက် အကူအညီ

  • စကားမများအောင် ဘယ်လိုလုပ်ရမလဲ

  • တာဝန်သိတတ်တဲ့ ကလေးတွေဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ပုံ

  • ကိုယ်ကျင့်တရားစံနှုန်းတွေ နှလုံးထဲစွဲမှတ်သွားအောင် လုပ်နိုင်ပုံ

(ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– သမ္မာကျမ်းစာသွန်သင်ချက်များ > ဇနီးမောင်နှံများနဲ့ မိဘများ)

ဆယ်ကျော်သက်များအတွက် အကူအညီ

  • လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှုကို ဖြေရှင်းနိုင်ပုံ

  • အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ

  • အဖော်မဲ့အထီးကျန်စိတ်ကို ဖြေရှင်းနိုင်ပုံ

(ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– သမ္မာကျမ်းစာသွန်သင်ချက်များ > ဆယ်ကျော်သက်များ)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ