ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၄ စာ. ၃
  • တမလွန်ဘဝရှိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တမလွန်ဘဝရှိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • တမလွန်ဘဝ—လူတို့ယုံကြည်ရာကားအဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • စိုးလ်အတွက် သာ၍ကောင်းသောမျှော်လင့်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • သေခြင်း
    နိုးလော့!—၂၀၁၅
  • စိုးလ်သည် မသေနိုင်သောအရာဖြစ်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၄ စာ. ၃
အမျိုးသမီးတစ်ယောက် ဖယောင်းတိုင်ရှေ့မှာ ပုတီးစိပ်နေ

လူမှာ မသေနိုင်တဲ့ဝိညာဉ် ရှိတယ်လို့ ဘာသာအားလုံးနီးပါး ယုံကြည်ကြ

မျက်နှာဖုံးအကြောင်းအရာ | လူသေရင် ဘာဖြစ်သွားသလဲ

တမလွန်ဘဝ ရှိပါသလား

လူသေရင် ဘာဖြစ်သွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ယူဆချက်အမျိုးမျိုး ရှိကြတယ်။ သေဆုံးပြီးတဲ့နောက် တစ်နေရာရာမှာ ပုံစံတစ်မျိုးနဲ့ ဆက်အသက်ရှင်မယ်၊ နောက်တစ်ဘဝကို ကူးပြောင်းသွားမယ်လို့ ယူဆကြတယ်။ သေခြင်းဟာ ဘဝရဲ့ ထာဝရနိဂုံးလို့ ယူဆသူတွေလည်း ရှိတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သင့်ရဲ့ ကြီးပြင်းလာပုံ၊ ယဉ်ကျေးမှုနောက်ခံပေါ် မူတည်ပြီး ကိုယ်ပိုင်ယူဆချက် ရှိနိုင်တယ်။ သေတဲ့အခါ ဘာဖြစ်သွားတယ်ဆိုတာနဲ့ ပတ်သက်လို့ ယူဆချက်အမျိုးမျိုး ရှိတဲ့အတွက် ယုံကြည်စိတ်ချရတဲ့ အဖြေမှန်ကို တစ်ယောက်ယောက်ဆီက၊ တစ်နေရာရာဆီက ရနိုင်သလား။

လူမှာ မသေနိုင်တဲ့ဝိညာဉ် ရှိတယ်ဆိုတဲ့ အယူကို ဘာသာရေးခေါင်းဆောင်တွေ သင်ပေးခဲ့တာ နှစ်ပေါင်းရာနဲ့ချီရှိပြီ။ ခရစ်ယာန်၊ ဟိန္ဒူ၊ ဂျူး၊ မွတ်စလင်နဲ့ တခြားဘာသာဝင်အားလုံးနီးပါးက လူမှာ မသေနိုင်တဲ့ဝိညာဉ် ရှိတယ်၊ လူသေပြီးနောက် ဝိညာဉ်ဘုံမှာ ဆက်အသက်ရှင်တယ်လို့ ယုံကြည်ကြတယ်။ ဗုဒ္ဓဘာသာဝင်တွေကျတော့ အကြိမ်ကြိမ် ဘဝကူးပြောင်းပြီးနောက် ဒုက္ခအားလုံး ချုပ်ငြိမ်းသွားမယ်လို့ ယုံကြည်ကြတယ်။ အဲဒီအခြေအနေကို နိဗ္ဗာန်လို့ ခေါ်တယ်။

သေသွားတဲ့ ချစ်ရသူတွေအတွက် အစားအစာချထားပေး

အဲဒီသွန်သင်ချက်တွေကြောင့် ကမ္ဘာတစ်ဝန်းရှိ လူအများစုက သေတယ်ဆိုတာ နောင်ဘဝကို ကူးပြောင်းသွားတာလို့ ယုံကြည်ကြတယ်။ ဒါကြောင့် သေခြင်းဆိုတာ ဘဝသံသရာမှာ အရေးကြီးတဲ့အဆင့်ပဲ၊ ဘုရားရဲ့အလိုတော် ဖြစ်တယ်လို့ လူအများ ယူဆကြတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ။ နောက်ဆောင်းပါးကို ဖတ်ကြည့်ပါ။ ရလာတဲ့အဖြေကြောင့် သင် အံ့သြရပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ