ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁၀/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆင်းရဲမွဲတေမှုပပျောက်အောင် ကြိုးပမ်းနေကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်းရဲသားတွေအတွက် သတင်းကောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်းရဲနွမ်းပါးမှု
    နိုးလော့!—၂၀၁၅
  • နွမ်းပါးမှု ထာဝစဉ်ဖြေရှင်းနည်း ရှာတွေ့ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁၀/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဆင်းရဲနွမ်းပါးမှုကင်းတဲ့ကမ္ဘာ ဖြစ်နိုင်ပါ့မလား

ခွက်တစ်လုံးကိုင်ပြီး သမီးငယ်ကိုဖက်ထားတဲ့ အမျိုးသမီးတစ်ဦး

ဆင်းရဲနွမ်းပါးမှုကင်းတဲ့ ကမ္ဘာဖြစ်အောင် ဘုရားသခင် ဘယ်လိုလုပ်ပေးမလဲ။—မဿဲ ၆:၉၊ ၁၀။

ဆင်းရဲမွဲတေမှုကြောင့် နှစ်စဉ်လူသန်းပေါင်းများစွာဟာ အာဟာရချို့တဲ့၊ ရောဂါတွေရပြီး သေဆုံးကြတယ်။ ကမ္ဘာပေါ်မှာ ဆင်းရဲ၊ ချမ်းသာမှုဟာ အလွန်ကွာဟနေတယ်။ ဆင်းရဲမွဲတေမှုက ခေတ်အဆက်ဆက်မှာ ရှိနေတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ယောဟန် ၁၂:၈ ကိုဖတ်ပါ။

ဆင်းရဲနွမ်းပါးမှုပပျောက်သွားဖို့ ကမ္ဘာ့သယံဇာတတွေကို မျှမျှတတခွဲဝေပေးနိုင်စွမ်းရှိတဲ့ ကမ္ဘာတစ်ခုလုံးကိုအုပ်ချုပ်မယ့် အစိုးရတစ်ခု လိုအပ်တယ်။ အဲဒီအစိုးရက ဆင်းရဲနွမ်းပါးမှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ စစ်ပွဲတွေကို အဆုံးသတ်ပေးနိုင်စွမ်းလည်း ရှိရမယ်။ အဲဒီလိုကမ္ဘာ့အစိုးရတစ်ခု တည်ထောင်ပေးမယ်လို့ ဘုရားသခင် ကတိပြုထားတယ်။—ဒံယေလ ၂:၄၄၊ ၄၅ ကိုဖတ်ပါ။

ဆင်းရဲနွမ်းပါးမှုပပျောက်အောင် ဘယ်သူ လုပ်ပေးနိုင်သလဲ

ကမ္ဘာကြီးကို အုပ်ချုပ်ဖို့ သားတော်ယေရှုကို ဘုရားသခင် ခန့်အပ်ထားပြီးပြီ။ (ဆာလံ ၂:၄-၈) ယေရှုက ဆင်းရဲသားတွေကို ကယ်တင်ပြီး ဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေကိုလည်း အဆုံးတိုင်ပေးမှာဖြစ်တယ်။—ဆာလံ ၇၂:၈၊ ၁၂–၁၄ ကိုဖတ်ပါ။

“ငြိမ်သက်ခြင်းအရှင်” ယေရှုက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုအတွက် လုပ်ဆောင်ပေးမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ အဲဒီအခါ ကမ္ဘာတစ်ဝန်းလုံးက လူတွေဟာ ကိုယ်ပိုင်အိမ်မှာနေ၊ ဝါသနာပါရာအလုပ်တွေ လုပ်ခွင့်ရပြီး အစားအသောက် အလျှံအပယ် ရရှိကြမှာဖြစ်တယ်။—ဟေရှာယ ၉:၆၊ ၇; ၆၅:၂၁–၂၃ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ဒီစာအုပ်ရဲ့အခန်း ၈ ကိုဖတ်ကြည့်ပါ

www.pr2711.com/mya ဝက်ဘ်ဆိုက်ကနေလည်း ကူးယူနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ