ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၉၀ စာ. ၁-၃
  • ထူးခြားသော မဂ္ဂဇင်းများကို အထူးဖေါ်ပြခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထူးခြားသော မဂ္ဂဇင်းများကို အထူးဖေါ်ပြခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တိုး၍ ပါဝင်ခြင်း
  • ကိုယ်ပိုင်ပန်းတိုင်ထားပါ
  • မဂ္ဂဇင်းများက နိုင်ငံတော်ကိုကြေညာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • သင်၏ဓမ္မအမှုတွင် မဂ္ဂဇင်းများဝေငှပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • မဂ္ဂဇင်းလုပ်ငန်းအတွက် အချိန်ကန့်သတ်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ကင်းမျှော်စင် နှင့် နိုးလော့!—သမ္မာတရားဂျာနယ်များ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၃/၉၀ စာ. ၁-၃

ထူးခြားသော မဂ္ဂဇင်းများကို အထူးဖေါ်ပြခြင်း

၁ ဧပြီနှင့် မေလ အင်္ဂလိပ်ကင်းမျှော်စင် နှင့် Awake! များတွင် သာယာရွှင်လန်းသော အနာဂတ်ရလိုသူတိုင်းအတွက် အထူးစိတ်ဝင်စားဖွယ်ရာအကြောင်းများ ပါရှိမည်။ ဥပမာ၊ “ငြိမ်သက်မှုသို့ လူသားတို့ကို မည်သူဦးဆောင် ပေးမည်နည်း” နှင့် “ကမ္ဘာ့ငြိမ်းချမ်းရေး​—အမှန်အတိုင်း မည်သို့နည်း” ဟူသည့် အကြောင်းများသည် ဧပြီ ၁ နှင့် ဧပြီ ၁၅ ရက်ထုတ် အင်္ဂလိပ် ကင်းမျှော်စင်များတွင်ပါမည်။ ဤမေးခွန်းတို့၏ အဖြေမှန်ကို သိသူနည်းသည်။ သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့အား ဇဝေဇဝါမဖြစ်စေပါ။ (အာ၊ ၃:၇) စိတ်နှလုံးရိုးမှန်သူ သန်းပေါင်းများစွာတို့လည်း အဖြေမှန်ကို ရလိုကြပေမည်။

၂ ဧပြီနှင့် မေလထုတ် Awake! များတွင် “အသက်တိုးရှည်ရန် အဘယ်မျှော်လင့်ချက်ရှိသနည်း၊” “စင်ကြယ်သော ကမ္ဘာမြေကြီး​—ယင်းကိုတွေ့ရှိနိုင်ပါမည်လော” နှင့် “သေနတ်များ မသုံးသည့်လောက​—ဖြစ်နိုင်မည်လော” အကြောင်းများပါသည်။ ဤဆောင်းပါးများကို သင့်ရပ်ကွက်နေသူများ ဖတ်ခွင့်ရထိုက်သည်ဟု သဘောတူပါသလော။

တိုး၍ ပါဝင်ခြင်း

၃ ဧပြီနှင့် မေလတွင် ထွက်လာမည့် မဂ္ဂဇင်းများကို ဝေငှပေးရန် ယခုကတည်းက ပြင်ဆင်ထားသင့်သည်။ မဂ္ဂဇင်းဝေငှရန် ယခင်ကထက် အချိန်ပိုပေးနိုင်ရန် စီစဉ်ပါ။ ဤကဲ့သို့သော သင့်လျော်သည့်အကြောင်းများကို တင်ပြထားရာ မဂ္ဂဇင်းများကို စိတ်ချလက်ချ ဇွဲရှိရှိ ဝေငှနိုင်ကြပါသည်။

၄ မဂ္ဂဇင်းတိုး၍ ဝေငှနိုင်ရန် အဘယ်အကူအညီရှိသနည်း။ ဦးဆုံးအနေနှင့် မဂ္ဂဇင်းများကို စေ့ငစွာဖတ်ရှုရမည်။ မဂ္ဂဇင်းများကို ကိုယ်တိုင်ကောင်းစွာ လေ့လာထားမည်ဆိုလျှင် ယင်းတို့ကိုဝေငှရန် ပို၍စိတ်ထက်သန်မည်။ ဖတ်ရှုနေစဉ် ဆောင်းပါးအသီးသီးတွင် ပေါ်လွင်စေရန် အချက်များကို ရှာယူသင့်သည်။ လူအချို့စိတ်ဝင်စားမည့် အကြောင်းကားအဘယ်နည်း။ မိမိကိုယ်ကိုမေးသင့်သည်ကား ‘ဤဆောင်းပါးများကို မည်သူတို့ အထူးစိတ်ဝင်စားမည်နည်း။ အိမ်နီးချင်း၊ အသိအကျွမ်း၊ စီးပွားရေးသမား၊ ကျောင်းသားအစရှိသူများ အဘယ်အကြောင်းကို နှစ်သက်မည်နည်း။’ တကယ်ထိရောက်ရန် အချိန်အားလျော်စွာ ထုတ်ဝေထားသည့် မဂ္ဂဇင်းဆောင်းပါးများကို ကိုယ်တိုင်သဘောပေါက်နားလည်ကာ ထောက်ခံပေးနိုင်သင့်သည်။

ကိုယ်ပိုင်ပန်းတိုင်ထားပါ

၅ ဧပြီနှင့်မေလတွင် မဂ္ဂဇင်းဝေငှခြင်းနှင့်စပ်လျဉ်း၍ ကိုယ်ပိုင်ပန်းတိုင်များ ထားလိုမည်။ ထိုသို့ပြုလုပ်မည်ဆိုလျှင် မဂ္ဂဇင်းအလုံအလောက် မှာယူထားပါ။ အထူးသဖြင့် ဤလများတွင်း အရံရှေ့ဆောင်လိုပါက ထိုသို့ချက်ခြင်းပြုလုပ်သင့်သည်။ သို့မှသာ လိုအပ်သည့်အချိန်တွင် မဂ္ဂဇင်းပိုပိုလိုလိုရှိနေရန် အသင်းတော်အနေနှင့် ကြိုတင်မှာယူထားနိုင်မည်။

၆ တစ်အိမ်မှတစ်အိမ်လုပ်ငန်းအပြင် မဂ္ဂဇင်းများဝေငှနိုင်သည့် အခြားနည်းများလည်းရှိပါသေးသည်။ လမ်းပေါ်သွားလာသူ၊ သို့မဟုတ် စီးပွားလုပ်ငန်းဌာနများတွင် မဂ္ဂဇင်းဝေငှနိုင်သည်။ မဂ္ဂဇင်းလမ်းကြောင်းများရှိသည့် ညီအစ်ကိုများရှိသည်။ စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုပြုသည့်အခါ နောက်ဆုံးထုတ်မဂ္ဂဇင်းများကို ဝေငှနိုင်သည်။ အလွတ်သဘောသက်သေခံခြင်းဖြင့်လည်း မဂ္ဂဇင်းများ ဝေငှနိုင်ပါသည်။ တစ်ခါတစ်ရံ ဆွဲဆောင်မှုရှိမျက်နှာဖုံးများကိုပြခြင်းဖြင့် စကားစမြီစနိုင်ပြီး မဂ္ဂဇင်းဝေငှနိုင်မည်။

၇ ကျွန်ုပ်တို့ မဂ္ဂဇင်းများ ထူးခြားကြောင်း သတိရပါ။ ယင်းတို့သည် ငြိမ်သက်မှု၊ ပျော်ရွှင်မှု နှင့် ထာဝရအသက်သို့ လမ်းညွှန်ပေးသည်။ (ယော၊ ၁၇:၃) ထိုကြောင့် ဧပြီနှင့် မေလထုတ် အင်္ဂလိပ်ကင်းမျှော်စင် နှင့် Awake! မဂ္ဂဇင်းများ၌ ထုတ်ဝေမည့် ထူးခြားသော ဆောင်းပါးများနှင့် ပိုအလုပ်လုပ်နိုင်ကြရန် ယခုကတည်းက စီစဉ်ထားပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ