သတင်းကောင်းဝေငှခြင်း—ဝေစာများနှင့်
၁ “ကျွန်တော်.ကိုဝေစာတစ်ခုကမ်းပေးခဲ့သော အမျိုးသမီးတစ်ဦးအနီးမှဖြတ်သွားခဲ့သည်။ ယင်းက ‘ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာ’ ဖြစ်သည်။ ၄င်းကိုမဖတ်မီက အလွန်စိတ်အားငယ်နေသည်။ ဖတ်ပြီးနောက်မူ အားတက်၍စိတ်ငြိမ်သက်မှုရလိုက်သည်။ ယခု ကျွန်တော်သိလိုရာများရှိ၍ သင်တို့ထံမှ ‘သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်’ စာအုပ်ကိုဖတ်လိုပါသည်” ဟုအသင်းမထံ အမျိုးသားတစ်ဦးစာရေးအကြောင်းကြားခဲ့သည်။
၂ ယနေ့ယေဟောဝါကိုချီးမွမ်းနေသူများစွာသည် ဝေစာများနှင့်၄င်းတို့ပါ သမ္မာကျမ်းစာမှသတင်းတရားကိုဖတ်ရှုပြီးနောက် ဝိညာဏခံတွင်းစူးရှထက်မြက်လာခဲ့သည်။ သင့်ဓမ္မအမှုတွင် ဝေစာများကိုအသုံးပြုနေပါသလော။ အသုံးပြုသူများပါသည်။ မြန်မာပြည်တွင်ပင် ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာ တစ်မျိုးတည်းကို ၁၀၀၀၀၊ အခြားဝေစာသုံးမျိုးဖြစ်သည့် သမ္မာကျမ်းစာကို သင်စိတ်ချနိုင်သည့် အကြောင်းရင်း၊ ယေဟောဝါသက်သေများ ယုံကြည်ချက်ကားအဘယ်နည်း၊ ချစ်မြတ်နိုးရသောသေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက်ရှိသနည်း တို့ကိုလည်း ၁၀၀၀၀ စီပုံနှိပ်ထားပါသည်။
၃ ဤလိုရင်းတိုးရှင်းသတင်းပေးချက်များပါ ဘုရားသခင့်နှုတ်ကပတ်တော်တန်ခိုးကို ဘယ်သောအခါမျှအထင်မသေးသင့်ပါ။ (ဟေ၊ ၄:၁၂။ ဇာခရိ ၄:၁၀၊ ယာကုပ် ၃:၄၊ ၅ နှင့်နှိုင်းယှဉ်ပါ။) အဲရီဇိုနာမှသက်သေခံတစ်ဦး ဤသို့ရေးသည်။ “ကင်းမျှော်စင်အသင်းထုတ်ဝေသည့် ဝေစာအစုံကို အကျွန်ုပ်ဖတ်ရှုခဲ့သည်။ နောက်ဆုံး သမ္မာတရားရသည်။” သူဤသို့ဆက်ရှင်းပြသည်။ “ဤအလောတကြီးလောကတွင် လူအများအချိန်ကုန်ပြီးခံစာဖတ်မနေလိုကြပါ။ ဤဝေစာများသည် လူတို့အား ချထားပစ်စေရန် ရှည်လွန်းသည်မဟုတ်၊ အရေးကြီးသတင်းကိုတင်ပြရန် အတော်အသင့်သာဖြစ်သည်။
ပထမအကြိမ်တွေ့ဆုံချိန်
၄ ဝေစာများပေးခြင်းသည် စကားစမြည်စရန် ထိရောက်သောနည်းဖြစ်သည်ဟု ကြေညာသူအချို့သတိထားမိသည်။ ဝေစာကမ်းလိုက်ခြင်းအားဖြင့် အိမ်တံခါးမဖွင့်ပေးလိုသောအိမ်ရှင်သည် နောက်ဆုံးတံခါးဖွင့်ပေမည်။ ယင်းက ကျွန်ုပ်တို့၏လုပ်ငန်းနှင့်ရည်ရွယ်ချက်ကိုဆွေးနွေးတင်ပြနိုင်ရန် လမ်းဖွင့်စေမည်။
၅ အိမ်ရှင်တစ်ဦး အလုပ်များနေပုံ၊ စိတ်အနှောင့်အယှက်ဖြစ်နေပုံရှိလျှင် ဝေစာကအသင့်တော်ဆုံးဖြစ်မည်။ အမျိုးသမီးတစ်ဦးသည် လူသေများအတွက်မျှော်လင့်ချက်ဝေစာကြောင့် နှစ်သိမ့်မှုရရှိခဲ့သဖြင့် တိုးသိနားလည်လိုကြောင်း အသင်းမထံစာရေးအကြောင်းကြားခဲ့သည်။ အိမ်တွင်လူမရှိလျှင် လူသွားလူလာမတွေ့မြင်နိုင်သည့်နေရာတွင် အိမ်ရှင်အတွက် ဝေစာထားရစ်ခဲ့နိုင်သည်။
ပြန်လည်ပတ်မှုများတွင်
၆ စိတ်ဝင်စားမှုအနည်းအကျဉ်းပြသခဲ့သူထံ ပြန်လည်ပတ်သွားရာတွင် ဤသို့ပြောနိုင်သည်။ “နေကောင်းလား ဦး _____________________ ။ ပြန်တွေ့ရသည့်အတွက် ဝမ်းသာသည်။ ပထမတွေ့ဆုံခဲ့ချိန်က ကျမ်းစာအကြောင်း ဦး _____________________ အချိန်ပေးစကားစမြည်ပြောဆိုခဲ့သည်ကို သတိရနေပါသည်။ ဦး _____________________ စိတ်ဝင်စားမည်ထင်သည့် အကြောင်းယူခဲ့သည်။ ဤဝေစာ ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာ တွင်ပါသည်။ လူသားအတွက် စစ်မှန်၍မြဲမြံသောငြိမ်းချမ်းရေးကျမ်းစာကတိတော်အကြောင်း ဆွေးနွေးခဲ့သည်ကိုသတိရပေမည်။ သို့သော် ဤကတိပြုချက်များအကြောင်း ဖတ်ရှုသည့်အခါ ကောင်းကင်၌သာဟု အများယူဆကြသည်။ ဆာလံ ၃၇:၂၉ အရ ဤကောင်းချီးများသည် ကမ္ဘာမြေကြီးပေါ်ဖြစ်မည်။ [ကျမ်းချက်ကိုဖတ်၊ ဝေစာတွင်ပြ] စိတ်ဝင်စားစရာမဟုတ်သလော။ [အပိုဒ်အချို့ကိုဆွေးနွေး] ဤဝေစာတွင် အားယူစရာကျမ်းချက်များ ရှိပါသေးသည်။ နောင်တစ်ကြိမ်လာသည့်အခါ ဤအချိန်ကဲ့သို့ ဆက်ဖတ်ကြည့်ကြစို့။”
၇ ကျွန်ုပ်တို့ဝေစာများသည် ယေဟောဝါထံမှဆုလာဘ်များဖြစ်သည်အမှန်။ ကိုယ်တော်ဘုန်းတော်ထင်ရှားပြီး ကျွန်ုပ်တို့လည်း ထာဝရကောင်းချီးများခံစားရရန် ဓမ္မအမှုကိုထိရောက်စွာဆောင်ရွက်စဉ် ဤတန်ဖိုးရှိအကူအညီများကို ကျွမ်းကျင်စွာအသုံးပြုကြစို့။—သု၊ ၂၂:၂၉။