ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၆ အမှတ် ၅ စာ. ၄-၅
  • ဘုရားသခင် နှစ်သိမ့်ပေးပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင် နှစ်သိမ့်ပေးပုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပူဆွေးသောကရောက်နေသူတွေကို နှစ်သိမ့်ပေးတဲ့ ယေရှု
  • စိတ်မသာညည်းတွားသူတို့ကို နှစ်သိမ့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဝမ်းနည်းပူဆွေးသူတို့ကို နှစ်သိမ့်ပေးလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • စစ်မှန်သောနှစ်သိမ့်မှုကို အဘယ်နေရာ၌ ရှာတွေ့နိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ယေဟောဝါ၏ ခွန်အားတော်၌ နှစ်သိမ့်မှုရယူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
ကလ၁၆ အမှတ် ၅ စာ. ၄-၅
အနာကြီးရော​ဂါသည်ကို ကုသမပေးခင် ယေရှု အရင်ဆုံး တို့ထိခဲ့

မျက်နှာဖုံးဆောင်းပါး | နှစ်သိမ့်မှုကို ဘယ်မှာရှာတွေ့နိုင်မလဲ

ဘုရားသခင် နှစ်သိမ့်ပေးပုံ

ယေဟောဝါဘုရားဟာa “နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်၊” “ဆင်းရဲဒုက္ခရှိသမျှ၌ ငါတို့ကို နှစ်သိမ့်” တဲ့အရှင်ဖြစ်တယ်ဆိုပြီး တမန်တော်ပေါလု ပြောခဲ့တယ်။ (၂ ကောရိန္သု ၁:၃၊ ၄) ဒါကြောင့် ဘုရားသခင့်အကူအညီကို မရနိုင်တဲ့သူ မရှိသလို ကောင်းကင်ဖခင်က နှစ်သိမ့်မပေးနိုင်လောက်အောင် ကြီးမားလွန်းတဲ့ ပြဿနာဆိုတာလည်း မရှိမှန်း ကျမ်းစကားတွေကြောင့် စိတ်ချနိုင်တယ်။

ဘုရားသခင်ရဲ့ နှစ်သိမ့်မှုကို ခံစားရဖို့ ကျွန်တော်တို့ဘက်က လုပ်ရမယ့်အရာတော့ ရှိတယ်။ ဆရာဝန်ကို တစ်ခါမှ သွားမတွေ့ဘူးဆိုရင် ဆရာဝန်က ကျွန်တော်တို့ကို ဘယ်လိုလုပ် ကူညီပေးနိုင်မလဲ။ “လူနှစ်ဦးသည် တွေ့ဆုံရန်မချိန်းဆိုဘဲ အတူ ခရီးပြုနိုင်မည်လော” ဆိုပြီး ပရောဖက်အာမုတ် မေးခဲ့သလိုပေါ့။ (အာမုတ် ၃:၃၊ ခမ) ဒါကြောင့် ကျမ်းစာမှာ “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်” လို့ တိုက်တွန်းထားပါတယ်။—ယာကုပ် ၄:၈။

ကျွန်တော်တို့ဆီ ဘုရားသခင် ချဉ်းကပ်လိမ့်မယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ။ ပထမအကြောင်းရင်းကတော့ ဘုရားသခင်က ကျွန်တော်တို့ကို ကူညီပေးချင်တယ်လို့ အကြိမ်ကြိမ် ပြောထားလို့ပဲ။ (လေးထောင့်ကွက်ကို ကြည့်ပါ။) ဒုတိယအကြောင်းရင်းက အတိတ်တုန်းကရော၊ လက်ရှိမှာပါ ဘုရားသခင့်နှစ်သိမ့်မှု ခံစားရသူတွေဆီကနေ ယုံကြည်စိတ်ချလောက်တဲ့ အထောက်အထားတွေ ကျွန်တော်တို့ဆီမှာ ရှိထားလို့ပဲ။

ဒီခေတ်က လူတွေလိုပဲ ဘုရင်ဒါဝိဒ်လည်း ပြဿနာတွေကြုံရတဲ့အခါ ဘုရားသခင့်မစမှုရဖို့ ရှာခဲ့တယ်။ တစ်ကြိမ်မှာ သူက “အကျွန်ုပ်တောင်းလျှောက်သော အသံကို နားထောင်တော်မူပါ” ဆိုပြီး ယေဟောဝါဘုရားကို အသနားခံခဲ့တယ်။ ဘုရားသခင် နားထောင်ခဲ့သလား။ နားထောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း “ငါ့ကို စောင့်မတော်မူသောကြောင့် ငါ့နှလုံးသည် ရွှင်လန်းလျက်ရှိ၏” လို့သူပြောခဲ့တယ်။—ဆာလံ ၂၈:၂၊ ၇။

ပူဆွေးသောကရောက်နေသူတွေကို နှစ်သိမ့်ပေးတဲ့ ယေရှု

လူတွေကို နှစ်သိမ့်ပေးရာမှာ ယေရှုကို အဓိကအသုံးပြုဖို့ ဘုရားသခင် ရည်ရွယ်ထားတယ်။ သူ့ကို ဘုရားပေးတဲ့ တာဝန်တွေထဲမှာ ‘နှလုံးကြေကွဲသောသူတို့၏ အနာကို စည်းပေးဖို့၊’ ‘စိတ်မသာ ညည်းတွားသောသူတို့အား နှစ်သိမ့်ဖို့’ လည်းပါတယ်။ (ဟေရှာယ ၆၁:၁၊ ၂) ကြိုဟောထားတဲ့အတိုင်းပဲ ယေရှုဟာ “ဝန်လေး၍ ပင်ပန်းသောသူ” တွေကို အလေးအနက်ထားပြီး စိတ်ဝင်စားမှု ပြခဲ့တယ်။—မဿဲ ၁၁:၂၈-၃၀။

ယေရှုက လူတွေကို အကြံဉာဏ်ကောင်းတွေပေးပြီး နှစ်သိမ့်ပေးခဲ့တယ်၊ လူတွေကို ကြင်ကြင်နာနာ ဆက်ဆံခဲ့တဲ့အပြင် အနာရောဂါတွေကိုလည်း ကုသပေးခဲ့တယ်။ တစ်နေ့မှာ အနာကြီးရောဂါသည်တစ်ယောက်က “ကိုယ်တော် အလိုရှိလျှင် ကျွန်ုပ်ကို သန့်ရှင်းစေနိုင်သည်” လို့တောင်းပန်တဲ့အခါ ယေရှုဟာ သနားစိတ်ယိုဖိတ်လာပြီး “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေ” လို့ပြောခဲ့တယ်။ (မာကု ၁:၄၀၊ ၄၁) အဲဒီလူလည်း ရောဂါပျောက်သွားတယ်။

အခုချိန်မှာတော့ ဘုရားရဲ့သား ယေရှုက ကမ္ဘာမြေပေါ်မှာ မရှိတော့တဲ့အတွက် ကျွန်တော်တို့ကို ကိုယ်တိုင်ကိုယ်ကျလာပြီး မနှစ်သိမ့်ပေးနိုင်ဘူး။ ဒါပေမဲ့ ယေရှုရဲ့ဖခင် “နှစ်သိမ့်ခြင်း ရှိသမျှတို့၏ ဘုရားသခင်” ယေဟောဝါက လိုအပ်နေသူတွေကို နှစ်သိမ့်မှုပေးနေတုန်းပါပဲ။ (၂ ကောရိန္သု ၁:၃) လူတွေကိုနှစ်သိမ့်ဖို့ ဘုရားသခင်အသုံးပြုတဲ့ အဓိကနည်းလမ်း လေးခုအကြောင်း သုံးသပ်ကြည့်ရအောင်။

  • သမ္မာကျမ်းစာ။ “ကျမ်းစာတွင် ရေးထားနှင့်သမျှသည် ငါတို့ကို ဆုံးမသွန်သင်ရန်ဖြစ်၏။ ငါတို့သည် ကျမ်းစာမှရရှိသော ခံနိုင်ရည်၊ နှစ်သိမ့်ခြင်းတို့အားဖြင့် မျှော်လင့်ခွင့်ရရှိစေရန် ထိုသို့ရေးထားရခြင်းဖြစ်၏။”—ရောမ ၁၅:၄။

  • သန့်ရှင်းသော စွမ်းအားတော်။ ယေရှုသေဆုံးပြီးနောက် ခရစ်ယာန်အသင်းတော်ဟာ နှစ်သိမ့်မှု အကြီးအကျယ် လိုအပ်ခဲ့တယ်။ အဲဒီအခါ ယေဟောဝါဘုရားက သန့်ရှင်းသော စွမ်းအားတော်အားဖြင့် သူတို့ကို နှစ်သိမ့်ပေးခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (တမန်တော် ၉:၃၁) သန့်ရှင်းသော စွမ်းအားတော်ဟာ ဘုရားသခင်အသုံးပြုတဲ့ စွမ်းအားဖြစ်ပြီး သိပ်အစွမ်းထက်တယ်။ ဘုရားသခင်က စွမ်းအားတော်ကို အသုံးပြုပြီး ဘယ်သူ့ကိုမဆို၊ ဘယ်အခြေအနေမှာမဆို နှစ်သိမ့်ပေးနိုင်တယ်။

  • ဆုတောင်းခြင်း။ “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိ” ဖို့ ကျမ်းစာမှာ အကြံပြုထားတယ်။ အဲဒီအစား “သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်” လို့ပြောထားတယ်။—ဖိလိပ္ပိ ၄:၆၊ ၇။

  • ခရစ်ယာန်ချင်းတွေ။ အခက်အခဲကြုံချိန်မှာ နှစ်သိမ့်မှုရဖို့ ကျွန်တော်တို့ မျှော်လင့်နိုင်တဲ့ မိတ်ဆွေစစ်တွေဟာ ခရစ်ယာန်ချင်းတွေပါပဲ။ တမန်တော်ပေါလုက သူ့မိတ်ဆွေတွေကို “ဆင်းရဲနွမ်းပါး၍ ဒုက္ခမျိုးစုံခံနေရ” ချိန်မှာ “အားပေးထောက်မသူများ” လို့ ဖော်ပြခဲ့တယ်။—ကောလောသဲ ၄:၁၁; ၁ သက်သာလောနိတ် ၃:၇။

ယေဟောဝါသက်သေ နှစ်ယောက်က ယုံကြည်သူချင်း​တစ်ဦးကို နှစ်သိမ့်ပေးနေ

ဒါပေမဲ့ တကယ်ကြုံရတဲ့အခါ အဲဒါတွေက နှစ်သိမ့်မှုပေးနိုင်ပါ့မလားလို့ သင်စဉ်းစားမိမှာပဲ။ ဆောင်းပါးအစပိုင်းမှာပါတဲ့ အခက်အခဲကြုံခဲ့ရသူ တချို့အကြောင်း အသေအချာ သုံးသပ်ကြည့်ကြစို့။ ဘုရားသခင်က “အမိသည် သားငယ်ကို နှစ်သိမ့်စေသကဲ့သို့ သင်တို့ကို ငါနှစ်သိမ့်စေမည်” ဆိုတဲ့ နွေးထွေးတဲ့ကတိ ပေးထားပါတယ်။ အဲဒီကတိအတိုင်း နှစ်သိမ့်ပေးနေဆဲဖြစ်မှန်း သူတို့လိုပဲ သင် သိရှိလာပါလိမ့်မယ်။—ဟေရှာယ ၆၆:၁၃။

a ယေဟောဝါဆိုတာ ကျမ်းစာမှာဖော်ပြထားတဲ့ ဘုရားသခင့်နာမည်ဖြစ်တယ်။

ဘုရားသခင် နှစ်သိမ့်ပေးမယ်ဆိုတာ ဘယ်လိုသိရသလဲ

  • ‘အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစ၍ နှစ်သိမ့်စေတော်မူ၏။’—ဆာလံ ၈၆:၁၇၊ သမ္မာ။

  • “ဘုရားသခင် မိန့်တော်မူသည်ကား ‘ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့။ နှစ်သိမ့်စေကြလော့။’”—ဟေရှာယ ၄၀:၁။

  • “ထာဝရဘုရား မိန့်တော်မူသည်ကား . . . ‘အမိသည် သားငယ်ကိုနှစ်သိမ့်စေသကဲ့သို့ သင်တို့ကို ငါနှစ်သိမ့်စေမည်။’”—ဟေရှာယ ၆၆:၁၂၊ ၁၃။

  • “ဝမ်းနည်းပူဆွေးသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် နှစ်သိမ့်မှုရကြလိမ့်မည်။”—မဿဲ ၅:၄။

  • “[ဘုရားသခင်] သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့။”—၁ ပေတရု ၅:၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ