ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၃ စာ. ၁
  • မဂ္ဂဇင်းလုပ်ငန်းအတွက် အချိန်ကန့်သတ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မဂ္ဂဇင်းလုပ်ငန်းအတွက် အချိန်ကန့်သတ်ပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်၏ဓမ္မအမှုတွင် မဂ္ဂဇင်းများဝေငှပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို အကောင်းဆုံးနည်းဖြင့် အသုံးပြုပါ
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • မဂ္ဂဇင်းများက နိုင်ငံတော်ကိုကြေညာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ထူးခြားသော မဂ္ဂဇင်းများကို အထူးဖေါ်ပြခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၁၂/၉၃ စာ. ၁

မဂ္ဂဇင်းလုပ်ငန်းအတွက် အချိန်ကန့်သတ်ပါ

၁ ယေဟောဝါ၏လမ်းစဉ်ကို လိုက်လျှောက်သူများအတွက် ‘ငြိမ်ဝပ်ခြင်း၊ နောင်ရေးတစ်ခုနှင့် မျှော်လင့်ချက်တစ်ခု’ ရှိစေရန် ကိုယ်တော်ကြံစည်ထားတော်မူပြီ။ (ယေ. ၂၉:၁၁) ဤအလားအလာအကြောင်းကို အချိန်မီတင်ပြထားသည့် ကင်းမျှော်စင်နှင့်နိုးလော့! ကသိရှိစေပါသည်။ ဤမဂ္ဂဇင်းများသည် မည်သည့်အခြေအနေမျိုးတွင်မဆိုရှိ လူအသီးအသီးအား အကျိုးပြုနိုင်ပါသည်။ (၁ တိ. ၂:၄) သင်နှင့်သင့်မိသားစုသည် မဂ္ဂဇင်းများကို မှန်မှန်ဖြန့်ချိပေးရန် အချိန်ကန့်သတ်ထားပါသလော။

၂ အသင်၏ မဂ္ဂဇင်းဝေငှသည့်စောင်ရေ ကျဆင်းနေမည်ဆိုလျှင် ယင်းကို မည်သို့ပြုပြင်နိုင်မည်နည်း။ မဂ္ဂဇင်းများပါ အကြောင်းအရာများအပေါ် တန်ဖိုးထားမှုအမြဲရှင်သန်နေရန် အရေးကြီးသည်။ အမျိုးသားတစ်ဦးက “သင်တို့၏မဂ္ဂဇင်းများကို ဖတ်ရှုရခြင်းသည် အမှန်ပျော်ရွှင်စရာဖြစ်သည်။ ယင်းတို့သည် အရည်အချင်းညံ့ဖျင်းသည့် အပေါစား ‘ဖြေသိမ့်ရာများ’ မဟုတ်ဘဲ ဘဝမှာ အဓိပ္ပာယ်ရှိစေရန် လမ်းပြညွှန်ကြားချက်များ ပါရှိသည့်စာပေများဖြစ်သည်” ဟုစာရေးအကြောင်းကြားခဲ့ပါသည်။ ကင်းမျှော်စင်နှင့်နိုးလော့! သည် “သစ္စာနှင့်သတိပညာရှိကျေးကျွန်” ၏အသေအချာ စိစစ်လေ့လာပြီး ပြင်ဆင်ပေးထားသည့် စာစောင်များဖြစ်သည်။ (မ. ၂၄:၄၅) လူ့နှလုံးကို ထိမိရန် အကျိုးပြုသောလက်နက်များ ဖြစ်ပါသည်။

၃ သင်ဝေငှနေသည့်မဂ္ဂဇင်းများပါ ဆောင်းပါးများကို အကျွမ်းတဝင်ရှိပါ။ သင့်ရပ်ကွက်၏ လက်ရှိပြဿနာများကို ဖြေရှင်းနည်းနှင့်ဆိုင်သောအချက်များကို သတိပြုပါ။ အိမ်ပေါက်ဝ၊ သို့မဟုတ် လမ်းပေါ်တွင် တွေ့ဆုံမည့် အမျိုးသား၊ အမျိုးသမီး၊ လူငယ်များနှင့် စကားပြောဆိုရာတွင် အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ထားလျှင် ကောင်းပေမည်။ မဂ္ဂဇင်းများသည် တစ်ဦးချင်းစီနှင့် မိသားစုလိုက်အတွက် မည်သို့သက်ဆိုင်ကြောင်း တင်ပြရန် အသင့်ရှိပါ။

၄ မဂ္ဂဇင်းများကို အာရုံစိုက်ပါ– မဂ္ဂဇင်းနှင့်သက်သေခံခြင်းသည် သင်၏လယ်ကွင်းလုပ်ငန်းအစီအစဉ်၌ အရေးကြီးကဏ္ဍတွင် ပါဝင်သင့်သည်။ မဂ္ဂဇင်းများကို ဝေငှနိုင်သည့် အကောင်းဆုံးအချိန်များကား အဘယ်အချိန်နည်း။ အသင်းတော်စာအုပ်ကြီးသင်တန်းမတိုင်မီ မွန်းလွဲပိုင်း သို့မဟုတ် ညနေပိုင်းတွင်တစ်နာရီခန့် တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ ပါဝင်ခြင်းကို စမ်းသပ်ကြည့်ဖူးပါသလော။ အချို့နေရာများတွင် ညနေချိန်သက်သေခံခြင်းမှ အကျိုးများစွာ ရရှိခဲ့ပြီ။ စနေနေ့တွင် မဂ္ဂဇင်းများကို နည်းအမျိုးမျိုးဖြင့် ဝေငှနိုင်ပါသည်။ သို့သော် အခြားနေ့ရက်များတွင်လည်း ယင်းလုပ်ငန်းကို လုပ်ကိုင်နိုင်ပါသည်။ မဂ္ဂဇင်းနေ့လုပ်ငန်းတွင် တစ်အိမ်မှတစ်အိမ် နှင့် တစ်ဆိုင်မှတစ်ဆိုင်လုပ်ငန်းကို မှန်မှန်ပြုလုပ်သင့်သည်။

၅ တစ်ဦးစီသည် လထုတ်တိုင်း ဝေငှမည့်မဂ္ဂဇင်းအတွက် ပုံမှန်အရေအတွက် ထားရှိသင့်သည်။ ဤမဂ္ဂဇင်းများသည် သင့်အသင်းတော်ထံ မှန်မှန်ရောက်လာပါလိမ့်မည်။ ယင်းတို့ကိုရရှိသည်နှင့် လယ်ကွင်းလုပ်ငန်းတွင် ချက်ချင်းအသုံးပြုသင့်သည်။ လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်ပါဝင်မည်ဆိုလျှင် ကုန်သွားပါလိမ့်မည်။ တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ ဝေငှသည့်အပြင် ပြန်လည်ပတ်မှုများ၊ ကျမ်းစာသင်အံမှုများ၊ သင့်အလုပ်ခွင်နှင့်ကျောင်း၊ အလွတ်သဘောသက်သေခံခြင်းတို့တွင် ဝေငှရန်ကြိုးစားပါ။

၆ အထက်ပါအကြံပြုချက်များကို ကျင့်သုံးခြင်းအားဖြင့် သင်ဝေငှနိုင်သည့် မဂ္ဂဇင်းစောင်ရေ တိုးများလာသည်ကို တွေ့ရှိရမှာ သံသယရှိစရာမလိုပေ။ လက်ရှိဆိုးသွမ်းသောအစီအစဉ်စနစ်တွင် ဘဝဖိစီးမှုများကို ခံနေရသော စိတ်နှလုံးရိုးဖြောင့်သူတို့သည် ကင်းမျှော်စင်နှင့်နိုးလော့!များပါ လန်းဆန်းမှုပေးသောအကြောင်းစုံကို တန်ဖိုးထားကြပါသည်။ ဤမဂ္ဂဇင်းများသည် ယေဟောဝါ၏မျက်နှာသာရရန် ရှာဖွေသူများ လိုအပ်သည့်ဝိညာဏအစာကို အမှန်ပေးစွမ်းနိုင်ပါသည်။ ထိုကြောင့် မဂ္ဂဇင်းများကို အာရုံစိုက်ပါ။ သင့်ရပ်ကွက်တွင် ဤတန်ဖိုးရှိစာပေများကို တိုး၍ဝေငှနိုင်သည့်နည်းမျိုးစုံကို ရှာဖွေနေပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ