ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၉ အမှတ် ၂ စာ. ၃
  • မခံရပ်နိုင်အောင် ဖြစ်လာတဲ့အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မခံရပ်နိုင်အောင် ဖြစ်လာတဲ့အခါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • မခံမရပ်နိုင်တော့ဘူးလို့ ခံစားရတဲ့အခါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ချစ်ခင်ရသူ သေဆုံးသွားတဲ့အခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • သဘာဝဘေး ကျရောက်တဲ့အခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • အဖြစ်ဆိုး ကြုံရတဲ့အခါ
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
ကလ၁၉ အမှတ် ၂ စာ. ၃
အမျိုးသမီးတစ်ယောက် အလုပ်ခွင်မှာ ငိုနေစဉ်

မခံရပ်နိုင်အောင် ဖြစ်လာတဲ့အခါ

အရာရာ အဆင်ပြေနေတဲ့အခါ ဘဝဟာ ပျော်ရွှင်ချမ်းမြေ့မှုအတိပါပဲ။ ဒါပေမဲ့ အခြေအနေတွေကြောင့် ဘဝဟာ မခံရပ်နိုင်လောက်အောင် ခက်ခဲနေရင်ကော။

ဥပမာ၊ အမေရိကန်ပြည်ထောင်စုက ဆယ်လီaဟာ ဟာရီကိန်းမုန်တိုင်းကြောင့် ပိုင်ဆိုင်ရာ အားလုံးနီးပါး ဆုံးရှုံးသွားတယ်။ “ဘယ်လို ရှေ့ဆက်ရမှန်း မသိတော့ဘူး။ ရက်အတော်ကြာတဲ့အထိ စိတ်ပျက်လက်ပျက် ဖြစ်နေမိတယ်” လို့ သူပြောတယ်။

ချစ်ခင်ရသူ ဆုံးပါးသွားရင်ကော။ ဩစတြေးလျက ဂျဲနစ် ဒီလိုပြောပြတယ်– “သားနှစ်ယောက်စလုံး ဆုံးပါးသွားတော့ ကျွန်မဘဝ ကြေမွပျက်စီးသွားသလို ခံစားရတယ်။ ‘ကျွန်မ ရင်ကွဲမတတ် ခံစားနေရတယ်။ အိပ်စက်အနားယူခွင့် ပေးပါ။ ပြန်နိုးမထချင်တော့ဘူး’ လို့ ဘုရားဆီ ဆုတောင်းခဲ့တယ်။”

ဒေနီယယ်ကျတော့ ဇနီးသည် ဖောက်ပြန်သွားလို့ စိတ်ထိခိုက်နေတယ်။ “ကျွန်တော့်ဇနီးက ဖောက်ပြန်မိသွားတယ်လို့ ဝန်ခံတဲ့အခါ ကျွန်တော့်ရင်ကို ဓားနဲ့ ထိုးသွင်းလိုက်သလိုပဲ။ နာကျင်မှု ထပ်ခါထပ်ခါ ခံစားရတယ်။ လအတော်ကြာ ခံရတယ်” လို့ သူရှင်းပြတယ်။

ဒီကင်းမျှော်စင် စာစောင်က အောက်ပါအခြေအနေတွေမှာတောင် အသက်ရှင်ရကျိုး နပ်နိုင်ပုံကို သုံးသပ်သွားပါမယ်။

  • သဘာဝဘေး ကျရောက်တဲ့အခါ

  • ချစ်ခင်ရသူ သေဆုံးသွားတဲ့အခါ

  • အိမ်ထောင်ဖက် ဖောက်ပြန်သွားတဲ့အခါ

  • ရောဂါဆိုး ခံစားရတဲ့အခါ

  • ဘဝဟာ မခံရပ်နိုင်အောင် ဖြစ်လာတဲ့အခါ

အရင်ဆုံး သဘာဝဘေးနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်သလဲ။

a ဆောင်းပါးတွေမှာ နာမည်တချို့ ပြောင်းထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ