ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၆ ဒီဇင်ဘာ စာ. ၂၉-၃၁
  • နူးညံ့သိမ်မွေ့ခြင်းဟာ ဉာဏ်ပညာလမ်းစဉ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နူးညံ့သိမ်မွေ့ခြင်းဟာ ဉာဏ်ပညာလမ်းစဉ်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဉာဏ်ပညာရှိကြောင်းပြတဲ့ နူးညံ့သိမ်မွေ့ခြင်း
  • နူးညံ့သိမ်မွေ့ခြင်း—ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ငါ့ရဲ့ဒေါသကို ဘယ်လိုထိန်းချုပ်ရမလဲ
    နိုးလော့!—၂၀၀၉
  • ‘သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိကား အဘယ်သူနည်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • နူးညံ့သိမ်မွေ့မှုကို သင့်အားသာချက် ဖြစ်စေပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
က၁၆ ဒီဇင်ဘာ စာ. ၂၉-၃၁
သူနာပြုတစ်ယောက် ​ဒေါသထွက်နေတဲ့ အမျိုးသမီးနဲ့ ​စကားပြောနေစဉ်

နူးညံ့သိမ်မွေ့ခြင်းဟာ ဉာဏ်ပညာလမ်းစဉ်ပါ

သူနာပြုတစ်ယောက်ဖြစ်တဲ့ တိုနီယာ ဘဲလ်တီးလိုက်တဲ့အခါ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ထွက်လာတယ်။ တိုနီယာကို နောက်ကျရကောင်းလားဆိုပြီး စော်ကားမော်ကား ပြောဆိုပါလေရော။ သူ့အမေအိုကို ပြုစုဖို့ တိုနီယာ ရောက်လာတာ။ တကယ်တော့ နောက်ကျတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တိုနီယာက နားလည်မှုလွဲသွားတဲ့ အမျိုးသမီးကို အေးအေးဆေးဆေးပဲ တောင်းပန်လိုက်ပါတယ်။

နောက်တစ်နေ့မှာလည်း အမျိုးသမီးက နင့်နင့်သီးသီး ပြောဆိုပြန်ရော။ တိုနီယာ ဘယ်လို တုံ့ပြန်ခဲ့သလဲ။ “တော်တော့်ကို ခံရခက်တယ်။ မဟုတ်မတရား စော်ကားတာပဲ” လို့ပြောတယ်။ ဘာပဲဖြစ်ဖြစ် တိုနီယာ ပြန်တောင်းပန်ပြီး အမျိုးသမီး တွေ့ကြုံခံစားရတဲ့ အခက်အခဲကို နားလည်ပေးကြောင်း ပြောလိုက်တယ်။

သင်သာ တိုနီယာဆိုရင် ဘယ်လို တုံ့ပြန်မိမလဲ။ နူးညံ့သိမ်မွေ့တဲ့သဘော ပြမလား။ ဒေါသကို ထိန်းရခက်နေမလား။ အဲဒီလိုအခြေအနေမျိုးမှာ တည်တည်ငြိမ်ငြိမ်ရှိဖို့ မလွယ်ဘူး။ စိတ်ဖိစီးတဲ့အခါ၊ ဒေါသအဆွခံရတဲ့အခါ နူးညံ့သိမ်မွေ့တဲ့သဘော တင်ပြဖို့ တကယ် ခက်ပါတယ်။

ဒါပေမဲ့ ခရစ်ယာန်တွေကို နူးညံ့သိမ်မွေ့တဲ့သဘော တင်ပြဖို့ ကျမ်းစာမှာ အားပေးထားတယ်။ ကျမ်းစာမှာ နူးညံ့သိမ်မွေ့ခြင်းကို ဉာဏ်ပညာနဲ့ ဆက်စပ်ထားတယ်။ “သင်တို့တွင် မည်သူသည် ပညာရှိ၍ သိနားလည်မှု ရှိသနည်း။ ထိုသူသည် ဉာဏ်ပညာမှ ဖြစ်ပေါ်လာသော နူးညံ့သိမ်မွေ့ခြင်းနှင့်တကွ အပြုအမူကောင်းဖြင့် မိမိ၏အကျင့်များကို ပြပါစေ” လို့ ယာကုပ် ပြောခဲ့တယ်။ (ယာ. ၃:၁၃) နူးညံ့သိမ်မွေ့ခြင်းဟာ ဘယ်နည်းနဲ့ အထက်မှ ဉာဏ်ပညာရဲ့ အထောက်အထား ဖြစ်သလဲ။ ဒီဘုရားရေးရာ အရည်အသွေးကို ပျိုးထောင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

ဉာဏ်ပညာရှိကြောင်းပြတဲ့ နူးညံ့သိမ်မွေ့ခြင်း

နူးညံ့သိမ်မွေ့ခြင်းက တင်းမာတဲ့အခြေအနေကို ထိန်းသိမ်းပေးနိုင်တယ်။ “ဖြည်းညင်းသောစကားသည် စိတ်ကို ဖြေတတ်၏။”—သု. ၁၅:၁။

ဒေါသတကြီး တုံ့ပြန်တာက မီးထိုးယပ်ခတ်သလိုပဲ အခြေအနေကို ပိုဆိုးသွားစေနိုင်တယ်။ (သု. ၂၆:၂၁) နူးညံ့သိမ်မွေ့စွာ တုံ့ပြန်တာကတော့ အေးဆေးတည်ငြိမ်သွားစေတတ်တယ်။ ရန်လိုနေသူတစ်ယောက်ကိုတောင် သဘောထား ပျော့ပျောင်းသွားစေနိုင်တယ်။

ဒါကို တိုနီယာ သိမြင်ခဲ့တယ်။ တိုနီယာရဲ့ နူးညံ့သိမ်မွေ့တဲ့ တုံ့ပြန်မှုကြောင့် အမျိုးသမီး မျက်ရည်ကျလာပြီး ကိုယ်ရေးကိုယ်တာနဲ့ မိသားစု ပြဿနာတွေ ဖိစီးနေတဲ့အကြောင်း ပြောပြတယ်။ တိုနီယာက ကောင်းကောင်း သက်သေခံပြီး ကျမ်းစာသင်အံမှု စနိုင်ခဲ့တယ်။ ဒါက တိုနီယာရဲ့ အေးဆေးတည်ငြိမ်တဲ့၊ သင့်မြတ်လိုတဲ့ ပြုမူပြောဆိုပုံကြောင့်ပဲ။

နူးညံ့သိမ်မွေ့ခြင်းက ပျော်ရွှင်ချမ်းမြေ့စေနိုင်တယ်။ “နူးညံ့သိမ်မွေ့သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် မြေကြီးကို အမွေရကြလိမ့်မည်။”—မ. ၅:၅။

နူးညံ့သိမ်မွေ့သူတွေဟာ ဘာကြောင့် ပျော်ရွှင်ကြသလဲ။ နူးညံ့သိမ်မွေ့တဲ့သဘောကို တင်ပြခြင်းအားဖြင့် ရန်လိုခဲ့ဖူးသူတွေဟာ အခု ပျော်ရွှင်နေကြပြီ။ သူတို့ရဲ့ဘဝ တိုးတက်ပြောင်းလဲလာပြီး သိပ်ကောင်းတဲ့အနာဂတ် စောင့်ကြိုနေတယ်ဆိုတာ သိကြတယ်။ (ကော. ၃:၁၂) စပိန်နိုင်ငံက တိုက်နယ်ကြီးကြပ်မှူး အဒေါလ်ဖိုက အမှန်တရား မသိခင် အခြေအနေကို ပြောပြတယ်။

“ကျွန်တော့်မှာ ဘဝရည်ရွယ်ချက် မရှိဘူး။ တစ်ချိန်လုံး ဒေါသထွက်နေတတ်တယ်။ သူငယ်ချင်းတချို့တောင် ကျွန်တော်ရဲ့ ဒေါသ၊ ကြမ်းတမ်းမှုကို ကြောက်နေရတယ်။ နောက်ဆုံးတော့ ပြောင်းလဲရမယ့်အချိန် ရောက်လာတယ်။ ရန်ဖြစ်လို့ ခြောက်ချက် ချုပ်လိုက်ရတယ်။ သွေးထွက်လွန်ပြီး သေလုမြောပါး ဖြစ်ခဲ့ရတယ်။”

အခုတော့ အဒေါလ်ဖိုဟာ တခြားသူတွေကို နူးညံ့သိမ်မွေ့တဲ့သဘော ရှိကြဖို့ အပြောနဲ့ရော အလုပ်နဲ့ပါ သင်ပေးနေပြီ။ သူ့ရဲ့ နွေးထွေးမှု၊ နှစ်လို့ဖွယ် ကိုယ်ရည်ကိုယ်သွေးကြောင့် လူတွေရဲ့ ချစ်ခင်မှု ရရှိနေပြီ။ ပြောင်းလဲမှုတွေ လုပ်နိုင်ခဲ့လို့ ပျော်တယ်တဲ့။ နူးညံ့သိမ်မွေ့တဲ့သဘော ပျိုးထောင်ဖို့ ကူညီပေးလို့ ယေဟောဝါကို ကျေးဇူးတင်တယ်လို့ ပြောတယ်။

နူးညံ့သိမ်မွေ့ခြင်းက ယေဟောဝါကို ပျော်ရွှင်စေတယ်။ “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကို ရွှင်လန်းစေလော့။”—သု. ၂၇:၁၁။

ယေဟောဝါဟာ ရန်သူတော်ကြီး မာရ်နတ်ရဲ့ ကဲ့ရဲ့မှုကို ခံနေရတယ်။ အဲဒီလို တမင်တကာ ကဲ့ရဲ့မှုတွေကြောင့် ယေဟောဝါ အမျက်ထွက်စရာ အကြောင်းရင်း ရှိနေပေမဲ့ “အမျက်ထွက်နှေး” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ထွ. ၃၄:၆၊ ကဘ) ဘုရားသခင်ရဲ့ အမျက်ထွက်နှေးမှု၊ နူးညံ့သိမ်မွေ့မှုကို ကြိုးစားတုပမယ်ဆိုရင် ယေဟောဝါ အလွန်နှစ်သက်တဲ့ ဉာဏ်ပညာလမ်းစဉ်ကို လိုက်လျှောက်နေတာပါပဲ။—ဧ. ၅:၁။

ဒီလောကမှာ ရန်လိုတဲ့အခြေအနေ ရှိနေတတ်တယ်။ “ဘဝင်မြင့်သူ၊ မောက်မာသူ၊ စော်ကားသူ၊ . . . အသရေဖျက်သူ၊ ချုပ်တည်းခြင်း မရှိသူ၊ ကြမ်းကြုတ်သူ” တွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ (၂ တိ. ၃:၂၊ ၃) ဒါပေမဲ့ ခရစ်ယာန်တစ်ယောက်ကို နူးညံ့သိမ်မွေ့တဲ့သဘော မပျိုးထောင်အောင် အတားအဆီး မဖြစ်စေသင့်ဘူး။ ကျမ်းစာမှာ ‘အထက်မှ ဉာဏ်ပညာမူကား သင့်မြတ်စွာ နေတတ်၏။ အကျိုးသင့်အကြောင်းသင့်သဘော ရှိ၏’ လို့ သတိပေးထားတယ်။ (ယာ. ၃:၁၇) သင့်မြတ်တဲ့သဘော၊ အကျိုးသင့်အကြောင်းသင့်သဘော တင်ပြခြင်းအားဖြင့် ကျွန်တော်တို့မှာ ဘုရားရေးရာ ဉာဏ်ပညာရှိကြောင်း ဖော်ပြကြတယ်။ အဲဒီဉာဏ်ပညာက ဒေါသအဆွခံရတဲ့အခါမှာ နူးညံ့သိမ်မွေ့စွာ တုံ့ပြန်စေပြီး ဉာဏ်ပညာရင်းမြစ်ဖြစ်တဲ့ ယေဟောဝါနဲ့ ပိုရင်းနှီးစေပါမယ်။

နူးညံ့သိမ်မွေ့ခြင်းကို ပျိုးထောင်နိုင်ပုံ

သင့်ကို တစ်ယောက်ယောက်က ခက်ခက်ထန်ထန်၊ မတော်မတရား ဆက်ဆံရင် ယေဟောဝါကို ရွှင်လန်းစေမယ့်နည်းနဲ့ စိတ်ထိန်းပြီး တုံ့ပြန်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ အောက်ပါ အဖိုးတန် ကျမ်းစာမူတွေကို ဆင်ခြင်ကြည့်ပါ။

  1. ၁ “လောကစိတ်ဓာတ်” ကို ရှောင်ပါ။—၁ ကော. ၂:၁၂။လူအများက နူးညံ့သိမ်မွေ့ခြင်းကို ပျော့ညံ့ခြင်းနဲ့ တန်းတူထားကြတယ်။ အားကြီးကြောင်းပြဖို့ ခိုင်မာပြတ်သားရမယ်၊ ရန်လိုရမယ်လို့ ယူဆကြတယ်။ အဲဒီအတွေးအခေါ်က လောကရဲ့ စိတ်ဓာတ်ကို ဖော်ပြတယ်။ ဘုရားရေးရာ ဉာဏ်ပညာ မဟုတ်ဘူး။ နူးညံ့သိမ်မွေ့တဲ့သဘောမှာ ကြီးမားတဲ့အစွမ်းခွန်အားရှိတယ်လို့ ကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ “ကြာမြင့်စွာသည်းခံလျှင် မင်းကို ဖျောင်းဖျနိုင်၏။ ချိုသောစကားသည်လည်း အရိုးကျိုးအောင်တတ်နိုင်၏။”—သု. ၂၅:၁၅။

    ဆင်ခြင်စရာ မေးခွန်းများ–

    နူးညံ့သိမ်မွေ့မှုကို ခွန်အားကြီးခြင်းလို့ ရှုမြင်သလား၊ ပျော့ညံ့ခြင်းလို့ ရှုမြင်သလား။

    ခိုက်ရန်ဒေါသ၊ ရန်လိုမှုစတဲ့ “လူ့ဇာတိနှင့်ဆိုင်သော အကျင့်များ” ကို ရှောင်ဖို့ ငါကြိုးစားသလား။—ဂလ. ၅:၁၉၊ ၂၀။

  2. ၂ အချိန်ယူ တွေးတောဆင်ခြင်ပါ။—“ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသောသူ၏ နှုတ်မူကား မကောင်းသောအရာတို့ကို သွန်းလောင်းတတ်၏။” (သု. ၁၅:၂၈) ဒေါသထွက်နေခိုက်မှာ စကားပြောမယ်ဆိုရင် နောက်ပိုင်း နောင်တရမယ့် စကားတွေ ပြောမိနိုင်တယ်။ ဒါပေမဲ့ စကားမပြောခင် စဉ်းစားတွေးတောခြင်းက စိတ်ကို တည်ငြိမ်စေတယ်၊ နူးညံ့သိမ်မွေ့စွာ တုံ့ပြန်စေတယ်၊ ကောင်းကောင်းမွန်မွန် တုံ့ပြန်စေနိုင်တယ်။

    ဆင်ခြင်စရာ မေးခွန်းများ–

    စိတ်မြန်ရင် ငါ့ကို ဘယ်လို ထိခိုက်မလဲ။

    ငြိမ်းချမ်းသင့်မြတ်ဖို့ မတရားခံရတာကို လျစ်လျူရှုလိုက်နိုင်မလား။—သု. ၁၉:၁၁။

  3. ၃ မကြာခဏ ဆုတောင်းပါ။—စကြဝဠာမှာ အကြီးမားဆုံးစွမ်းအားဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်ရဖို့ ဆုတောင်းပါ။ (လု. ၁၁:၁၃) စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးမှာ နူးညံ့သိမ်မွေ့ခြင်းနဲ့ ချုပ်တည်းခြင်းတို့ ပါဝင်ကြောင်း သတိရပါ။ “ယေဟောဝါဆီ စွဲစွဲမြဲမြဲ ဆုတောင်းတာက ကျွန်တော့်ကို အထောက်အကူ ပြုခဲ့တယ်။ အထူးသဖြင့် တင်းမာတဲ့အခြေအနေမျိုးမှာ ဖြစ်တယ်” လို့အဒေါလ်ဖို ပြောပြတယ်။ “ဆုတောင်းခြင်း၌ စွဲမြဲ” မယ်ဆိုရင် စွမ်းအားတော်ရဖို့ ထက်ထက်သန်သန် ဆုတောင်းတာကို ယေဟောဝါ အဖြေပေးပါလိမ့်မယ်။—ရော. ၁၂:၁၂။

    ဆင်ခြင်စရာ မေးခွန်းများ–

    ငါ့စိတ်နှလုံး၊ စိတ်ရင်းသဘောကို စစ်ဆေးဖို့ ယေဟောဝါဆီ ငါမှန်မှန် ဆုတောင်းသလား။

    ဘုရား နှစ်သက်မယ့်နည်းနဲ့ ပြုမူဖို့ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဉာဏ်ပညာကို ငါတောင်းခံသလား။—ဆာ. ၁၃၉:၂၃၊ ၂၄။ ယာ. ၁:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ